စကားသံ မတိုးမကျယ်ကြားရတာကြောင့် မျက်လုံးကဆက်ခနဲ ပွင့်လာသည်။ မီးရောင်က မျက်လုံးအားစူးကနဲ။ ခေါင်းအုံးဘေးမှ လက်ပတ်နာရီကိုကြည့်မိတော့ မနက်ငါးနာရီခွဲနေပြီ။ ငုတ်တုတ်ထိုင်လိုက်ကာ မျက်နှာသစ်ဖို့ပြင်ရတော့၏ ။
" ခြူး ငါ့တို့ကြောင့်နိုးသွားပြီလား ၊ ခြောက်နာရီမှ ထလို့ရပါတယ်ဟ ၊ငါတို့ကရေအစောထချိုးတာမလို့အကျင့်ဖြစ်နေလို့ ၊ ရေချိုးခန်းက လူများရင်စောင့်ရတယ်လေ အဲ့တာကြောင့် "
"အော် ၊ဒါနဲ့မအေးဘူးလားဟင် "
မတ်လ ရဲ့အစပိုင်းသာရှိသေး၍ ဆောင်းအအေးဓာတ်သိပ်ကမကုန်သေး။
"သိပ်မအေးပါဘူး စချိုးတုန်းခနပဲအေးတာပြီးရင်နွေးသွားရော ၊ နင်ရောသွားချိုးချင်ရင်ချိုးလေ ငါတို့အခန်းက လူမရှိတော့ဘူး"
အလွှာတစ်လွှာစီတွင် အခန်းခုနှစ်ခန်းရှိတာကြောင့် အိမ်သာရော ရေချိုးခန်းပါ ခုနှစ်လုံးစီထားပေးထားပြီး အခန်းလိုက် အိမ်သာရော ရေချိုးခန်းပါ ရသည်။
အိပ်ယာသိမ်း ပြီးရေချိုးသွားရတော့သည်။6:30 AM
ထမင်းစားဖို့ ပုံစံခွက် ပန်းကန်ပြားများကိုကိုင်ကာတစ်ယောက်ချင်းစီတန်းစီရသည်။ ထမင်းစားပြီးတာနဲ့ ကွင်းပြင်တွင်တန်းစီပြီး လူစစ်ကာစာသင်ခန်းသို့သွားကြရသည်။
"ကဲ ကလေးတို့ရေ ရှိတဲ့ အခန်းထဲအရင်ဝင်ထိုင်ကြဦး ခနနေအတန်းခွဲမှာမို့ နာမည်ခေါ်တဲ့လူကထွက်ခဲ့ပေးနော် "
ခဏအကြာ နာမည်တစ်ယောက်ချင်းစီခေါ်ကာ Sectionအလိုက်အခန်းပြောင်းကြရသည်။ သွန်းသူဇာကတော့ S4ကိုရောက်သွားပြီး ကျွန်မကတော့ S3မှာကျန်နေခဲ့သည်။ ဘေးကပ်ရပ်က သူငယ်ချင်းကဖော်ရွေသည်မို့ အဆင်ပြေလှ၏။
စာသင်ချိန် နှစ်ချိန်ပြီးသည်နှင့် မုန့်စားဆင်းဖို့အချိန်မိနစ် ၂၀ပေးသည်။"ခြူးမြတ် နင်မုန့်သွားဝယ်စားချင်လား "
ဘေးကပ်ရပ်ထိုင်နေတဲ့ သူငယ်ချင်းကမေးလာသည်။ နေရာသိပ်မရင်းနှီးသေးတာမို့ သိပ်အပြင်မထွက်ချင်။ ယောက်ျားလေးတွေလည်း အပြင်ဝရံတာမှာ အုပ်စုလိုက်ရပ်နေကြတာကြောင့် လည်းပါသည်။
YOU ARE READING
𝐏𝐀𝐒𝐓 𝐋𝐈𝐕𝐄