ဒိုးလုံးရဲ့ အကြင်နာနည်းလှလွန်းသူ သီချင်းက
အီသန်အတွက် တမင်ဆိုပေးထားသလိုလို။ခြူးမြတ်မိုးမှာ သူကလွဲရင် တခြားသူများအားဖော်ရွှေကာ ပန်းနုရောင်ပါးဖောင်းဖောင်းလေး မို့တက်လာသည်အထိ ပြုံးပြတတ်သည်။ သူ့အားမြင်လျှင် ဘယ်ဘဝကအငြိုးလည်းမသိ တွေ့တာနှင့် မျက်စောင်းထိုးကာ ဆူပုတ်ပုတ်လေးဖြစ်သွားတတ်တာ၊ အဲ့ဒီ့အမူအရာလေးများကပင် အိသန့်
ရင်ထဲကိုအပြည့်အဝနေရာယူနေသည်။ဟိုတစ်နေ့ကလည်း S2ထဲရောက်မလာလို့ စလိုက်တာကို အခုထိသူ့အားစိတ်ဆိုးနေသည်ပုံ။ သူ့မြင်လျှင် စကားမပြောရမနေနိုင်သည့်ကိုယ်ကပဲ စပြီးစကားပြောရတော့တယ်။ ရိုးရိုးတန်းတန်းတော့စကားမပြောချင် မစရရင်လည်းမနေနိုင်သည်မို့ နံရံတစ်ခုတွင်ကွယ်ရပ်ကာ တမင်ဝင်တိုက်မိအောင် ခြူးမြတ် အလာကိုစောင့်နေလိုက်သည်။
"အမလေး ဘုရား တရား"
နံရံဘေးသို့လှည့်အထွက် ရင်ခွင်ထဲဝင်လာသည့် ဝါဂွမ်းဆိုင်ခဲလေးလို အသားရည်ပိုင်ဆိုင်ထားသည့်ကောင်မလေး၊ ပြန်မလွတ်ပေးချင်လောက်တဲ့အထိ ခြူးမြတ်ကချစ်စရာ ကောင်းလွန်းနေသည်။ ဝဝလေးမို့ အသားလေးတွေကဝါဂွမ်းစလေးတွေကို နုနုအိအိလေးလို အခုထိ မျက်လုံးလေးမှိတ်ကာ ကြောက်နေသောကောင်မလေးအား အိသန်အူယားလွန်းလို့ ပါးလေးတွေကိုဖျစ်ညစ်ချင်နေပြီ။
"အဟမ်း မင်းကသူများရင်ခွင်ထဲဝင်ရတာတော်တော်ကြိုက်တယ်"
ထိုအသံအား ခြူမြတ်ကြားသည်နှယ် ချက်ချင်းပင် အနေထားအကွာတွင်ရပ်လိုက်ကာ
"အယ် ဝင်ချင်လို့ဝင်တာမဟုတ်ပါဘူးနော်! မတော်တဆလေ၊ အဝင်မခံချင်ရင် လဲကျကျဘာဖြစ်ဖြစ်ရှောင်လိုက်လေပေါ့ ဘယ်လိုလူမှန်းမသိဘူး "
မျက်မှောင်ကျုံ့ကာပြောချင်ပြောပြီး ထွက်သွားတတ်သူအား အိသန်ကြည့်ရင်း ပြုံးနေရုံကလွဲမတတ်နိုင်၊ အစတွင်စကားတွေအများကြီးပြောမည်ဟုထွေးထားသော်လည်း အနီးကပ်မြင်လိုက်ရသည့် မျက်နှာလေးကြောင့် ဘယ်ဘက်ရင်အုံမှအကောင်ပေါက်က အဆက်မပြတ်ခုန်နေသည်မို့ စကားများပျောက်ရှသွားခဲ့တော့သည်။
VOCÊ ESTÁ LENDO
𝐏𝐀𝐒𝐓 𝐋𝐈𝐕𝐄