Part-1(Unicode)

57 5 2
                                    

6 . 3 . 2017 (Monday)

"ငယ်လေးရေ ပစ္စည်းတွေဆုံပြီလားဟေ့
မင်းမြတ် တို့ကကားထုတ်ပြီးပြီ သွားတင်ရအောင်လို့ "

ခြူးမြတ်မိုး အိမ်ထဲမှလွယ်အိတ်အပါဝင် တခြားအထုတ်များကိုဆွဲကာ ခပ်သွက်သွက်ထွက်လာသည်။

"အကုန်စုံပြီ ၊ အဲ့ပုံးနှစ်ပုံးရယ် ၊ ဒီအိတ်နှစ်အိတ်ရယ်ပဲ"

"အေးစုံရင်ပြီးတာပဲ၊ အများကြီးသယ်မနေနဲ့နော် တစ်လတက်ပြီးတာနဲ့ နားရအုံးမှာမလား  ၊ လာလာ မင်းမြတ်တို့စောင့်နေလောက်ပြီသွားရအောင်"

ကိုးတန်းစာမေးပွဲဖြေပြီးတာနဲ့ နှစ်ပတ်လောက်နားပြီး ဆယ်တန်းစာ ကြိုသင်ရန် Privateသို့သွားရတော့မည် ။ ဆယ်တန်းတွေပင် စာမေးပွဲကြီး မဖြေရသေးပေ။ အစပိုင်းတွင် Privateအားမတက်ချင်၍ ငိုချင်းချကာငြင်းခဲ့ဖူးသည်။ နောက်ပိုင်းတွင်တော့ အချစ်ဆုံး သူငယ်ချင်းနဲ့အတူ ငယ်သူငယ်ချင်းအချို့ကပါ တက်မည်ဟု သိရတာကြောင့် ပျော်ပျော်ကြီးလက်ခံခဲ့သည်။

မင်းမြတ် တို့ ကားပေါ်သို့ ပစ္စည်းတွေအကုန်တင်ပြီးတာနဲ့ ကားနောက်ခန်းထဲသို့ဝင်ထိုင်လိုက်ကြသည်။ အမလတ်နဲ့ အမကြီးတို့ကတော့ ဆိုင်ကယ်နှင့် နောက်ကလိုက်ကြသည်။ မင်းမြတ် ဆိုသည်မှာ ကိုယ်နှင့်ငယ်ငယ်လေးကတည်းက သွားအတူစားအတူ ဆော့ဖော်ဆော့ဖက်အိမ်နီးနားချင်း ယောက်ျားလေးသူငယ်ချင်း ဖြစ်သည်။  ကားစထွက်သည်နှင့် မင်းမြတ်အမေ အန်တီဆုလတ်က ကားမောင်းနေရင်းမှ ကိုယ့်အား မုန့်ဖိုးငါးထောင်ထုတ်ပေးရင်း ကိုယ်တို့နှစ်ယောက်လုံးကို စာကြိုးစားရန်ဆုံးမသည်။
ပေးနေကျဖြစ်တာကြောင့် ကျေးဇူးတင်စကားပြောပြီးလက်ခံလိုက်သည်။ မိဘတွေမရှိတော့တဲ့အချိန်ကတည်းက အန်တီဆုလတ်က ကိုယ့်အားအမေတစ်ယောက်လိုစောင့်ရှောက်ပေးခဲ့သည်။

ရေဆင်းမှ နာရီဝက်ကျော်ကျော်လောက် ကားမောင်းပြီးတာနဲ့ တက်ရမည့် Privateသို့ရောက်သည်။ လမ်းကြားလေးထဲသို့မောင်းဝင်လိုက်ပြီး ခဏအကြာ မြင့်မားတဲ့အဆောက်အဦးတစ်ခုဖြစ်တဲ့ ကိုယ်တက်ရမည့် PN Private Schoolအားလှမ်းမြင်လိုက်ရသည်။ ကျောင်းအပ်တုန်းကတစ်ခါရောက်ဖူးပေမဲ့ အခုတခါ တကယ်ပင်ကျောင်းတက်ရတော့မှာမို့ အတော်လေးရင်ခုန်နေမိသည်။

𝐏𝐀𝐒𝐓 𝐋𝐈𝐕𝐄Where stories live. Discover now