"ဟလို"
"ဟလိုကိုကို"
"ဟိန်းမြတ်မင်းငါ့ကိုဘယ်ချိန်ထိအဲလိုခေါ်နေဦးမှာလဲ"
"ကျွန်တော်သေတဲ့အချိန်ထိ"
"မနောက်စမ်းနဲ့ကွာငါကအကောင်းပြောနေတာ"
"ဟုတ်ကဲ့ပါ မနောက်တော့ပါဘူး"
"......"
"......"
"ညစာစားပြီးပြီလားဟိန်းမြတ်"သူခန့်သူ့ကိုအော်လိုက်တော့စိတ်မကောင်းဖြစ်သွားသည်ထင်တစ်ဖက်ကအသံကငြိမ်သွားလေသည်။ခါတိုင်းဆိုကိုကို ကိုကိုနဲ့စကားတွေအများကြီးပြောသည့်ကောင်လေးကအခုစကားတောင်ပြန်မပြောတာမို့သူကပဲစပြောလိုက်ခြင်းဖြစ်သည်။"မစားရသေးဘူးcompanyမှာပဲရှိသေးတာ"
"ဪ ဘယ်နှနာရီတောင်ရှိနေပြီမလို့လဲနောက်ကျနေပြီမလား"
"အင်းရပါတယ်ဘာမှမဖြစ်ပါဘူးဒီလောက်က"
"ဘာမှမဖြစ်စရာလားကွမင်းညစာမစားရင်အစာအိမ်ထိမယ်လေအဲလိုနဲ့မစားတာဘယ်နှခေါက်လောက်တောင်ရှိနေပြီလဲ"
"တစ်ခါတလေမှပါ"
"နောက်ဆိုအစားကိုမှန်မှန်စားအလုပ်များလဲစားချိန်တော့ပေးလေကွာ"
"ဟုတ်ကဲ့ပါကိုသူခန့်"
"ဟင်"
"ဗျာ ဘာဟင်တာလဲ"
"ဘာမှမဟုတ်တော့ဘူး"
"ကိုသူခန့်ရောအိမ်မှာလားဟိုတယ်မှာလား"
"အကိုကအိမ်ပြန်ရောက်ပြီ"
"ဪဟုတ်ကဲ့"
"....."
"ဒါပဲလေအသံကြားချင်လို့ဆက်လိုက်တာကိုသူခန့်နားတော့နော်"
"ဒီနေ့ဘာတွေဖြစ်ခဲ့လဲမပြောတော့ဘူးပေါ့"
"ဟင့်အင်းကိုသူခန့်နားညီးနေမယ် ဒါပဲနော်"
"အင်း အင်းအိမ်ပြန်နောက်မကျစေနဲ့နော်ကောင်လေး"
"ဟုတ်ကဲ့ပါ"
"Bye"
" Bye"
:တီ
'ဒီကောင်လေးစိတ်ဆိုးသွားတာလားခါတိုင်းဆိုပေါက်ပေါက်ဖောက်သလိုပြောနေတဲ့ကလေးကအခုတော့သူပြောနေကြသူ့နေ့တဒူဝကိစ္စတောင်မပြောတော့ဘူး'သူခန့်လဲအတွေးတွေများရင်းအိပ်ယာထဲလှဲလိုက်တော့သည်။
YOU ARE READING
ပုဂံမြေကိုတိုင်တည်၍
Romanceဘယ်သူထင်မိမှာလဲကိုယ်အရမ်းရွံရတဲ့မိထွေးရဲ့သားကိုဒီလောက်တမ်းတမ်းစွဲချစ်မိသွားလိမ့်မယ်လို့ ကွန်းအသခ်ျေ ပုဂံမြေကိုတိုင်တည်ပြီးသစ္စာဆိုပါတယ်မောင်ပယင်းရဲ့ရင်ထဲမှာမောင်တစ်ယောက်ထဲပဲရှိတာပါ ပယင်းသွေးသစ်