𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽《အမြတ်အစွန်း》

8.8K 1.3K 13
                                    

My Cherry Will Explode in the Apocalypse

Chapter 7

Author: Drunken Light Song
Source: Jostena M
Translator: オタク

Unicode

စုရွေ့ကျယ် သူ့ရဲ့ဆုံးဖြတ်ချက်အား နောင်တရသွားမည်ကို စိုးရိမ်၍ ချန်ဟွေ့ကျန်းသည် ကလေး၏အိမ်ထောင်စုစာရင်းပြောင်းဖို့ရန်လိုအပ်သည့် သက်သေအချက်အလက်များကိုအလျင်အမြန်ပြင်ဆင်လေ၏။ နှစ်ရက်ကြာပြီးနောက် သူမသည် မနက်ဖြန်ညနေသုံးနာရီတွင် သက်ဆိုင်ရာလုပ်ထုံးလုပ်နည်းများလုပ်ရန် အိမ်ထောင်စုမှတ်ပုံတင်ရုံးသို့သွားရန် စုရွေ့ကျယ်အတွက် စာချန်ခဲ့၏။

နောက်တစ်ရက်တွင် စုရွေ့ကျယ် မနက်ပိုင်း၌ သူ့ အသီးအရွက်နှင့် သစ်သီး၀လံများအကုန်ရောင်းကုန်ပြီးနောက် နေ့လည်ပိုင်း၌ သူ၏အမြဲတမ်းနေထိုင်ခွင့်မှတ်ပုံတင်စာအုပ်နှင့်အတူ မှတ်ပုံတင်ရုံးသို့သွားလေ၏။ ထိုနေရာတွင် ချန်ဟွေ့ကျန်းအပြင် စုရွေ့ကျယ် သူ့၀မ်းကွဲအစ်ကို စုချန်း၊ မရီ၀မ်းကွဲ လင်ရှီးနှင့် ၀မ်းကွဲတူငယ်လေး စုချန်ကွမ်း တို့ကိုလည်းတွေ့လိုက်၏။ 

“ရှောင်ကျယ် မတွေ့တာကြာပြီ။ ဒီနေ့ကူညီတဲ့အတွက်ကျေးဇူးတင်ပါတယ်ကွာ ”

စုချန်သည် အရပ် 175cm ခန့်ရှိပြီး ရုပ်ရည်သွင်ပြင်နှင့် အချိုးအဆစ်ကလည်း အတော်အသင့်ကောင်းမွန်‌သော တည်ဆောက်ပုံရှိ၏။  သူသည်၀တ်စုံပြည့်ကို၀တ်ဆင်ထားပြီး အစိုးရရုံး၌အလုပ်လုပ်နေကာ အာမခံချက်ရှိသောအလုပ်အကိုင်တစ်ခု *ရှိလေ၏။ သူ့မိသားစုအခြေအနေသည် ကောင်းမွန်ပြီး ထိုသို့လှပသောအမျိုးသမီးတစ်ယောက်ဖြစ်သည့် လင်ရှီးအား ဇနီးအဖြစ်လွယ်လွယ်ကူကူလက်ထပ်ယူနိုင်သည်မှာ အံ့ဩစရာမရှိပေ။

T/N ; an iron rice bowl (simplified Chinese: 铁饭碗; traditional Chinese: 鐵飯碗; pinyin: tiě fàn wǎn) သည် တရုတ်အသုံးတစ်ခုဖြစ်ပြီး အာမခံချက်ရှိပြီး လုံခြုံသော အလုပ်အကိုင်အခွင့်အလမ်းတစ်ခုကို ဆိုလိုပါသည် တဲ့။

လင်ရှီးသည် ကျော်ကြားသောတံဆိပ်များ၀တ်ဆင်ထားပြီး သိမ်မွေ့သော စိတ်နေသဘောထားရှိ၏။ သူမသည် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတစ်ခု၌ ‌လက်ထောက်မန်နေဂျာတစ်ယောက်အဖြစ်အလုပ်လုပ်နေသည်ဟုကြားမိ၏။ စုချန်သည် စုရွေ့ကျယ်ကိုနှုတ်ဆက်ပြီး သိမ်မွေ့သောအပြုံးတစ်ခုနှင့် အသာအယာခေါင်းငြိတ်ပြ‌လာ၏။ သူရှက်နေပုံရပြီး စုရွေ့ကျယ်နှင့်တိုက်ရိုက်စကားမပြောခဲ့သော်ငြား သူ့၀မ်းကွဲအစ်ကိုသည် မည်မျှမာနကြီးပြီး တကိုယ်ကောင်းဆန်တတ်ကြောင်း သူကောင်းကောင်းသိ၏။ သူ့ကလေး၏ အိမ်ထောင်စုစာရင်းနှင့် ဖြိုဖျက်ကြေးကြောင့်သာမဟုတ်လျှင် ဆင်းရဲသောဆွေမျိုးတစ်ယောက်ဖြစ်သည့် စုရွေ့ကျယ်အား အကြည့်တစ်ချက်ပင်ပေးလိမ့်မည်မဟုတ်ပေ။

My Cherry Will Explode in the Apocalypse 《Myanmar Translation》Donde viven las historias. Descúbrelo ahora