Part-5(Unicode)

21 5 0
                                    

ကျောင်းတက်ပြီး နှစ်ပတ်ကျော်အကြာမှာတော့ အထက်တန်းကျောင်းသူဘဝနှင့် တခါမှမကြုံဖူးသော မောင်မယ်သစ်လွှင်ကြိုဆိုပွဲကိုဆင်နွှဲကြရသည်။ ဖျော်ဖြေပွဲများလည်းပါသည်မို့ လူသစ်ရောလူဟောင်းရောပါ ဒီပွဲတွင် ဝင်ရောက်ဖျော်ဖြေနိုင်သည်ဟု ကြေညာထားသည်။

မိန်းကလေးဆောင်၏ အလွှာတိုင်းတွင် ထိုကိစ္စအား ပြောဆိုထိုင်ပင်နေကြသည်များမှာ ဆူညံလျက် ။ ဒီနေ့တနင်္ဂနွေနေ့ညနေတွင် ပွဲအားကျင်းပမည်ဖြစ်၍ ကျောင်းသားတချို့နှင့်ဆရာများက ပြင်ဆင်စရာရှိတာများအားပြင်ဆင်နေကြသည်။ အဆောင်တွင်လည်း သီချင်းဆိုမည့်သူများက အဆောင်မှုးထံတွင် စာရင်းသွားပေးကြသည်။

"ခြူးမြတ် နင်သီချင်းမဆိုဘူးလား"

ခေမာနဲ့အတူ မုန့်ထိုင်စားနေသော သူဇာမှ ကုတင်ပေါ်တွင်အိပ်ရင်းစာဖတ် နေသော ခြူးမြတ်မိုးအားလှမ်းမေးသည်။

ကိုးတန်းကလေးတွေကလည်း

"ဟုတ်တယ် မကြီး သီချင်းတက်ဆိုပါ့လား ရေချိုးခန်းထဲမှာ ခဏခဏဆိုနေတာ ကောင်းနေတာပဲကိုလေနော်"

"တော်ပါပြီ မဆိုချင်ပါဘူး"

"နင်မဆိုရဲတာမလား "

ခြူးမြတ်မိုးအား သူဇာအပါဝင်အားလုံးကမဆိုဆိုအောင် ဝိုင်းပြောကြသည်။

"အံ့မယ် ဘယ်နှယ့်မဆိုရဲရမှာတုန်း ဆိုရဲပါ့၊ သီချင်းလည်းတက်ဆိုရင်း ရန်ကုန်သားကိုပါတစ်ခါတည်းဖွင့်ပြောသလိုဖြစ်အောင်လုပ်ပစ်လိုက်မယ် ဟင်းဟင်း"

"အောင်မလေး လုပ်ရဲလို့လား"

သူဇာက ခြူးမြတ်မိုးအား သီချင်းတက်ဆိုစေချင်တာကြောင့် မသိမသာစိတ်အားဆွပေးနေသည်။

"လုပ်ရဲတာပေါ့လောင်းမလား အခုပဲ ငါ စာရင်းသွားပေးလိုက်မယ် ၊ ငါတက်ဆိုရဲရင် သုံးထောင်ပေးရမှာဘယ်လိုလဲ"

"ရတယ် လုပ်လိုက်"

ပြောပြောဆိုဆို နှင့်ဖတ်လက်စ စာအုပ်အား ကုတင်ပေါ်ချကာ ​အောက်ထပ်ကအဆောင်မှူးအခန်းသို့သွားကာ စာရင်းသွားပေးတော့သည်။

အိပ်ခန်းထဲတွင်ကျန်ခဲ့သော ကိုးတန်းကလေးများကတော့

"အယ် မသူဇာတော့ မခြူးကိုတကယ်သုံးထောင်ပေးရတော့မယ် "

𝐏𝐀𝐒𝐓 𝐋𝐈𝐕𝐄Where stories live. Discover now