၁၀တန်းကာလဆိုတာ တကယ်ကိုအချိန်ကာလက တစ်နှစ်တိတိ။ အခုဆိုစာသင်နှစ်ရဲ့တစ်ဝက်ကိုကျော်လာခဲ့ပြီး တစ်ချို့သောဆက်ဆံရေးလေးတွေကလည်း ပိုပြီးခိုင်မာနေပေမဲ့ အဆုံးသတ်က ပျော်ရွင်မှုလား ဝမ်းနည်းမှုလားဆိုတာတော့ မည်သူမှမခန့်မှန်းနိုင်။
"ခြူးမြတ်နင့်မွေးနေ့ရောက်တော့မယ်မလား "
သူဇာကပြက္ခဒိန်ကိုကြည့်ကာ ကုတင်ပေါ်စာထိုင်ဖတ်နေသော ခြူးမြတ်ကိုမေးလိုက်သည်။
"ဟုတ်တယ် အခုမှ၈ရက်ဆိုတော့လိုပါသေးတယ် အိမ်ပြန်လို့ရရင်ကောင်းမယ်နော် ဒါပေမဲ့ပြန်ခိုင်းမှာမဟုတ်ဘူး အိမ်ကကိတ်ပို့ပေးမလားပဲ"
" ဒါနဲ့ ၈ရက်ဆိုမှ မနက်ဖြန် ဇွန်ရတီလင်းမွေးနေ့လို့ကြားတယ် နွေဦးခင်တို့ပြောနေတာကြားလို့ မနက်ဖြန် ဝါဆိုသင်္ကန်းကပ်လည်းရှိတော့ သူကအဆောင်မှာညအိပ်မယ်ပြောတယ်"
"အယ်ဟုတ်သားပဲ ငါမေ့တော့မလို့ သူနဲ့ငါနဲ့မွေးနေ့က၁၂ရက်ပဲကွာတာကို၊ နင့်မှာမွေးနေ့ဖယောင်းတိုင်လေးတွေရှိသေးတယ်မလား၊ ငါမုန့်ဆိုင်ကနေ ကိတ်လေးသွားဝယ်ထားအုံးမယ်၊ ညကျsurprise သွားတိုက်ကြမယ်"
ပြောပြောဆိုဆိုနှင့်ပိုက်ဆံအိတ်ကိုင်ကာ ထွက်သွားသောသူငယ်ချင်းဖြစ်သူအားကြည့်လျက် သူဇာတစ်ယောက် ခေါင်းတရမ်းရမ်းဖြင့် သက်ပြင်းချနေမိသည်။ သူဇာက ခြူးမြတ်စိတ်အားရိပ်မိနေပေမဲ့ တိတ်တဆိတ်သာနေဖို့ဆုံးဖြတ်ထားသည်။
ညဘက်roll callပြီးတာနဲ့ အိပ်ခန်းသို့ဝင်ခဲ့လိုက်ပြီး ကိုယ်လက်သန့်စင်ဖို့ရေချိုးခန်းအမြန်ဝင်ခဲ့လိုက်သည်။ အိမ်ယာဝင်ခါနီးနာရီကြည့်မိတော့ ၁၁နာရီတောင်ထိုးတော့မယ် ၊ ညနေကသူဇာနဲ့အတူအစီစဉ်ဆွဲထားသည့်အတိုင်း ၁၂မထိုးခင် တတိယအလွှာသို့ဆင်းခဲ့လိုက်သည်။
"သူဇာ ငါစိတ်တွေလှုပ်ရှားနေတယ် ၊ သူကြိုက်ပါ့မလား၊ ကိတ်လေးကသေးပေမဲ့ တကယ်ငါ့စိတ်ရင်းအမှန်ပါ"
"အို ကိတ်သေးပေမဲ့ နင့်လိုမျိုး သူ့ကိုသတိတရနဲ့ surprise လုပ်ပေးတဲ့လူတောင်ရှိမှာမဟုတ်ဘူး အဓိကကစိတ်ရင်းပဲ လာ ငါအရှေ့ကသွားနှင့်မယ် နင်နောက်ကဖြေးဖြေးချင်းလိုက်ခဲ့"
YOU ARE READING
𝐏𝐀𝐒𝐓 𝐋𝐈𝐕𝐄