Part-13 (Uni)

7 1 0
                                    


"အဲဒီတော့ နင်က နင့်ကောင်မကိုထိလို့ငါ့ကိုလာရှာတာပေါ့ဟုတ်လားအီသန် ၊ နင့်ကောင်မကအနေအထိုင်မှမတတ်တာ အ့တော့အမြင်မတော်လို့ ပါးပါးလေးရှင်းထုတ်လိုက်တာ"

"နင့်စောက်ပါးစပ်ကိုပိတ်ထားစမ်း စုမွန်အောင်"

ပြောရင်းဆိုရင်းအီသန်က စုမွန်အောင်လည်ပင်းအား တင်းကျပ်စွာဆုပ်ကိုင်ထားသောသည်။

မိန်းကလေးအများစု စုံတတ်တဲ့နေရာက စာသင်ခန်းတွေနဲ့ဝေးတဲ့toilet နဲ့ အဝတ်လဲခန်းနှစ်ခုထဲကတစ်ခုမှာပင်။ ရန်ဖြစ်ပြီးပြဿနာအများစုဖြစ်တတ်တာကလည်း အ့ဒီနေရာနှစ်ခုမှာပဲ။  ကျောင်းသူတော်တော်များများက ပြဿနာဖြစ်လျှင်မမြင်ချင်ယောင်ဆောင်သွားတတ်ကြပြီး ဆရာမတွေကိုအကူညီခေါ်သည်မှာ ရှားသည်။ တစ်နည်းအားဖြင့် ကျောင်းရဲ့ဒိတ်ဒိတ်ကြဲသူဌေးသမီးတွေနဲ့ ပြဿနာဖြစ်စေမည့်အကြောင်းအရာများကို အတော်အတန်ရှောင်ကြသည်။

စုမွန်အောင်မှာ မျက်နှာတစ်ခုလုံးရဲတက်လာပြီးအသက်ရှူရပ်မတတ်ဖြစ်နေတာကြောင့် သူ့လည်ပင်းကအီသန့်လက်ကို အတင်းရိုက်ထုပ်နေသည်။ ပါးစပ်မှလည်း စကားလုံးတွေကပလုံးပထွေးနဲ့ ၊ သူစကားမှားသွားပြီဆိုတာသိလိုက်ပြီ၊ အီသန်ကကျောင်းမှာ လုံးဝသွားမထိသင့်တဲ့လူမှန်း စုမွန်အောင်မေ့နေခဲ့တာပဲ။

"အီ..အီ...သန် ငါ..ငါ..အသက်ရှူ..မရတော့..ဘူး"

စကားအဆုံး၌ အီသန် သူ့လည်ပင်းအား လွတ်ပေးလိုက်ပြီး အသက်ရူချောင်သွားလို့ ချောင်းတဟွတ်ဟွတ်ဆိုးနေသော စုမွန်အောင်ရဲ့ယူနီဖောင်းကော်လန်အား ပြန်ဆွဲထားလျက် ။

"ဒီမှာ နောက်ဆိုစကားကိုကြည့်ပြော ပါးစပ်ပါတိုင်းစကားကို စည်းမရှိကမ်းမရှိ ပေါက်လွတ်ပဲစားမထွက်နဲ့ ကြားလား၊ နင်မြဲမြဲမှတ်ထား ခြူးမြတ်မိုးကိုထိတဲ့ဘယ်သူမဆို နဲနဲလေးမှ ဒီတိုင်းမထားဘူး နင်..ငါ့အကြောင်းကောင်းကောင်းသိပါတယ် နောက်တခါ သူ့ကိုထပ်ထိကိုကတော့ နင်ကိုလည်ပင်းညစ်ရုံတင်မပြီးဘူးဆိုတာသဘောပေါက်ထား တောက်! "

အီသန်ထွက်သွားမှ စုမွန်အောင် အသက်ကိုဝဝရူရဲတော့သည်။ မှန်ကိုကြည့်လိုက်တော့ လည်ပင်းမှာလည်း လက်ရာထင်ပြီးနီရဲနေတာကြောင့် အင်္ကျီကြယ်သီးကိုအဆုံးထိတက်လိုက်ပြီး မျက်ရည်များသုပ်ကာ စာသင်ခန်းထဲပြန်လာခဲ့လိုက်သည်။

𝐏𝐀𝐒𝐓 𝐋𝐈𝐕𝐄Where stories live. Discover now