Part-4(Unicode)

20 5 0
                                    

ဒီနေ့တော့ ဇွန်ရတီလင်းအား ကျေးဇူးတင်ကြောင်းပြောပြီး ကိုယ်နဲ့သူ့ကိုစပြီးတွေ့စုံစေခဲ့တဲ့ အအေးဗူးဖြစ်တဲ့ ပိုကာရီစွက်နှင့်အတူ အိမ်ကထည့်ပေးလိုက်သည့် ပူစီကိတ်မုန့်ကို အိတ်ထဲသို့ထည့်ကာ အတန်းသို့ထွက်လာခဲ့လိုက်သည်။

ဒီနေ့နဲ့ဆို ဆယ်တန်းတွေစာမေးပွဲဖြေဆိုတာ ၄ရက်မြောက်နေ့ပင်ဖြစ်သည်။ အတန်းမစခင် ကျောင်းအောက်၌ ကျောင်းအုပ်ကြီးက ဆယ်တန်းတွေအားမှာကြားစရာရှိတာများကို မှာကြားနေသည်ကို ကြားရသည်။ ဆယ်တန်းတွေစာမေးပွဲပြီးသည်နှင့် ၉တန်းတက်မည့် ကျောင်းသူကျောင်းသားများရောက်လာတော့မည်။ အိပ်ခန်းတွေကိုလည်း နေရာပြန်ချမည်ဟုကြားသည်ကြောင့် ကျွန်မသူငယ်ချင်းများနှင့် အတူနေနိုင်ရန် တိုင်ပင်ရသည်။

ကျောင်းတက်တာ ရက်ကြာလာတာနှင့်အမျှအတန်းထဲတွင် ခင်မင်မှုတွေများလာသည်။ ကျွန်မသည်ဝလည်းဝ ရယ်လျှင် အသံကျယ်ကာ ပွင့်လင်းတတ်တဲ့လူဖြစ်တာကြောင့်တော်တော်များများကသတိထားမိကြသည်။ မိန်းကလေးသူငယ်ချင်းများသာရှိပြီး ကျောင်းသည်စည်းကမ်းကြီးတာကြောင့် ယောက်ျားလေးသူငယ်ချင်းမှာမူမရှိသေး၊ သို့ပေမဲ့ ကျွန်မအား အမြဲပြုံးပြနေသော ကောင်လေးတစ်ယောက်တော့ရှိသည်။

ကျွန်မသည်လည်းစာသင်ခန်းထဲတွင် သဘောကျနေသော ကောင်လေးတစ်ယောက်ရှိသည်။ ထိုသူကိုအများက
ရန်ကုန်သားဟုနာမည်ပြောင်ကာ ခေါ်ဆိုကြသည်။ နာမည်ပြောင့်နှင့်အညီ ထိုသူမှာ အသားရည်သည်ဖွေးစွတ်လျက် ယောက်ျားလေးတန်မဲ့ဖွေးအုကာ နုဖက်နေတော့သည်။ဆံပင်ကိုဆီဖြင့် အမြဲသပ်တင်ထားပြီး ခွဲကြောင်းမှာထင်းနေသည်။ အရပ်မှာကျွန်မထက်အနည်းငယ်ရှည်သပြီး အသံအနေထားကအစ ယောက်ျားဆန်သောသူ့၏ပုံစံအားကျွန်မအတော်လေးသဘောကျမိသည်။ သူ့အားကျွန်မသဘောကျနေသည့် အကြောင်းကိုတော့ အတန်းထဲတွင်တစ်ခုံထဲ ထိုင်သောသံစဥ်နှင့် ကျွန်မ၏ငယ်သူငယ်ချင်းဖြစ်သူ သူဇာကလွှဲ၍ ကျန်တဲ့သူများမသိပေ။

မနက်အတန်းချိန် နှစ်ချိန်ပြီးတာနှင့်မုန့်စားဆင်းကြသည်။ မနက်ကထည့်လာသော အအေးနှင့်မုန့်ကိုယူကာ ဇွန်ရတီလင်းတို့အတန်းရှိရာသို့လာခဲ့လိုက်သည်။ သူမသည် နွေးထွေးကာ ဖော်ရွေတတ်တဲ့သူမို့ ကျွန်မအတော်လေး ရင်းနှီးကျွမ်းဝင်ချင်မိသည့် လူတစ်ယောက်ပင်။ စာသင်ခန်းနားအရောက် သူဇာနှင့်တွေ့သည်မို့ ဇွန်ရတီလင်း ရှိမည့်နေရာအားမေးလိုက်ပြီး သန့်စင်ခန်းသွားသည်ဆိုသောကြောင့် အခန်းရှေ့တွင် ခဏရပ်စောင့်နေလိုက်သည်။

𝐏𝐀𝐒𝐓 𝐋𝐈𝐕𝐄Opowieści tętniące życiem. Odkryj je teraz