နောက်တစ်နေ့နံနက်မှာတော့ကွန်းကသွေးသစ်အိမ်ရောက်နေသည်။အကြောင်းမှာအိမ်ကအဒေါ်ကကွန်းကိုမုန့်ဟင်းခါးချက်ထားတာမလို့မနက်စာစားဖို့ခေါ်ခိုင်းသောကြောင့်ဖြစ်သည်။ကွန်းကလဲဖုန်းချပြီးတာနဲ့ဆယ်မိနစ်မကြာလိုက်တန်းရောက်လာသည်။
"မြန်လိုက်တာ ဘယ်လိုတောင်မောင်းလာတာလဲ"
"ဒီတိုင်းပဲမောင်းလာတာပါ"
"ငါဖုန်းချပြီးဆယ်မိနစ်တောင်မကြာဘူး"
"ဒါကတော့မောင်ကပယင်းကိုတွေ့ချင်စိတ်တွေများသွားတာကိုး"
"ဖြစ်ရမယ် လာဒေါ်လေးကအထဲမှာပြင်ထားတယ်"
"ဟုတ်"
သွေးသစ်လဲကွန်းကိုဆွဲခေါ်သွားသည်။အထဲရောက်တော့သမီးကိုရှာပေမယ့်မတွေ့ပေ။"ပယင်း သမီးငယ်ရော"
"သမီးငယ်အိပ်ပုပ်ကအခုထိအိပ်တုန်းပဲ"
"ဟုတ်လား အခန်းထဲမှာလား"
"အင်း"
"မောင်သွားလိုက်ဦးမယ်"
ဆိုကာသွေးသစ်တို့အခန်းထဲဝင်သွားလေသည်။မီးဖိုချောင်ထဲမှာတော့ဒေါ်လေးက"သွေးသစ်ကွန်းကိုစားလို့ရပြီလို့ပြောလိုက်ဦး တော်ကြာအေးကုန်လိမ့်မယ်"
"ဟုတ်ဒေါ်လေး"
သွေးသစ်လဲကွန်းနောက်လိုက်သွားသည်။အခန်းထဲရောက်တော့မြင်လိုက်ရသည်က ကုတင်ပေါ်မှာနှစ်နှစ်ခြိုက်ခြိုက်အိပ်နေသည့်သမီးကိုဘေးတစ်စောင်းထိုင်ကာမြတ်မြတ်နိုးနိုးကြည့်နေသည့်ကွန်းကိုမြင်လိုက်ရသည်။မျက်နှာကလဲပြုံးပြီးသူ့သမီးကိုကြည့်နေလိုက်တာများသူ့ဘေးနားသွေးသစ်ရောက်လာတာတောင်မသိပေ။"မောင် စားလို့ရပြီ"
"ပယင်းကိုလား"
သွေးသစ်ကွန်းပုခုံးကိုတစ်ချက်ရိုက်လိုက်ကာ"ဘာတွေလျှောက်ပြောနေတာလဲ မုန့်ဟင်းခါးစားလို့ရပြီလို့ပြောတာဟ"
"ဟားဟား ဟုတ်ပါပြီ သမီးနဲ့မှအတူစားလို့မရဘူးလား"
"သမီးနိုးမှတစ်ခါထပ်စားရင်စားလေဒေါ်လေးကအခုကျွေးချင်နေတာကို"
YOU ARE READING
ပုဂံမြေကိုတိုင်တည်၍
Romanceဘယ်သူထင်မိမှာလဲကိုယ်အရမ်းရွံရတဲ့မိထွေးရဲ့သားကိုဒီလောက်တမ်းတမ်းစွဲချစ်မိသွားလိမ့်မယ်လို့ ကွန်းအသခ်ျေ ပုဂံမြေကိုတိုင်တည်ပြီးသစ္စာဆိုပါတယ်မောင်ပယင်းရဲ့ရင်ထဲမှာမောင်တစ်ယောက်ထဲပဲရှိတာပါ ပယင်းသွေးသစ်