အတန်းထဲ ထိုင်ခုံနေရာချိန်းဖို့အတွက် ကျောင်းသူတွေအကုန်ကိုယ့်ပစ္စည်းကိုသိမ်းဆည်းထားကြသည်။
ဒီနေ့တော့ ဇွန်ရတီလင်းလည်းအတန်းပြန်တက်နေပြီ။ နေမကောင်းတာကြောင့် မျက်နှာလေးကတော့အနည်းငယ် ချောင်ကျသွားသည်။"သူဇာရယ် ငါနင်နဲ့ပဲတူတူထိုင်ချင်တာ"
"ဘယ်တတ်နိုင်မလဲခြူးရယ် ဒါပေမဲ့လည်းတစ်ခန်းထဲ တူတူရှိနေသေးတာပဲ ဘာမှမဖြစ်နဲ့"
ခဏအကြာ ဆရာမနာမည်တွဲခေါ် သူတွေကနေရာတူတူထိုင်ကြပြီး ခြူးမြတ်တို့ ဘေးဆုံးrollရောက်တဲ့အခါမှာတော့
"သူဇာ အရှေ့တက် ခြူးမြတ်မိုးက အ့မှာပဲထိုင်လိုက် ခြူးမြတ်ဘေးကိုဇွန်ရတီလင်းသွားမယ်၊ သူဇာနားကို သဇင်ဝင်ထိုင်မယ်"
ဆရာမညွှန်ကြားချက်အပြီး ခြူးမြတ်မှာဟန်တောင်မဆောင်နိုင်အောင် မျက်နှာကြီးကပြုံးဖြီးနေတော့သည်။ ဇွန်ရတီလင်းနဲ့တူတူထိုင်ရတော့မှာမို့ ဆရာကိုထိုင်သာကန်တော့လိုက်ချင်တော့သည်။
ဇွန်ရတီလင်းက ထိုင်ခုံမှာဝင်ထိုင်လိုက်ရင်း ခြူးမြတ်မိုး နားသို့တိုးတိုးလေးကပ်ပြောသည်။
"တော်သေးတယ် မိုးနဲ့တူတူထိုင်ရလို့"
"ငါရောပဲ ဟီး"
သူဇာကတော့ နောက်လှည့်ပြီး ကျေနပ်ပြီမလားဆိုတဲ့အကြည့်ဖြင့်ပြုံးကာ လှည့်ကြည့်လာသည်။ စာသင်ချိန်ပြီးလို့ မုန့်စားဆင်းချိန်ရောက်တော့ မုန့်ဆိုင်ကိုမသွားဖြစ်ပဲ ဇွန်ရတီလင်းနဲ့စကားလက်ဆုံကျနေတော့သည်။ ဇွန်ရတီလင်းက အစာအိမ်ကြောင့် ဆေးရုံခဏခဏသွားရတာတွေကို ခြူးမြတ်တို့အားပြောပြနေသည်။
"ဇွန်ဇွန် အ့ဆိုနင်ခေါက်ဆွဲတွေစားလို့မရဘူးပေါ့ "
"အင်းဟုတ်တယ် နဲနဲတော့စားလို့ရပါတယ်"
"ဟယ် မတည့်တာတော့မစားပါနဲ့ ပြီးတော့ အခုငါဘေးမှာရှိနေပြီ တစ်ခုခုဆိုငါ့ကိုပြောနော်သိလား"
"အေးပါ မိုးရဲ့ ဒါနဲ့ငါ၁၀လပိုင်းဆို အဆောင်ဝင်ရတော့မှာ"
"ဟယ်တကယ်လား "
YOU ARE READING
𝐏𝐀𝐒𝐓 𝐋𝐈𝐕𝐄