:ဝေါ
:ဝေါ
:ဝေါ
"ဪ ကိုသူခန့်လား ဘာပြောစရာရှိလို့လဲဟင်ကိုသူခန့်"
မိုးရွာကြီးထဲအခန်းတံခါးလှပ်ဝင်လာလို့ဘယ်သူလဲကြည့်လိုက်တော့ကိုသူခန့်ဖြစ်နေ၍ရတုလဲမေးလိုက်လေသည်။"ဟုတ်တယ်ညီလေး ပြောစရာမရှိပါဘူးညီလေးတို့ကပြန်တော့မှာဆိုတော့နှုတ်ဆက်ချင်လို့လာခဲ့တာ"
"ဪ ဟုတ်တယ်ဗျာဒီနေ့ပြန်ဖို့လုပ်ထားကြတာအခုတော့ဒီမိုးနဲ့ဘယ်လိုလုပ်ရမယ်တောင်မသိတော့ဘူး"
"ဟုတ်တယ် အရှေ့မှာတောက်လျှောက်မရွာပဲခုမှထရွာနေတာ"ဟိန်းမြတ်ကလဲဝင်ပြောသည်။
"တိတ်သွားမှာပါ ခနရွာတာနေမှာပါ စောင့်ကြည့်ကြတာပေါ့"ကွန်းကလဲဝင်ပြောသည်။
"ဟုတ်တယ် ခနစောင့်လိုက်ဦးပေါ့ညီလေးတို့ရာ အကိုလဲကူစောင့်ပေးမယ်လေ"
"ဟုတ်ကဲ့ ကိုသူခန့်ကျွန်တော်တို့လဲအဖော်ရတာပေါ့ ဟီးး"
"ဒါနဲ့လေကိုသွေးသစ်ရောဟင်ကိုသူခန့်"ရတုကပါမလာ၍မေးလိုက်ခြင်းဖြစ်သည်။သွေးသစ်ဆိုတဲ့အသံကြားတော့ကွန်းလဲသိချင်နေသည့်ဟန်ဖုန်းကြည့်နေရာကနေခေါင်းထောင်လာသည်။
"ဒီနေ့သူ့ဒေါ်လေးဆိုင်ကူဖွင့်ရမှာမလို့လိုက်မလာတာညီလေး"
"ဪ ကျွန်တော်တို့ပြန်မှာကိုသွေးသစ်သိတယ်မလားဟင်"
"သိတယ်ရတု ဒီမှာတောင်လက်ဆောင်ဝယ်ပေးလိုက်သေးတယ်"
"ဪ အဲတာလက်ဆောင်ထုပ်လား ဘာအထုပ်ကြီးတုန်းဆိုပြီးသိချင်နေတာ"ဟိန်းမြတ်ကဘေးကနေဝင်ပြောသည်။
"အင်း အကိုနဲ့သွေးသစ်ကမင်းတို့ကိုမပြန်ခင်အညာလက်ဆောင်လေးပေးလိုက်ချင်လို့"
"ဪ ရပါတယ်ကိုသူခန့်ကလဲအားနာစရာကြီး"ဟိန်းမြတ်ကပြောလေသည်။
"မဟုတ်တာ အကိုတို့ကမင်းတို့ကိုစားစေချင်လို့ဝယ်ပေးတာပဲအားမနာပါနဲ့"
"အေးလေမင်းကလဲကိုသူခန့်တို့ကစားစေချင်လို့ဝယ်ပေးတာပဲငါတို့ကစားပေးရမှာပေါ့ နော်ကိုသူခန့်"
"ဟားဟား ဒါပေါ့ရတုရတကယ့်အသွက်လေး"
"ဟီးး"
YOU ARE READING
ပုဂံမြေကိုတိုင်တည်၍
Romanceဘယ်သူထင်မိမှာလဲကိုယ်အရမ်းရွံရတဲ့မိထွေးရဲ့သားကိုဒီလောက်တမ်းတမ်းစွဲချစ်မိသွားလိမ့်မယ်လို့ ကွန်းအသခ်ျေ ပုဂံမြေကိုတိုင်တည်ပြီးသစ္စာဆိုပါတယ်မောင်ပယင်းရဲ့ရင်ထဲမှာမောင်တစ်ယောက်ထဲပဲရှိတာပါ ပယင်းသွေးသစ်