"ဗျို့ ဒေါက်တာရေ ဒေါက်တာ"
"ဗျာ ဘယ်သူလဲမသိ ဪကိုဇော်ခန့်ဘာဖြစ်တာလဲဗျ"
ည ၁၁နာရီအိမ်ရှေ့ကခေါ်သံကြားလို့ထွက်ကြည့်တော့ကိုဇော်ခန့်ဖြစ်နေလေသည်။"ဟိုကောင်သွေးသစ်တအားဖျားလာလို့လာခေါ်တာ ကိုယ်တွေအရမ်းပူနေလို့အမေကကျုပ်ကိုဆရာ့ဆီအခေါ်လွှတ်လိုက်လို့ပါ"
"ဪ ဟုတ်ကျွန်တော်လာပြီ"
တစ်ညနေလုံးတစ်ညလုံးအကောင်းကနေ ည၁၀နာရီလောက်ကြဖျားလာတာဖြစ်သည်။ဆရာဝန်ပေးထားတဲ့ဆေးကိုတိုက်ထားသော်ငြားအဖျားကမကျလာသည့်အပြင်ကိုယ်တွေကပိုတောင်ပူလာလေသည်။ထို့ကြောင့်ဆရာဝန်ကိုလာပင့်ရခြင်းဖြစ်သည်။"သွေးသစ်မသက်သာဘူးလားအန်တီ"
"ဟုတ်တယ်ဆရာလေးရယ် ဆရာလေးပေးတဲ့ဆေးတိုက်ထားပေမယ့်အဖျားကမကျပဲကိုယ်ကပိုပူလာလို့"
"ဪ ဟုတ်အနာရှိန်ကြောင့်ဖျားတာပါကျွန်တော်ဆေးတစ်လုံးထပ်ထိုးပေးမယ်"
"ဟုတ်ကဲ့ပါဆရာလေးရယ် သက်သာအောင်လုပ်ပေးပါဦး"
"သွေးသစ်ဟိုဘက်ခနလှည့်ဦးနော်ဆရာဆေးထိုးပေးဖို့"
သွေးသစ်ကိုဆေးထိုးပြီးမှာစရာရှိတာမှာပြီးအပြင်ကိုထွက်လာခဲ့သည်။အပြင်ရောက်တော့သွေးသစ်အဒေါ်ကိုဆန်ပြုတ်တိုက်ဖို့နဲ့အစာမာတွေမကျွေးဖို့မှာပြီးနောက်ပြန်လာခဲ့လိုက်သည်။
"သွေးသစ် သွေးသစ် သားလေး ထဆေးသောက်ရအောင်နော်သားလေးလာဆန်ပြုတ်လေးသောက်မယ်"
"ဟုတ်"
"သား သူခန့်ကိုခွင့်တိုင်ပြီးပြီလားသား"
"ဟင့်အင်း"
တစ်ကယ်ကတစ်ညနေလုံးဘာမှမဖြစ်တော့သက်သာလောက်တယ်ထင်ပြီးတမင်မပြောလိုက်တာဖြစ်သည်။အခုတော့တိုင်မှဖြစ်တော့မည်။"သားရေဖုန်းခေါ်မရဘူးကွဲ့ စက်ပိတ်ထားတယ်လို့ဖြေနေတာ"
"ဟုတ်"
သူခန့်ဖုန်းအားကုန်သွားလို့ဖြစ်မယ်။ဒေါ်လေးကိုအဲလိုပြောချင်သော်ငြားပါးစပ်ကအသံကိုမထွက်နိုင်ပေ။ခန္ဓာကိုယ်ကလဲလှုပ်လို့မရအောင်ကိုကိုက်ခဲနေတာဖြစ်သည်။
YOU ARE READING
ပုဂံမြေကိုတိုင်တည်၍
Romanceဘယ်သူထင်မိမှာလဲကိုယ်အရမ်းရွံရတဲ့မိထွေးရဲ့သားကိုဒီလောက်တမ်းတမ်းစွဲချစ်မိသွားလိမ့်မယ်လို့ ကွန်းအသခ်ျေ ပုဂံမြေကိုတိုင်တည်ပြီးသစ္စာဆိုပါတယ်မောင်ပယင်းရဲ့ရင်ထဲမှာမောင်တစ်ယောက်ထဲပဲရှိတာပါ ပယင်းသွေးသစ်