"အားးအခုမှပဲလှဲရတော့တယ်"
သွေးသစ်တစ်ယောက်ရေမိုးချိုးညစာစားပြီးနောက်ကုတင်ပေါ်တွင်လှဲနေသည်။"အာ...ဟုတ်သားပဲပုံတွေစစ်ရဦးမှာ" ဆိုကာညနေကရိုက်လာခဲ့သောပုံတွေကိုစစ်စရာရှိတာစစ်ပြီးမကောင်းတဲ့ပုံတွေကိုဖျက်စရာရှိတာဖျက်နေသည်။ပုံလေးတစ်ပုံမြင်တော့ညနေကအကြောင်းကိုသွားသတိရသည်။
Flash back
ညနေကသူဓာတ်ပုံရိုက်နေတုန်းကင်မရာမြင်ကွင်းထဲဝင်လာသည့်လူတစ်ယောက်။
ချလပ်📸
ရိုက်ဖို့ချိန်နေတုန်းဝင်လာတာဆိုတော့လက်ကလဲနှိပ်မိသွားသည်။နောက်တော့ထိုလူကအနားကိုရောက်လာလေသည်။
"ဒီမှာခင်ဗျ"
"ဗျာ"
"***ဆိုင်ကိုသိလားဗျ"
"ဟုတ် သိပါတယ်ဗျ"
"လမ်းလေးတစ်ချက်လောက်ပြောပြပေးလို့ရမလားဗျမသွားတတ်လို့ပါ"
"ဪ ဟုတ် ဒီကနေတည့်တည့်လျှောက်ပြီးရှေ့နားရောက်ရင်ဘယ်ဘက်ကိုကွေ့လိုက်ပါနည်းနည်းထပ်သွားလိုက်ရောက်ပါပြီဗျ"
"ဟုတ် ကျေးဇူး"
"ဟုတ် ရပါ.."
ဘယ်လိုလူလဲစကားတောင်မဆုံးသေးဘူးဇွတ်ထွက်သွားတယ်တော်တော်အလျင်လိုနေတာထင်တယ်။
Flash back end
သွေးသစ်ဒီဓာတ်ပုံလေးကိုအစကဖျက်မယ်လုပ်ထားသော်လဲရှုခင်းကအရမ်းကိုလှလွန်းနေသည်။သက်တမ်းရင့်နေပြီဖြစ်တဲ့ညောင်ပင်ကြီးရယ်ဘေးနားကမိုးရွာရင်ရေတွေနဲ့ပြည့်နေတတ်တဲ့အိုင်ကြီးရယ်ညောင်မုတ်ဆိတ်တွေအောက်မှာဖြတ်လျှောက်လာတဲ့ခန့်ညားလှတဲ့ထိုလူသားရယ်။ရှုခင်းကလှပတာထက်တောင်ပိုလွန်းနေသည်။အမှတ်တရသိမ်းထားရမည်။ထိုလူသားကိုတော့အခွင့်ရှိလို့ထပ်ဆုံရရင်ခွင့်တောင်းရဦးမည်ခွင့်ပြုချက်မရှိပဲသိမ်းထားမိတဲ့အတွက်ပေါ့
At Yangon,
"ပုလဲ မင်းရောက်လာပြီလား"
"ရောက်လာပြီပေါ့ ကို ရဲ့ ဘာကိစ္စရှိလို့ခေါ်လိုက်တာလဲပုလဲကို"
YOU ARE READING
ပုဂံမြေကိုတိုင်တည်၍
Romanceဘယ်သူထင်မိမှာလဲကိုယ်အရမ်းရွံရတဲ့မိထွေးရဲ့သားကိုဒီလောက်တမ်းတမ်းစွဲချစ်မိသွားလိမ့်မယ်လို့ ကွန်းအသခ်ျေ ပုဂံမြေကိုတိုင်တည်ပြီးသစ္စာဆိုပါတယ်မောင်ပယင်းရဲ့ရင်ထဲမှာမောင်တစ်ယောက်ထဲပဲရှိတာပါ ပယင်းသွေးသစ်