"ဘုရားကိုရောက်ပါပြီဗျ ဆင်းလို့ရပါပြီ"သွေးသစ်ကကားပေါ်မှဆင်းရန်လောဆော်လိုက်သည်။ထို့နောက်အသီးသီးဆင်းလာကြသည်။ဘုရားဖူးရန်စောင်းတန်းထဲသို့အသီးသီးဝင်လာကြသည်။ဘုရားဖူးပြီးကြပြီးသွေးသစ်နဲ့သူခန့်တို့ကသူတို့ရဲ့အလုပ်ကိုစတင်လုပ်ကြတော့သည်။သူခန့်ကတော့ဘုရားကိုတည်ခဲ့ပုံနဲ့သမိုင်းကြောင်းကိုရှင်းပြပြီးတော့သွေးသစ်ကတော့ရွှေစည်းခုံစေတီတော်ကြီးရဲ့တန်ခိုးအာနုဘော်တို့အကြောင်းကိုရှင်းပြသည်။ပြီးတော့ရွှေစည်းခုံစေတီတော်ကြီးရဲ့အထင်ကရတစ်ခုဖြစ်တဲ့မြင်းရုပ်ထုအကြောင်းကိုဆက်၍ရှင်းပြလေသည်။ထို့နောက်ဘုရားစောင်းတန်းမှာရှိတဲ့ဈေးဆိုင်တွေကိုလှည့်ပတ်၍ကြည့်ကြလေသည်။
"မင်းပြောလိုက်လေကွာ"
ဟိန်းမြတ်ဆီကလေသံခပ်တိုးတိုးဖြစ်သည်။"လုပ်ပါမင်းပြောလိုက်ပါကွာ"
ရတုဆီမှထွက်လာသောလေသံခပ်တိုးတိုး"မင်းပြောလိုက်လဲရရဲ့သားနဲ့ကိုကွာ အလုပ်ကိုရှုပ်တယ်"
ဟိန်းမြတ်ကဆူဆူပုတ်ပုတ်နဲ့ပြန်ပြောသည်။"မင်းတို့နှစ်ကောင်ဘာဖြစ်နေကြတာလဲ" ကွန်းကမေးလိုက်ခြင်းဖြစ်သည်။မေးမှလဲဖြစ်မည်။စကားကို တိုးတိုး တိုးတိုးနဲ့ဘာတွေပြောနေကြမှန်းမသိ။
ထိုအခါမှရတုက
"ဟို ငါဗိုက်ဆာလို့ကွာမနက်ကအိပ်ယာထနောက်ကျထားတော့ဘာမှမစားရသေးဘူးမလား အဲတာကြောင့်"
"မင်းကွာ ဒါလေးပြောတာကို မင်းပြောငါပြောလုပ်နေကြတယ် နားညီးအောင်" ကွန်းကဆူသလိုပြောလာသည်။
"အေးကွာ ငါပြောချင်တာအဲတာဒီကောင်တစ်ခါတလေဘာမှန်းကိုမသိတာပါကွာ"ဟိန်းမြတ်ကလဲဝင်ထောက်ခံသည်။
"အာ ဒီကအကိုတို့ကဗိုက်ဆာလို့လားဗျ" သွေးသစ်ကမနေနိုင်စွာဝင်မေးသည်။
"ဟုတ်ကဲ့ဗျ" ရတုကပြန်ဖြေသည်။
"ဪ ဒါဆိုကျွန်တော်ဒီနားမှာဆိုင်ကောင်းကောင်းတစ်ဆိုင်သိတယ်ဗျ"သူခန့်ကဝင်ဖြေသည်။
"ဒါဆိုသွားရအောင်လေ"ရတုကတက်ကြွစွာပင်ပြန်ပြောသည်။
"ဟုတ်"
YOU ARE READING
ပုဂံမြေကိုတိုင်တည်၍
Romanceဘယ်သူထင်မိမှာလဲကိုယ်အရမ်းရွံရတဲ့မိထွေးရဲ့သားကိုဒီလောက်တမ်းတမ်းစွဲချစ်မိသွားလိမ့်မယ်လို့ ကွန်းအသခ်ျေ ပုဂံမြေကိုတိုင်တည်ပြီးသစ္စာဆိုပါတယ်မောင်ပယင်းရဲ့ရင်ထဲမှာမောင်တစ်ယောက်ထဲပဲရှိတာပါ ပယင်းသွေးသစ်