ညနေ ထမင်းစားချိန်ပြီးတာနဲ့ မုန့်ဆိုင်သွားဖို့သူဇာ့ကို အဖော်ညှိလိုက်ရတယ်။ အသေအချာတိုင်ပင်စရာဆိုလို့ ကိုယ့်မှာသူဇာပဲရှိတာ ၊ ကိုယ့်ရဲ့အူကြောင်ကြောင်နိုင်လောက်တဲ့မေးခွန်းတွေကိုလည်း လူရင်းဖြစ်တဲ့သူဇာကပဲနားလည်နိုင်လောက်မယ်။
မုန့်ဆိုင်ရှေ့တွင် ထိုင်စားဖို့ ချပေးထားသည့် တွဲရက်ပါသည့် သံထိုင်ခုံတွင် နှစ်ယောက်ဝင်ထိုင်လိုက်ပြီး သူဇာကတော့ မုန့်ထုပ်ဖောက်နေလိုက်ပြီး ခြူးမြတ်ကတော့ စကားပြောဖို့လူအရိပ်အခြည်ကြည့်နေရသည်။
"ခြူး နင်ပြောစရာရှိတယ်ဆို ဘာလဲ"
"အေးငါပြောမို့ပဲ ခဏနည်းနည်းလူရှင်းအောင်စောင့်နေတာ ဟိုလေ ငါမနက်ကအိမ်သာသွားပြီးပြန်လာတော့ မျက်နှာမကောင်းလို့နင်တောင်မေးသေးတယ်လေ "
" အေး အ့တာ..."
"အ့တာငါ ဇွန်ဇွန်နဲ့ အိမ်သာထဲတွေ့လာတာ အစကငါအိမ်သာထဲကထွက်ခါနီး အပြင်မှာရန်ဖြစ်သလိုစကားသံကြားလို့ နားထောင်နေလိုက်တာ၊ သူတို့ပြောနေတာကဟာ ဟို ရီးစားလိုမျိုးရန်ဖြစ်နေသလိုပဲဟာ ၊ ဖောက်ပြန်ပြီး ပြန်လာတာကိုလက်မခံတော့သလိုနဲ့ပြောနေတာ အ့မှာပဲတစ်ယောက်က နင်ရှိတဲ့S3ကိုလာမှာငါ့ကိုမတားနဲ့ဘာညာနဲ့ ပြီးတော့ တစ်ယောက်ယောက်အပြင်ထွက်သွားလို့ငါလည်း ထွက်လာလိုက်တာ အ့မှာ
ဇွန်ရတီလင်းက စိတ်တိုပြီးနံရံကိုထိုးနေတာ!""ဟမ် ဇွန်ရတီလင်း ဟုတ်လား"
"အေး ထွက်သွားတဲ့တစ်ယောက်ကိုတော့ နာမည်ပဲကြားလိုက်တယ် စု ဆိုလားပဲ ၊ငါလည်းလန့်သွားပြီး မြန်မြန်လက်ဆေးနေတာ သူကငါ့ကိုရှောင်နေတာနင်သိတယ်မလား၊ငါလည်းမနှုတ်ဆက်လို့ မကောင်းတာနဲ့သူ့လက်ကိုဂရုစိုက်ဘာညာပေါ့ ပြီးတော့ ဘာလို့ငါ့ကိုရှောင်နေတာလဲမေးတော့ သူကဘာပြန်ပြောတယ်မှတ်လဲ "
"အေး ဘာတဲ့လဲ "
"အီသန်နဲ့ခင်နေပြီလားတဲ့ အစမရှိအဆုံးမရှိပါဆို"
"ဟယ် အ့လိုမေးတယ်ဟုတ်လား ဘယ်လို့လဲ"
"ငါလည်းမသိလို့နင့်ကိုပြောပြရတာ ငါထင်တာတော့လေ ဇွန်ရတီလင်းကမိန်းကလေးချင်းတွဲဖူးတယ်ထင်တယ်၊ ငါတို့ ရေဆင်းက ထက်ထက်နဲ့သီရိလို လေ"
YOU ARE READING
𝐏𝐀𝐒𝐓 𝐋𝐈𝐕𝐄