သွေးသစ်တို့ဒေါ်လေးအိမ်ပြန်ရောက်တော့
"ဖွားဖွားကြီးရေ ဖွားဖွားကြီး""ရှင့် ရှင့်"
"ဒီမှာဖွားဖွားကြီးဖို့ပုဂျွန်ကြော်ဝယ်ယာရယ်"
"ဟာ ဖွားဖွားကြီးဖို့လား"
"ဟုတ်ရယ်"
"အမလေး လိမ္မာလိုက်တာရှင်"
"တီတီ့အတွက်ရောပါဘူးလား"
"တီတီဖို့ကနောက်မှဝယ်ကျွေးမယ်"
"ဟွန့် တီတီ့ဖို့ကြပါဘူး စိတ်မကောင်းဖြစ်သွားပြီ"
"တီတီကယဲချိတ်မကောင်းမချစ်ပါရဲ့ မီးမီးမုန့်ဖိုးရရင်ဝယ်ကျွေးမယ်နော်"
"ဟုတ်ပါပြီရှင် အတတ်ကလေး"
"ဒီမှာဒေါ်အိမြတ်အတွက်ကပါပါတယ်ခင်ဗျာ"
"ရေးးးဒါမှတို့ကိုလေးကွ"
"နင်ကအလုပ်မသွားရဘူးလား"
"သွားရမှာလေကိုလေးရဲ့အစောကြီးရှိသေးတာကို"
"ဟုတ်ပါပြီ စောတာကကိစ္စမရှိဘူးနောက်သာမကျစေနဲ့"
"ဟုတ်ကဲ့ပါရှင်"
အိမြတ်ကဆယ်တန်းကိုဂုဏ်ထူး၃ခုနဲ့အောင်ပြီးတက္ကသိုလ်မတက်ရခင်ကြားထဲသူခန့်တို့ဟိုတယ်မှာခနအလုပ်ဝင်လုပ်နေတာဖြစ်သည်။ဇော်ခန့်ကတော့လက်ဖက်ရည်ဆိုင်တစ်ဆိုင်ဖွင့်ထားတာဖြစ်ပြီးအဲ့ဒီဆိုင်ကိုကြီးကြပ်နေသည်။ဒေါ်မြတ်သွေးနီကတော့ဆိုင်ပိတ်လိုက်ပြီးတော့အိမ်မှာပဲနေဖြစ်တော့သည်။"ဖွားဖွားကြီး ဦးကြီးယာတေးဘူးယား"
"အမလေး သမီးဦးကြီးကဖြင့်၆နာရီလောက်မှလာမှာ"
"ခုတလောကိုဇော်ခန့်နောက်ကျနေတယ်နော်ဒေါ်လေး"
"ဟုတ်ပါ့သားရယ်ပိတ်ရက်ဖြစ်နေတော့ဆိုင်မှာလူကခါတိုင်းရက်တွေထက်ပိုကျတယ်ကွဲ့"
"ဪ သားနားရက်ကြမှသွားကူလိုက်ဦးမယ်"
သွေးသစ်နဲ့ဇော်ခန့်ကတော့သွေးသစ်ရန်ကုန်ကပြန်လာပြီးနောက်ပိုင်းနည်းနည်းအဆင်ပြေလာသည်။အရင်ကလိုတွေ့ရင်သတ်နေကြတဲ့သူတွေမဟုတ်တော့ပေ။"ကဲ အမေရေသမီးသွားတော့မယ်"
"အေးအေးသမီး ဂရုစိုက်သွားနော်"
YOU ARE READING
ပုဂံမြေကိုတိုင်တည်၍
Romanceဘယ်သူထင်မိမှာလဲကိုယ်အရမ်းရွံရတဲ့မိထွေးရဲ့သားကိုဒီလောက်တမ်းတမ်းစွဲချစ်မိသွားလိမ့်မယ်လို့ ကွန်းအသခ်ျေ ပုဂံမြေကိုတိုင်တည်ပြီးသစ္စာဆိုပါတယ်မောင်ပယင်းရဲ့ရင်ထဲမှာမောင်တစ်ယောက်ထဲပဲရှိတာပါ ပယင်းသွေးသစ်