သွေးသစ်တို့မြင်းကမ္ဘာနားကရွာရောက်သွားတော့ဒေါ်လေးတို့လမ်းပြောပြထားလို့ဒေါ်လေးတို့ဆီသုံးယောက်သားချောချောမွေ့မွေ့ရောက်သွားကြသည်။ဒေါ်လေးတို့ကိုမြင်တော့သွေးသစ်နဲ့အမရာကကားပေါ်ကဆင်းပြီးဒေါ်လေးတို့ဆီသွားကြသည်။ဒေါ်မြတ်သွေးနီတို့သားအမိလဲသူ့ယောကျာ်းဘက်ကအမျိုးတွေကိုနှုတ်ဆက်ပြီးအပြင်ထွက်လာခဲ့သည်။ကားကိုတွေ့တော့ဒေါ်မြတ်သွေးနီက
"သားဒါဘယ်သူ့ကားလဲ"
"ဦးဦးကားယေဖွားဖွားကြီး ယာခဲ့"
ဆိုကာအမရာကကားဆီဆွဲခေါ်သွားသည်။ကားပေါ်ရောက်တော့မှဒေါ်မြတ်သွေးနီကကွန်းကိုမြင်သွားသည်။အိမြတ်ကကွန်းကိုမြင်တော့"အယ် ခဲအိုလား"
သွေးသစ်အိမြတ်ကိုတစ်ချက်ရိုက်လိုက်သည်။"အ! အကိုလေးဘာလုပ်တာလဲ"
"နင်အခေါ်ဝေါ်ပြင်စမ်း!"
"အကိုလေးကလဲ"
ဆိုကာနှုတ်ခမ်းကြီးစူသွားလေသည်။"ဘာဖြစ်လို့လဲဟုတ်နေတာပဲကို ခယ်မလေးအကိုစိတ်မဆိုးဘူးခေါ်လို့ရတယ်သိလား"
"ဟီးဟုတ်"
သွေးသစ်ပြောမရဆိုမရသည့်နှစ်ယောက်ကိုမျက်စောင်းသာထိုးလိုက်မိတော့သည်။ဒေါ်မြတ်သွေးနီကတော့လူကြီးပီပီဘာမှမပြောပေမယ့်ကွန်းကိုသဘောမကျတာတော့မဟုတ်ပေ။ကွန်းအကြောင်းသူသိခဲ့ရသမျှဆိုသူ့ယောင်းမကြောင့်သူ့တူအပေါ်မကောင်းခဲ့ပေမယ့်အဲ့တာတွေဖယ်ပြီးကြည့်မယ်ဆိုရင်တော့လူကောင်းတစ်ယောက်ပင်ဖြစ်သည်။"အိမ်ကိုပဲမောင်းရမှာမလား"
"မင်းကဘယ်သွားချင်သေးလို့လဲ"
"ပြောရမလား"
"တော် တော် မင်းကစကားကောင်းကိုပြောလို့မရဘူး"
"ဟင် အကိုလေးကအရင်စပြောတာကို"
"အငယ်မနင်မသိရင်မသိသလိုနေစမ်း လူကြီးတွေကြားဝင်မပါနဲ့"
"ဟွန့် မှန်တာလဲပြောရသေးတယ်"
ဒေါ်မြတ်သွေးနီသူ့သမီးကိုအကြည့်နဲ့တစ်ချက်သတိပေးလိုက်ပြီး"ဟုတ်တယ်သားအိမ်ကိုပဲမောင်းပေးပါကွယ်"
"ဟုတ်အန်တီ"
သူ့တူအကြောင်းအခုမှသိသည်။သူတို့နှစ်ယောက်မတည့်တာလဲမပြောနဲ့သူ့တူကလဲကွန်းကိုဆိုကန့်လန့်တိုက်ပြီးဘုကလန့်ပြန်ပြောတာကိုး။
အတော်အတန်ကြာမောင်းပြီးတော့သွေးသစ်တို့အိမ်ရောက်သွားသည်။အိမ်ကိုရောက်တော့သွေးသစ်တို့လူကြီးတွေကဆင်းပေမယ့်အမရာကတော့မဆင်းပေ။
YOU ARE READING
ပုဂံမြေကိုတိုင်တည်၍
Romanceဘယ်သူထင်မိမှာလဲကိုယ်အရမ်းရွံရတဲ့မိထွေးရဲ့သားကိုဒီလောက်တမ်းတမ်းစွဲချစ်မိသွားလိမ့်မယ်လို့ ကွန်းအသခ်ျေ ပုဂံမြေကိုတိုင်တည်ပြီးသစ္စာဆိုပါတယ်မောင်ပယင်းရဲ့ရင်ထဲမှာမောင်တစ်ယောက်ထဲပဲရှိတာပါ ပယင်းသွေးသစ်