ကွန်းမီးဖိုချောင်ထဲဝင်သွားတော့မီးဖိုချောင်တံခါးပေါက်ကိုနောက်ကျောပေးပြီးတကုပ်ကုပ်နဲ့ဟင်းချက်နေတဲ့ပယင်းသွေးသစ်ကိုမြင်လိုက်ရသည်။ကျောပြင်သေးသေးလေးကတံခါးကိုနောက်ကျောပေးပြီးလှုပ်လှုပ် လှုပ်လှုပ်နဲ့ဟင်းချက်နေပုံကနောက်ကနေပြေးဖက်ချင်စရာအတိ။ဒါပေမယ့်ကွန်းမဖက်ရဲသေးပါ။ဒီအချိန်သာကွန်းသွားဖက်လိုက်ရင်ဆွဲထိုးခံရမှာသေချာပေါက်ပင်။ကွန်းလဲအတွေးတွေကိုလက်စသတ်လိုက်ရင်းသွေးသစ်ကိုခေါ်လိုက်သည်။
"ပယင်း"
"ဟင် မင်း"
"ခင်ဗျားဟင်းချက်နေတယ်လို့သမီးကပြောလို့ဝင်လာလိုက်တာ"
"ဘာလာလုပ်တာလဲငါ့အိမ်အထိ"
"ကိစ္စတစ်ခုကိုရှင်းရှင်းလင်းလင်းသိချင်လို့လာမေးတာ"
"ဘာလဲ မေးပြီးရင်ပြန်တော့ငါ့နားမှာတစ်စက္ကန့်တောင်မနေနဲ့ကွန်းအသင်္ချေ!!"
"အမရာလေးကကျွန်တော့်သမီးလား"
သွေးသစ်အာစေးမိသွားသည်။သူရိပ်မိသွားတာများလား.."မ မဟုတ်ဘူး အမရာကမင်းနဲ့ရတဲ့သမီးမဟုတ်ဘူးမင်းနဲ့ဘာမှမတော်ဘူး"
"သေချာလို့လားပယင်း"
"သေ သေချာတယ်"
"ဒါဆိုဘာလို့ခင်ဗျားကစကားတွေထစ်နေရတာလဲ"
"မသိဘူးလေ ဒါပဲမလား ပြန် ပြန်တော့"
"မပြန်ဘူးပယင်းသွေးသစ် ခင်ဗျားပါးစပ်ကနေအမရာကကျွန်တော့်သမီးပါလို့မပြောမချင်းကျုပ်မပြန်ဘူး"
"ကျစ်!! မင်းဘာဖြစ်ချင်နေတာလဲပယင်းသွေးသစ် ဘာလို့လာပြီးငါတို့သားအဖကိုလာရှုပ်ချင်နေရတာလဲ"
"ကျွန်တော်ကအဖြေကိုသေချာသိချင်ရုံပဲပယင်းသွေးသစ် ခင်ဗျားသာသေသေချာချာနဲ့မှန်မှန်ကန်ကန်ပြောရင်ပြီးနေပြီ"
"ငါသေချာပြောနေတာပဲလေကွန်းအသင်္ချေ"
"ဒါမဲ့မှန်မှမှန်မနေပဲခင်ဗျားပြောတာက"
"မင်းကဘာသိထားလို့လဲ"
"ကျုပ်ဘာသိထားလဲပြောရမလားပယင်းသွေးသစ်"
YOU ARE READING
ပုဂံမြေကိုတိုင်တည်၍
Romanceဘယ်သူထင်မိမှာလဲကိုယ်အရမ်းရွံရတဲ့မိထွေးရဲ့သားကိုဒီလောက်တမ်းတမ်းစွဲချစ်မိသွားလိမ့်မယ်လို့ ကွန်းအသခ်ျေ ပုဂံမြေကိုတိုင်တည်ပြီးသစ္စာဆိုပါတယ်မောင်ပယင်းရဲ့ရင်ထဲမှာမောင်တစ်ယောက်ထဲပဲရှိတာပါ ပယင်းသွေးသစ်