ရန်ကုန်မြို့ကအိမ်ကြီးတစ်လုံးမှာတော့သားအဖသုံးယောက်ရယ်ဦးကွန်းစံရယ်ပူအိုက်လှတဲ့နွေရာသီကိုကျော်ဖြတ်နေရသည်။
"ဒယ်ယီ ရှော့ရအောင်"
"Daddyမအားလို့နော်သမီးငယ် ခနလေး ဒီပုံလေးလက်စသတ်ချင်လို့"
"နောက်မှသတ်ပါ ရှော့ချင်ယို့ပါဆို"
"သမီးငယ်ကလဲလိမ္မာတယ်လေနော် ခနလေး ငါးမိနစ်ထဲရယ်"
"ကတိနော်"
"ကတိ ကတိ"
"ဒါဆိုဟုတ်ပြီ"
ဒါဆိုဟုတ်ပြီဆိုပြီးကွန်းကိုပြောပြီးသွားတော့သွေးသစ်ဘက်လှည့်လာပြန်သည်။"ဖေဖေ မီးမီးချိုရည်တောက်ချင်လို့"
"နောက်နေ့မှသောက်လေသမီးငယ်ရ ထမင်းမစားခင်တုန်းကလဲသောက်ထားသေးတာကို"
"ဟွန့် ဖေဖေရောဒယ်ဒီရောချိတ်ချိုးရယ် တော်ပြီဘိုးဘိုးကြီးဆီပဲတွားတော့မယ်"
"ဟော"
သွေးသစ်တစ်ယောက်မနိုင်စိန်သူ့သမီးကို 'ဟော' လို့ပြောရုံကလွဲရင်ဘာမှမပြောနိုင်တော့ပေ။ခနကြာတော့ပုံဆွဲပြီးသွားတော့မျက်မှန်ကိုချွတ်လိုက်ရင်းသွေးသစ်ကိုလာဖက်သည်။"ပယင်း"
"ပြောလေမောင်"
"သမီးငယ်သနားပါတယ်နော်"
"ဘာလို့လဲ"
"ကစားဖော်မရှိလို့လေ သမီးငယ်ကမောင်နဲ့ကစားချင်နေတာမောင်ကလဲမအားတော့ကစားမပေးနိုင်ဘူး"
"အင်းဟုတ်တယ် ဟိုမှာဆိုသူ့တီတီနဲ့ကစားနေကြလေ"
"သမီးကိုတစ်ခုခုလုပ်ပေးရင်တော့သမီးလဲမပျင်းတော့ဘူး"
"ဘာလုပ်ပေးမှာလဲ"
"မောင်လေး ဒါမှမဟုတ်ရင် ညီမလေးတစ်ယောက်ထပ်မွေးပေးလိုက်မယ်လေ အဲ့တာဆိုသမီးလဲမပျင်းရတော့ဘူး ကစားဖော်လဲရတယ်"
သွေးသစ်ကွန်းလက်လေးကိုရိုက်လိုက်ရင်း"ခွေးကောင် ငါကအတည်မှတ်လို့"
"အတည်ပြောနေတာပဲလေမောင့်ပယင်းကလဲ"
"ငါ့ကိုကလေးမွေးစက်မှတ်နေတာလားကွန်းအသင်္ချေ"
"အဟား မဟုတ်ပါဘူး မောင်ကသမီးပျင်းမှာစိုးလို့စေတနာနဲ့အကြံပေးတာကို"
YOU ARE READING
ပုဂံမြေကိုတိုင်တည်၍
Romanceဘယ်သူထင်မိမှာလဲကိုယ်အရမ်းရွံရတဲ့မိထွေးရဲ့သားကိုဒီလောက်တမ်းတမ်းစွဲချစ်မိသွားလိမ့်မယ်လို့ ကွန်းအသခ်ျေ ပုဂံမြေကိုတိုင်တည်ပြီးသစ္စာဆိုပါတယ်မောင်ပယင်းရဲ့ရင်ထဲမှာမောင်တစ်ယောက်ထဲပဲရှိတာပါ ပယင်းသွေးသစ်