My Cherry Will Explode in the Apocalypse
Chapter 86《 အသိတချို့နှင့်ဆုံခြင်း 》
Author: Drunken Light Song
Source: Jostena M
Editor: Dragon
Translator: オタク“ကျန့်ရှုံးတိ!”
လူတစ်ဦးသည် ပျက်စီးနေသောအိမ်မှ ခြေထော့နဲ့နှင့်ထွက်လာပြီး ကျန့်ယွင်၏မျိုးရိုးနာမည်ကို လှမ်းခေါ်လိုက်သည်။
【TN : ကော(gē) အစ်ကို ၊ ရှုံးတိ (xiōng dì) ညီလေး】ကျန့်ယွင်သည် တစ်ဖက်လူကို အံ့အားသင့်စွာကြည့်လိုက်၏။ သူ့မှာ ဒီလူနှင့်ပတ်သတ်ပြီး အထင်ကြီးစရာမရှိခဲ့ပါချေ။
“ကျန့်ရှုံးတိ၊ ငါက ကျန်းမောင့်ရုန်ပါ! ”
ထိုလူသည် ကျန့်ယွင်၏သံသယများကိုမြင်ပြီး သူ့မည်သူမည်ဝါဖြစ်ကြောင်း အလျင်အမြန်ပြသခဲ့သည်။
သူ့နာမည် ပြောပြခဲ့သော်လည်း ကျန့်ယွင်သည် ဒီလူနှင့်ရင်းနှီးသလို ခံစားခဲ့ရပေမယ့် သူဘယ်သူလဲဆိုသည်ကိုတော့ မမှတ်မိသေးပါချေ။
မှတ်မိခဲ့သည့်သူမှာတော့ စုရွေ့ကျယ်ဖြစ်လေသည်။ အဲ့ဒိဘေးကင်းရေးဇုန်ငယ်တစ်ခုကို တစ်ယောက်တည်းထူထောင်ကာ လွတ်မြောက်လာသူများကို ကိုယ်ခံပညာဖြင့်ကာကွယ်ခဲ့သည့်သူမဟုတ်လား? စုရွေ့ကျယ်သည် ဤလူကိုစဉ်းစားနိုင်သည်မှာ ချန်ဟွေ့ကျန်းနှင့် စုချီမင်းတို့လည်း ဘေးကင်းရေးဇုန်၌ပေါ်လာခဲ့သော းကြောင့်ဖြစ်သည်။
စုရွေ့ကျယ်သည် ကျန့်ယွင်ကို တိုးတိုးလေးသတိပေးလိုက်ပြီး နောက်ဆုံးမှာတော့ ကျန့်ယွင်သည် ဒီလူကိုမှတ်မိသွားလေ၏။ ထိုသူ့အပေါ် သူ့ပထမဆုံးအထင်အမြင်သည် အဆင်ပြေ၏။ အဘယ်ကြောင့်ဆိုသော် သူသည် ဘေးကင်းရေးဇုန်တစ်ခုကိုတည်ထောင်ခဲ့ပြီး တောင်ရှင်ဘုရင်မဖြစ်ချင်ခဲ့ပေ၊ သို့သော် လူအများအပြားကို ဘေးကင်းရန်သူ့အမှတ်တကယ် လိုချင်ခဲ့သည်ဖြစ်သည်။ အန္တရာယ်တစ်ခုရှိသည့်အချိန်တွင် သူသည် ရှေ့ကို အပြေးအလွှားသွားရန် ဆန္ဒရှိလိမ့်မည်ဖြစ်သည်။။
ကျန်းမောင့်ရုန်နှင့် သူသည် ဤအချိန်တွင် အများကြီး ပြောင်းလဲသွားခဲ့ပြီဖြစ်၏။ နဂိုထိပ်ပြောင်တဲ့ ဦးခေါင်းကြီးဟာ ဆံပင်များပေါက်လာခဲ့ပြီး ဆံပင်ပုံစံသည် ပြောမပြနိုင်ပေ။ ဆံပင်ပုံစံသည် ကြက်အသိုက်နှင့်တူ၏။ သူ့ခန္ဓာကိုယ်သည် ယခင်ကလို သန်မာသော်လည်း သူ့ဘယ်ဘက်ခြေထောက်တွင် အမာရွတ်များ အများကြီးရှိပြီး သူ့ဘယ်ခြေထောက်သည် ထော့နဲ့နေလေ၏။ ခြေထောက်ကို သစ်သားနှင့် တွဲချည်နှောင်ထားပြီး အရိုးကျိုးနေသည့်ပုံပင်ဖြစ်၏။

YOU ARE READING
My Cherry Will Explode in the Apocalypse 《Myanmar Translation》
Romance《 ငါ့ချယ်ရီက ကမ္ဘာပျက်ကပ်ကြီးမှာ ပေါက်ကွဲလိမ့်မယ် 》 ပျက်ကပ်ကြီးမတိုင်မီပြန်လည်မွေးဖွားလာခြင်းရဲ့ အရေးကြီးဆုံးအရာကအဘယ်နည်း? အစားအစာအသီးအနှံတွေသိုလှောင်ခြင်းလား? ဘယ်ဟုတ်လိမ့်ပါ့မလဲ အဲ့ဒါက ပြန်မမွေးဖွားမီ အတိတ်ဘ၀ရဲ့အရေးအပါဆုံးသောသူကိုရှာဖွေဖို့ကြိုးစ...