ဆယ်ကျော်သက်အရွယ်ဆိုတာ လေတိုက်လို့သစ်ရွက်လှုပ်ရင်တောင် ရင်ခုန်တတ်တဲ့အရွယ် မလား ၊ လူတစ်ယောက်ကို တိတ်တခိုးသဘောကျရတဲ့ ခံစားချက်တွေက အနာဂတ်ရောက်လို့ တစ်ချိန်ချိန်ပြန်တွေးမိရင် ရီစရာဟာသလေးတွေနဲ့အမှတ်တရဖြစ်နိုင်ပေမဲ့ လက်ရှိပစ္စုပ္ပန်မှာတော့ တကယ်ကိုရင်ခုန်စရာအခိုက်အတန့်တွေပါပဲ။
__
အင်္ဂလိပ်စာအချိန်ဖြစ်တာကြောင့် သင်ခန်းစာများကို ရေးပြီးသည်နှင့် တစ်တန်းချင်းစီထွက်ကာ ဆရာမဆီစာအုပ်သွားထပ်ရသည်။
ခြူးမြတ်မိုးတို့က နောက်ဆုံးခုံဖြစ်တာကြောင့် အလာပသလာပပြောရင်းသာ စာအုပ်ရမယ့်အချိန်ကိုထိုင်စောင့်နေတော့သည်။
"ခြူးမြတ်မိုး "
ယောက်ျားလေး တစ်ယောက်ကခေါ်လိုက်သည်မို့ ခြူးမြတ်မိုးစကားပြောနေရင်း ဆက်ခနဲလှည့်ကြည့်လိုက်သည်။ သူမသဘောကျနေသော အောင်ခန့်မှ သူ့စာအုပ်အား မြောက်ပြကာနာမည်ခေါ်သည်မို့ အတော်လေး ရင်ခုန်သွားရသည်။
ချက်ချင်းမတ်တပ်ရပ်ကာ စာအုပ်အားထယူလိုက်ပြီး သူ့အားမရဲတရဲကြည့်ကာ ပြုံးပြလိုက်သည်။ သူကလည်း ပြန်လည်ပြုံးပြသည်မို့ ခြူးမြတ်မိုး ပို၍ရင်ခုန်သွားရတော့သည်။ အခန်းရဲ့နောက်တွင် ထိုင်နေသော အတန်းပိုင်ကိုလည်း ခြူးမြတ်မိုး သတိမထားမိတော့ပါ။စာအုပ်ယူကာ ခုံတွင်အမြန်ပြန်ထိုင်လိုက်သည်။ အနောက်မှ အတန်းပိုင်ဆရာမကတော့ ချောင်းဟမ့်သံနှင့်အတူ
"ဟင်းဟင်း သိပ်မပြောချင်ဘူးနော် ကျောင်းပိတ်တော့မှာမလို့ ဘာမှမပြောတော့တာ"တကယ်ပါပဲနော် တစ်ယောက်နဲ့တစ်ယောက်ရီပြရတာတောင် အပြစ်ဖြစ်နေရတယ် လို့ခြူးမြတ်မိုးစိတ်ထဲကသာတီးတိုးပြောမိသည်။
...................
ခြူးမြတ်မိုး မနက်မုန့်စားဆင်းချိန် ဆယ့်ငါးမိနစ်နားချိန်တွေ၌လည်း မုန့်ဆိုင်နှင့်
သန့်စင်ခန်းထဲသို့မသွားတော့ဘဲ အခန်းထဲတွင်သာနေတော့သည်။ မုန့်ကိုလည်းအမြွှာနှစ်ယောက်နှင့်သာ မှာလိုက်သည်။
မဟုတ်လျှင်အီသန်နဲ့တွေ့ပြီး စကားတွေမပြောချင်ဘဲ ပြောနေရလိမ့်မည်။ သူ့ရဲ့လူကြားမရှောင် သူကြားမရှောင် ဆွဲလားရမ်းလားလုပ်တဲ့သည့်အကျင့်ကြောင့် ပို၍စိတ်ရှုပ်ရသည်။ မိန်းကလေးအချင်းချင်းပေမဲ့ နွေဦးခင်တို့ပြောပြသလို သူ့အကြောင်းသိသည့် ကျောင်းသူဟောင်းများမြင်ရင် ကိုယ့်အားတစ်မျိုးထင်သွားနိုင်သည်။ အဲ့ဒါတွေကြောင့် အတတ်နိုင်ဆုံးမတွေ့အောင် ရှောင်နေရတော့တယ်။
YOU ARE READING
𝐏𝐀𝐒𝐓 𝐋𝐈𝐕𝐄