Part-9(Zawgyi)

1 0 0
                                    

အိမ်မှလာမကြိုခင် ကိုယ့်စာခန်းထဲတွင် ထိုင်နေရသည်။ ထိုအခါတွင်တော့ ယောက်ျားလေးများကို တတိယထပ်တွင်ထားပြီး မိန်းကလေးများကို ဒုတိယထပ်တွင်သာ စောင့်နေခိုင်းတော့သည်။

ထိုနေ့တွင်တော့ ခြူးမြတ်မိုး တွေ့ချင်တဲ့သူနှင့်လည်းမတွေ့လိုက်ရသလို ‌မတွေ့ချင်တဲ့သူတွေနဲ့လည်း မတွေ့လိုက်ရပါ။
ကျောင်းသားရေးရာမှ နာမည်ခေါ်သည်နှင့် သူငယ်ချင်းများကို နှုတ်ဆက်ကာ စာသင်ခန်းအပြင်သို့ ထွက်လာခဲ့သည်။ အပြင်၌ ကျောင်းသူအချို့ ရပ်နေသည်ကိုတွေ့ရပြီး မင်းမြတ်မှာလည်း ကိုယ့်အားလှေကား အဆင်း၌စောင့်နေသည်။

"လာ မြန်မြန် ၊ ဘာသယ်ပေးစရာရှိသေးလဲ"

"ရပြီ ဒီအိတ်နဲ့ အောက်မှာ ပုံးတစ်လုံးနဲ့ဒါပဲ"

"အင်းအဲ့တာဆို သွားမယ် ငါလည်းသိပ်သယ်စရာမပါဘူး ၊ မျက်လုံးတွေလည်း မို့လို့ ဘာဖြစ်ထားတာလဲ "

ညကအလွန်အကြူးငိုထားသည်မို့ မျက်လုံးမှာ မို့အစ်နေတော့သည်။ ဒါကို မင်းမြတ် သတိထားမိတာကြောင့် မေးနေခြင်းဖြစ်တယ်။

"ဘာမှမဖြစ်ပါဘူး ၊ အိပ်တာများသွားလို့ထင်တယ်"

နှစ်ယောက်သား စကားပြောရင်း မလတ်နှင့် အန်တီဆုလတ်ဆီသို့အမြန်လျှောက်သွားလိုက်တော့သည်။ ပစ္စည်းများအား ကားနောက်ခန်းထဲသို့ ထည့်လိုက်ပြီးနောက် ကျောင်းကနေစတင်ထွက်ခွာခဲ့တော့သည်။

ကျွန်မရဲ့မွေးရပ်မြေဖြစ်တဲ့ ရေဆင်းမြို့နယ်လေးဆီသို့ ....

မင်းမြတ်တို့ ကားလေးထွက်သွားပြီး ခဏအကြာ ကျောင်းထဲသို့ ကားအဖြူလေးတစ်စီးဝင်လာပြီး ကားထဲမှ အီသန်တစ်ယောက် လက်ထဲတွင်အထုပ်တစ်ထုပ်ဖြင့်ခပ်သွက်သွက် ပြေးထွက်လာပြီး ဒုတိယထပ်က အစွန်ဆုံးအခန်းထဲသို့ဝင်သွားပြီး

"ခြူးမြတ်မိုး ရှိလား"

ကောင်မလေးတစ်ယောက်မှ

"ခုနလေးတင်ပြန်သွားတာ "

အီသန်သက်ပြင်းချကာ ကားဆီသို့သာပြန်လာခဲ့လိုက်သည်။ ခြူးမြတ်မိုးအတွက်ဆိုကာ ဝယ်ထားသော Poohအရုပ်ပါတဲ့
အကျီလေးနှင့်မုန့်တွေကတော့ မပေးဖြစ်လိုက်တော့ပေ။ မနေ့ညက ခြူးမြတ်မိုး ငိုနေကြောင်းကို အီသန်သူငယ်ချင်းပြောပြထား၍ အကျိုးအကျောင်းမေးချင်တာလည်းပါသည်။ အကျောင်းသားရေးရာက တောင်းထားသည့် သူ့ရဲ့ဖုန်းနံပတ်လေးကတော့ သူ့ကိုဆက်သွယ်ဖို့တစ်ခုတည်းသောအရာ။

*ကိုယ့်ကိုမလိုလားတဲ့သူကိုမှ မေတ္တာတွေဖောဖောသီသီ ပေးချင်နေတော့တာပဲ၊ ကိုယ်ကိုတိုင်တောင် နားလည်ရခက်နေပြီကွယ်*

🌼🌼🌼

Thanks for reading❤️
Moe Satt Nway

𝐏𝐀𝐒𝐓 𝐋𝐈𝐕𝐄Where stories live. Discover now