"ကွန်း ငါတို့ဘယ်နေ့ပြန်ကြမလဲ"ဟိန်းမြတ်ကမေးခြင်းဖြစ်သည်။
"ပြန်တော့မလို့လားကွ သုံး လေးရက်လောက်မနေတော့ဘူးလား"ရတုကပြန်မေးခြင်းဖြစ်သည်။
"အေးလေ သုံးလေးရက်ထိတော့မနေတော့ဘူးလေကွာအလုပ်တွေကရှိသေးတာကို တစ်ရက်နှစ်ရက်လောက်တော့နေဦးမှာပါ"
"အေးလေ ငါလဲအလုပ်လုပ်ရဦးမယ်"ကွန်းကလဲဝင်ထောက်သည်။သူတို့လဲနေချင်သေးပေမယ့်အလုပ်တွေကရှိနေသေးတယ်မလား
"အားရင်အားသလိုလာကြရအောင်လေမင်းကလဲ"ဟိန်းမြတ်ကဝင်ပြောသည်။
"အေးပါဟုတ်ပါတယ်အဲတာလဲ ငါဖြင့်လေဖြစ်နိုင်ရင်ဒီမှာပဲအခြေချနေလိုက်ချင်တော့တယ်ကွာ"ရတုကပြောလေသည်။တကယ်လဲဒီနေရာလေးကနေသူမပြန်ချင်သေးပါ
"အံမယ် မင်းကဒီစကားတွေဘာတွေတောင်ပြောလို့ပါ့ရော မင်းတောင်ရင့်ကျက်လာပြီ"ကွန်းကရတုကိုစလိုက်လေသည်။
"ငါကရင့်ကျက်ပြီးသားကွ မရင့်ကျက်ချင်ယောင်ဆောင်နေတာ"
"ဟုတ်ပါပြီကွာ"
"မင်းကဒီမှာအခြေချချင်တယ်ဆိုတော့မင်းမှန်မှန်ပြောစမ်း"
"ဘာလဲ"
"မင်းဒီကတစ်ယောက်ယောက်နဲ့တွေ့နေပြီမလား"ဟိန်းမြတ်ကစလိုက်လေသည်။
"အေးဟုတ်တယ်ကွ"ရတုကလဲအတည်ပေါက်ကြီးနဲ့ပြန်ဖြေသည်။
"ဒါဆိုဘယ်သူလဲပြောစမ်း မင်းကလျှိုထားတာငါတို့တောင်မပြောဘူး"
"ကိုသူခန့်လေ တအားချောတာကွညိုချောလေး ငါဖြင့်လေကိုသူခန့်ကိုမြင်ကထဲကချစ်မိသွားတာကွာ ကိုသူခန့်ကိုမြင်ရင်ကိုရင်ဘတ်ထဲကကောင်ကတအားခုန်လာတာကွ"
"တယ်....ဒီခွေးသူတောင်းစား!!"
ဟိန်းမြတ်ကဒေါသတကြီးထအော်သည်။အစကအဟုတ်မှတ်လို့နားထောင်နေတာဒီကောင်ကသူ့ချစ်သည်းကိုလာစနေတယ်။"ငါတော့အဟုတ်မှတ်လို့ မင်းနောက်တစ်ခါထပ်ပြောရင်ကြိုက်တဲ့အခေါင်းရွေးထားလိုက်"
"ငါ့သားရယ်အဖေကသားမက်လေးကိုချစ်လို့စတာကို အဲလိုကြီးမနောက်ရဘူးလေဖေ့သားကြီးရဲ့"ရတုကစပ်ဖြဲဖြဲနဲ့ပြောလေသည်။
YOU ARE READING
ပုဂံမြေကိုတိုင်တည်၍
Romanceဘယ်သူထင်မိမှာလဲကိုယ်အရမ်းရွံရတဲ့မိထွေးရဲ့သားကိုဒီလောက်တမ်းတမ်းစွဲချစ်မိသွားလိမ့်မယ်လို့ ကွန်းအသခ်ျေ ပုဂံမြေကိုတိုင်တည်ပြီးသစ္စာဆိုပါတယ်မောင်ပယင်းရဲ့ရင်ထဲမှာမောင်တစ်ယောက်ထဲပဲရှိတာပါ ပယင်းသွေးသစ်