Part-3(Unicode)

22 5 3
                                    

ကျောင်းသို့ရောက်ပြီး လေးရက်အကြာ..

မတ်လ ရောက်လာပေမဲ့ အအေးဓာတ်ကယခုထိအနည်းငယ်ကျန်ရှိနေသေးသည်။အနွေးထည်မထူမပါးတစ်ခုကို ဝတ်ကာ စာသင်ခန်းသွားရန်  အခန်းပြင်သို့ထွက်ခဲ့သည်။ စနေနေ့ပေမဲ့ အတန်းတက်ရသည်။ တနင်္ဂနွေမှသာ မနက်ပိုင်းတက်ပြီး ညနေပိုင်းပိတ်ပေးသည်။

ညကအိပ်ခါနီး အိမ်သာသွားပြီး အိပ်ခန်းကိုပြန်အလာ နောက်ကတစ်ယောက်ယောက်ရှိနေသလိုခံစားချက်ကြီး ကိုပြန်တွေးမိသည်။ အိပ်မက်ကပါမကောင်းပြန်တော့ ​စိတ်ထဲအနည်းငယ်လေးလျက်။ အတွေးလွန်တတ်တဲ့သူမို့ လျှောက်မတွေးမိအောင် ဘုရားစာသာစိတ်ထဲဆိုနေမိသည်။

မနက်စာသင်ခန်းသို့ရောက်ပြီး တစ်နာရီအကြာ ကျောင်းသားရေးရာ ကအစ်မတစ်ယောက်မှ ကိုယ်တို့S3အတန်းပိုင်နှင့် စကားကိုတိုးညင်းစွာပြောနေပြီး ကျွန်မတို့ကတော့အင်္ဂလိပ်စာအချိန်မို့ သင်ကြားရေးဆရာမပြောတာတွေကို အာရုံစိုက်ပြီးနားထောင်နေမိသည်။

ခဏအကြာ အတန်းပိုင်မှ သင်ကြားရေဆရာမကိုခွင့်တောင်းပြီး တစ်ခုခုပြောရန်ပြင်သည်။

"ဒီထဲမှာ ခြူးမြတ်မိုး ရှိတယ်မလား "

ကိုယ့်နာမည်ခေါ်လိုက်သည်မို့ အတော်လေးလန့်သွားသည်မှာအမှန်။

ခြူမြတ်မိုး လက်ထောင်ပြကာ
"ဟုတ်ဆရာ သမီးပါ"

ကျောင်းသားရေးရာ အစ်မကကိုယ့်အား
"ညီမလေး အိမ်ကလာခေါ်တယ် ၊ ပိတ်ရက်မို့တဲ့ အ့တာအောက်ကိုဆင်းခဲ့ပေးနော် "

ခြူးမြတ်မိုး အနည်းငယ်တော့ ကြောင်သွားသည်။ နာမည်တူတွေများရှိလို့မှားခေါ်သလား ၊ ဘာပဲဖြစ်ဖြစ် အိမ်ပြန်ရမည်ဆိုသည့်အသိကြောင့် ပျော်ကာစာအုပ်များကိုမြန်မြန်သိမ်းပြီးဆရာမကိုခွင့်တောင်းကာ အိပ်ခန်းတွင်းမှလိုအပ်တာများယူပြီး ကျောင်းသားရေးရာသို့အမြန်ဆင်းခဲ့လိုက်သည်။

ကျောင်းသားရေးရာရောက်တော့ အမလတ်နဲ့ အကိုတစ်ဝမ်းကွဲက ကိုယ့်အားစောင့်နေသည်။ ကိုယ်လည်း ဝမ်းသာပြီးလာခေါ်ရသည့်အကြောင်းအရင်းကိုမေးတော့
ပိတ်ရက်မလို့ လမ်းကြုံတာနဲ့ဝင်ခေါ်သည်တဲ့ ။

𝐏𝐀𝐒𝐓 𝐋𝐈𝐕𝐄Where stories live. Discover now