"ပြီးပြီမလားသွေးသစ် သွားရအောင်""အေးအေး ပြီးပြီသူခန့် သွားရအောင်"
ထို့နောက်သူခန့်ရဲ့ဆိုင်ကယ်နဲ့သွေးသစ်တို့နှစ်ယောက်ထွက်လာခဲ့ကြသည်။
At Hotel,
"အားးး အခုမှပဲလှဲရတော့တယ်ကွာ"
လို့ရှင်းရတုကပြောတော့ဟိန်းမြတ်ကမျက်စောင်းထိုးသည်။"ဪအေးပါ မင်းကတော်တော်ပင်ပန်းလာတာဆိုတော့။တစ်လမ်းလုံးကုလားသေကုလားမောအိပ်လိုက်လာတဲ့ကောင်ကညည်းရတယ်ရှိသေး ငါတို့တစ်စက်မှမအိပ်ရသေးတဲ့ကောင်တွေညည်းဖို့ထားပါဦးကွ"
"အေးကွာ သူကပဲညည်းရတယ်ရှိသေး"
ဟုကွန်းကပါဝင်ပြောသည်။ထိုအခါရတုမျက်နှာစူပုတ်ကာ
"မင်းတို့ကလဲအိပ်တယ် အိပ်တယ်မပြောပါနဲ့ အိပ်လာတာကထိုင်စီးလာတဲ့သူထက်ပိုပင်ပန်းတယ်ကွ"
လို့ပြန်ပြောသည်။ထိုအခါ ကွန်းက
"ဘယ်လိုများပင်ပန်းတာလဲကိုယ်တော်ချောရယ်ကျွန်တော်မျိုးတို့ကိုရှင်းပြပါဦး""ဒီလိုလေကွာ တစ်လမ်းလုံးအိပ်လာတော့ ခါးလဲပူတယ် ဂုတ်လဲညောင်းတယ် အဆင်ပြေမနေဘူးကွ"
လို့ရတုကဆရာကြီးလေသံနဲ့ပြောသည်။ဘုတ်!
"ဟေ့ကောင်မင်းဘာလုပ်တာလဲ!!!"
ရတုကထအော်သည်။ထိုအခါဟိန်းမြတ်က
"အမြင်ကပ်လို့လုပ်တာဟေ့!ရှင်းလား!သူကပဲခါးပူသလေး ဂုတ်ညောင်းသလေးဖြစ်ရသေးတယ် ခွေးကောင်""ဒါဆိုမင်းလဲခွေးပဲ"
ကွန်းမှာတော့သူငယ်ချင်းနှစ်ယောက်ကိုကြည့်ရင်းခေါင်းသာအသာခါမိတော့သည်။
:ဒီကောင်တွေဘယ်တော့မှရင့်ကျက်မှာလဲကွာ:လို့စိတ်ထဲမှာတွေးရင်းနဲ့ပေါ့။
"သွေးသစ်ငါတို့ဘယ်သွားကြမလဲ ရိုက်စရာနေရာလဲတော်တော်များများပြီးပြီဆိုတော့"
"အင်းးး ငါတို့အာနန္ဒာဘုရားသွားရအောင်ကွာ"
"ဪအေးအေး"
ကျွီ
"ရောက်ပြီသွေးသစ် ဘယ်နားရိုက်မှာလဲ"
YOU ARE READING
ပုဂံမြေကိုတိုင်တည်၍
Romanceဘယ်သူထင်မိမှာလဲကိုယ်အရမ်းရွံရတဲ့မိထွေးရဲ့သားကိုဒီလောက်တမ်းတမ်းစွဲချစ်မိသွားလိမ့်မယ်လို့ ကွန်းအသခ်ျေ ပုဂံမြေကိုတိုင်တည်ပြီးသစ္စာဆိုပါတယ်မောင်ပယင်းရဲ့ရင်ထဲမှာမောင်တစ်ယောက်ထဲပဲရှိတာပါ ပယင်းသွေးသစ်