"တချို့ဝဋ်ကြွေးတွေက ဟန်ဆောင်ကောင်းတယ် မသိရင်ဖူးစာပါလာတဲ့ပုံစံနဲ့ ရောက်လာတာမျိုး။"
-------------
မနက်ပိုင်း၁၅မိနစ်မုန့်စားဆင်းချိန်တွင် အတူထိုင်သော အမွှာနှစ်ယောက်က မုန့်သွားစားကြသည်မို့ ခြူးမြတ်မိုး အဖော်မရှိတာနဲ့ Toiletသို့တစ်ယောက်တည်းသာ
လာခဲ့ရတော့၏။Toiletထဲသို့အဝင် အထဲကရေအနည်းငယ်ကြောင့်ခြေလျော်သွားလျက်...
"အာ့! အ..အမေ့ "
စိတ်ထဲတွင်တော့ ခြေချော်ကာ ကြမ်းပြင်နှင့် နှစ်ပါးသွားနေရပြီထင်ပေမဲ့ လက်တွေ့တွင်တော့ တစ်စုံတစ်ယောက်၏ ထွေးပွေ့ခြင်းကိုခံထားရသည်။ အစကကြောက်ကြောက်လန့်လန့်နှင့် မျက်လုံးမှိတ်ထားသည်မို့ ကိုယ့်ကား ပွေ့ဖက်ထားသူမှာ ဖြူသလား၊မဲသလားမသိ။ တစ်ဖြေးဖြေးမျက်လုံးဖွင့်ကြည့်မိချိန်တွင်တော့ တကယ်ကိုမှကြည့်ကောင်းလှသည့်မျက်နှာတစ်ခု မျက်ခုံးမှာ အသေအချာပုံဖော်ထားသည့်နှယ် သေသပ်စွာ၊ မျက်ခုံးနှစ်ခုဆုံရာ သည်တကယ်ကို လှပလွန်းသည်။ မျက်ဝန်းတွေက အနည်းငယ်ထိတ်လန့်နေပုံပေါ်သလိုနဲ့ စိတ်ရှုပ်နေသည့် အရိပ်ယောင်လည်းတွေ့ရသည်။ နှုတ်ခမ်းသည်လည်း အတော်လေးလှ၏။ ထိတ်လန့်စိတ်တွေအနည်းငယ်ပျောက်ကာ သူ့အားစက္ကန့်ပိုင်းလောက် ကြည့်နေမိသည်။
*ချောလိုက်တာ ၊ မိန်းကလေးမှဟုတ်ရဲ့လား*
ထိုအချိန်တွင် toiletထဲသို့ ဝင်လာသော တစ်ယောက်သောသူကြောင့် တွေးနေတဲ့အတွေးများပျောက်ရှကုန်သည်။
"မိုး!! ၊အ့တာ့ ဘာဖြစ်နေကြတာလဲ"
toilet ထဲသို့ဝင်လာသူမှာ တခြားသူမဟုတ်ကိုယ့်အား မိုးဟုခေါ်တတ်သည်မှာလည်း တစ်ယောက်သာရှိသည်။ ထိုသူမှာ
ဇွန်ရတီလင်းသာ။ကိုယ့်အား ပွေ့ဖက်ထားသူလက်ထဲမှာ ဆက်ခနဲ ဆွဲခေါ်ကာ သူ့နောက်သို့ပို့ကာ လက်ကောက်ဝတ်အား ဆုပ်ကိုင်ထားသည်။ ဒီအခြေနေအား ခြူးမြတ်မိုးတစ်ယောက်လုံးဝနားမလည်။ ခေါင်းလေးငုတ်ကာ မျက်လုံးများကတော့ မရဲတရဲ ထိုအခြေနေအားအကဲခတ်နေမိသည်။
YOU ARE READING
𝐏𝐀𝐒𝐓 𝐋𝐈𝐕𝐄