"ဟိန်းမြတ် မင်းလမ်းကမှန်ရောမှန်လားကွာ တဖြည်းဖြည်းနဲ့လူရှင်းလာသလိုပဲနော်"
"ဟုတ်မှာပါ ဟိုတယ်ဝန်ထမ်းပြောပြသလောက်ဆိုဒီလမ်းပါ"
"အေး မုန့်ဆိုင်သွားတာမုန့်ဆိုင်မရောက်ပဲတခြားနေရာရောက်သွားမှာစိုးလို့ဟေ့"
"ဟာ မင်းကလဲမရောက်လောက်ပါဘူး သွားနေရင်းလူတွေ့ရင်လဲမေးကြည့်မယ်လေကွာ"
"အေး မေးကြည့်မယ်"
ဘုတ်
"အ"
"ဟာ sorryနော် ကိုယ်မမြင်လိုက်လို့"
"ဟုတ် ရပါတယ်ဗျ"
"ဟိုလေ ညီ "ညီ" လို့ခေါ်မယ်နော် ရလားဗျ ကိုယ့်ထက်အသက်ငယ်ပုံပေါက်လို့"
"ဟုတ် ရပါတယ်ဗျ ဘာပြောစရာရှိလို့လဲမသိဘူးဗျ"
"ကိုယ်တို့ဒီနားမှာမုန့်ဆိုင်ရှိတယ်ဆိုလို့အဲ့ဒီဘက်ကိုသွားချင်တာလေ ဘယ်လမ်းကသွားရမလဲမသိလို့ပါ"
"ဪ လမ်းမသိလို့လားဗျ"
"ဟုတ်တယ် ညီ"
"ဪ ဟုတ် ဒီဘက်ထောင့်ကနေပြန်လှည့်ပြီး ဟိုဘက်ကိုသွားရမှာဗျ ဆက်တိုက်သွားပြီးညာဘက်ချိုးလိုက်ရင်ရောက်ပါပြီဗျ"
"ဪ ဟုတ်ပြီ ကျေးဇူးနော်ညီ"
"ကျေးဇူးနော် ညီလေး"
"ဟုတ် ရပါတယ်ဗျ ဒါဆိုခွင့်ပြုပါဦး"
"ဟုတ်ကဲ့ပါဗျ"
"တော်သေးတာပေါ့ သေသေချာချာလေးစိတ်ရှည်ရှည်နဲ့ပြောပြသွားလို့"
"အေး ဟုတ်တယ်ကွ"
Flash back
"ဟိန်းမြတ် ဟေ့ကောင်"
"ဟေ"
"ငါ ပျင်းတယ်ကွာ"ရတုကစကားစလာသည်။
"အေး အဲ့တော့"
"ငါတို့ဟိုနားဒီနားလျှောက်သွားရအောင်"
"နော်"
"လျှောက်သွားတာကဟုတ်ပါပြီ မင်းကလမ်းသိလို့လား ပြီးတော့ဟိုကောင် ကွန်းကလဲခုမှရေချိုးတုန်းပဲရှိသေးတယ်"
"မင်းကလဲ ကွန်းပြီးရင်သွားမယ်လေကွာ ပြီးတော့လမ်းကလဲဟိုတယ်ကဝန်ထမ်းတစ်ယောက်ယောက်ကိုမေးရင်ရနေတာပဲကို"
YOU ARE READING
ပုဂံမြေကိုတိုင်တည်၍
Romanceဘယ်သူထင်မိမှာလဲကိုယ်အရမ်းရွံရတဲ့မိထွေးရဲ့သားကိုဒီလောက်တမ်းတမ်းစွဲချစ်မိသွားလိမ့်မယ်လို့ ကွန်းအသခ်ျေ ပုဂံမြေကိုတိုင်တည်ပြီးသစ္စာဆိုပါတယ်မောင်ပယင်းရဲ့ရင်ထဲမှာမောင်တစ်ယောက်ထဲပဲရှိတာပါ ပယင်းသွေးသစ်