𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟿《ကယ်တင်မှာလား မကယ်တင်ဘူးလား 》

8.4K 1.1K 12
                                    

My Cherry Will Explode in the Apocalypse

Chapter 29

Author: Drunken Light Song
Source: Chrysanthemum Garden
Translator: オタク

Unicode

လမ်းတစ်ဖက်၌ ကားထိုးပြီး လူအချို့သည် ကားထဲမှဆင်းလာကာ အင်တာနက်ကဖေးအနောက်ဖက်သို့သွားကြ၏။ တစ်ချက်ကြည့်လိုက်ရုံဖြင့် သူတို့သည် အစိမ်းရောင်ဆိုင်းဘုတ်နှင့်စူပါမားကတ်အသေးလေးကိုတွေ့လိုက်ကြသည်။ တံခါး ကန့်လန့်ကာကို နှိမ့်ချထားပြီး တံခါးကန့်လန့်ကာတွင် သော့ကြီးတစ်ခုဖြင့် ခတ်ထားလေသည်။ သံကြိုးပေါ်တွင် ထင်ရှားသော ဓားရာများရှိနေသည်။ စူပါမားကတ်ကို မျက်စိကျနေသူသည် သူတို့သာလျှင် မဟုတ်ပုံရသည်။ သို့သော် သံကြိုးသည် အတော်လေးထူ၏။ ထိုလူများသည် ဆူဆူညံညံလုပ်မိပြီး ဖုတ်ကောင်များ သူတို့ကို သတိပြုမိသွားမည်ကို ကြောက်နေ၍ဖြစ်မည်။ ထို့ကြောင့် သူတို့ မဖြေရှင်း နိုင်ခဲ့ခြင်းဖြစ်မည်။

【T/N : တံခါးပုံစံ တချို့ဆိုင်တန်းတွေကလို အပေါ်ကနေ အောက်ကို ဆွဲချပြီး ပိတ်ရတဲ့ သံတံခါးမျိုးပါ။ 】

“လာခဲ့ , ကျားဟယ် မင်းကစားဖို့အချိန်ပဲ ”

စုန်ချန့်ရှု ကျန့်ကျားဟယ်အား လက်ဝှေ့ယမ်းပြလိုက်၏။
 

ကျန့်ကျားဟယ်သည်လည်း နောက်ထပ် ‌ဆော့မကစားတော့ပေ။ သူသည် သူကြုံရာကောက်ယူလာသော သံမဏိပိုက်လုံးဖြင့် ချိန်းကြိုးကို ဖြတ်လိုက်ပြီး နောက်ထပ်အားတစ်ခုဖြင့် ပိတ်ထားသောတံခါးကို ဆွဲတင်လိုက်သည်။

တံခါးရွက်ကို ဖွင့်လိုက်သည့် အခိုက်မှာပင် အရိပ်မဲတစ်ခုသည် လေတိုးသံတစ်ခုနှင့် သူတို့ဆီသို့ ပြေးလာလေ၏။ ကျန့်ယွင်သည် ထိုအကြောင်းကို မတွေးချင်ခဲ့ပေ။ သူသည် မြေဆွဲအား စွမ်းအားကို တိုက်ရိုက် အားထုတ်လိုက်ပြီး အမည်မသိ‌ရသော အရာအား မြေမြင်ပေါ်တွင် ဖိထားလိုက်သည်။

စုရွေ့ကျယ်သည် မီးထိုးကြည့်လိုက်ပြီး အနက်ရောင်ကြက်တူရွေးတစ်ကောင်ဖြစ်ကြောင်းတွေ့လိုက်ရသည်။ ကြက်တူရွေး၏ ခြောက်သွေ့နေသောကိုယ်နှင့် အနီရောင်မျက်လုံးများကို ကြည့်ခြင်းအားဖြင့် ၎င်းသည် ဖုတ်ကောင်ပြောင်းသွားသည်ပဲဖြစ်ရမည်။

My Cherry Will Explode in the Apocalypse 《Myanmar Translation》Where stories live. Discover now