Part-16(Uni)

8 1 0
                                    

ခြူးမြတ်ကမွေးနေ့ကို ရပ်ကွက်ထဲကဖာလူဒါဆိုင်မှာလိုက်ကျွေးဖြစ်ခဲ့သည်။ မင်းမြတ်ကသူ့ဆိုင်ကယ်နဲ့အိမ်ထိလာခေါ်တာမလို့ အထူးတလည်လမ်းလျှောက်စရာမလို။

"သူဇာကရောက်နေပြီတဲ့ ငါကနည်းနည်းနောက်ကျသွားတယ် ဟီး"

"သိရင်ပြီးတာပဲ ဖုန်းဆက်တော့လည်းမကိုင်နဲ့ ၊ နင် Facebook လေးဘာလေးသုံးပါလား ခြူးရာ ဖုန်းခဏခဏဆက်မေးရတာ ဖုန်းဘေကုန်တယ်"

"အိမ်က မလတ်ကမဖွင့်ပေးလို့ပေါ့ မသိအောင်သုံးရင်လည်းအဆူခံရမှာဟ "

"ငါပြောပေးမယ် မလတ်ကို"

"နင်တကယ်ပြောနော် မင်းမြတ်"

"အေး အ့တာဖွင့်ပေးပြီးရင်တော့ ကောင်လေးတွေနဲ့မကြူနဲ့"

"အမလေး ငါ့ပုံစံလာကြူမယ့်သူလည်းမရှိဘူးစိတ်ချ"

စကားတပြောပြောနဲ့ ဆိုင်ရှေ့ကိုရောက်တော့ သူဇာက ထောင့်က စားပွဲတစ်နေရာနေရာယူထားပြီ။ ဝင်လာတဲ့ခြူးမြတ်တို့နှစ်ယောက်ကိုကြည့်ကာ

"နင်တို့နှစ်ယောက်ကလည်း ကြာလိုက်တာဟယ် "

"ငါကသူ့စောင့်နေရလို့ကြာတာ ပြင်လည်းဒီရုပ်ပဲကိုမပြီးတော့ဘူး"

"ကျေးဇူးပဲ"

ပြောမနာဆိုမနာသူငယ်ချင်းတွေဖြစ်လို့ စကားတိုင်းကိုအထူးတလည်စိတ်မဆိုးတတ်ကျ။ မီးနူးကဒ်ကြည့်ရင်း စားချင်တာမှာလိုက်ကြပြီး သူဇာကစကားဝိုင်းကိုဦးဆောင်လိုက်သည်။

"ဟဲ့ မင်းမြတ်နင်မနေ့ကတင်တဲ့storyလေ ငါ့ကိုလာမေးနေကြတာ နင်တို့နှစ်ယောက်က မောင်နှမလား အိမ်နီးချင်းလားဆိုပြီး "

"အ့တော့နင်ဘာပြောလိုက်လဲ"

ခြူးမြတ်က Facebook မသုံးတာမလို့ သူတို့နှစ်ယောက်စကားပြောတာကို ဒီတိုင်းငြိမ်ငြိမ်လေးနားထောင်နေရသည်။

"အိမ်နီးချင်းဆိုပြီးပဲ ဖြေလိုက်တာပေါ့ ငယ်ငယ်လေးတည်းကခင်လာတာမို့ မောင်နှမလိုဖြစ်နေတာလို့၊ ဟဲ့ခြူးမြတ် ဟိုတခါနင့်ကိုမင်းမြတ်နဲ့ခင်လားမေးတဲ့တစ်ယောက်လေ "

"အော်သိပြီ ဇွန်ဇွန်တို့အဖွဲထဲကလျာဆိုတဲ့တစ်ယောက်မလား၊ ဒါနဲ့မင်းမြတ် နင်ကဘာတင်လိုက်တာလဲ"

𝐏𝐀𝐒𝐓 𝐋𝐈𝐕𝐄Where stories live. Discover now