My Cherry Will Explode in the Apocalypse
Chapter 80《 အပူချိန်ရုတ်တရက်ကျဆင်းသွားခြင်း 》
Author: Drunken Light Song
Source: Jostena M
Editor: Dragon
Translator: オタク၀မ်ရွှီရုန် နှင့် အခြားသူများကို ယာယီနေထိုင်ရာ နေရာသို့ ပြန်ပို့ပြီး ထုပ်ပိုးစေ၏။ ၀မ်ရွှီရုန်သည် အလွန်တရာအရှက်ကွဲပြီး ဒေါသကြီးစွာထွက်နေရသည်ဟု ခံစားရလေသည်။ တစ်လမ်းလုံး တောက်လျှောက် ဆဲဆိုနေခဲ့လေ၏။ သန်မာသော နဂါးပင် ဖြစ်စေကာမူ ဒေသခံ မြွေတစ်ကောင်ကိုပင် အနိုင်မယူနိုင်ပေ။ သူ့တွင် စွမ်းအားကြီးသော မိုးကြိုးစွမ်းရည်ရှိလျှင်တောင် တောင်ပိုင်းအခြေစိုက်စခန်းရှိ ထောင်ပေါင်းများစွာသော စစ်သားများ၏ သေနတ်များကို တားဆီး၍မရနိုင်ပါချေ။
"အကိုကြီး၊ ချန်းချင်းကို ငါတို့ ဘာလုပ်သင့်လဲ?"
ထုပ်ပိုးနေကြစဉ် လူတစ်ယောက်သည် ၀မ်ရွှီရုန်၏ နား နားသို့လာမေးလေ၏။
၀မ်ရွှီရုန်သည် ရုတ်တရက် တင်းကျပ်သွားပုံရပြီး တံခါးကို စိုက်ကြည့်လိုက်လေ၏။ သူတို့အား ပြန်ခေါ်လာသော စစ်သားများအားလုံးသည် တံခါးဝတွင် စနစ်တကျရှိနေကြပြီး သူတို့၏စကားပြောသံကို မကြားနိုင်ချေ။ ထို့ကြောင့် သူ အနည်းငယ် စိတ်လျော့သွားလေ၏။
သူသည် စပီကာကို စိုက်ကြည့်ရင်း
"ချန်းချင်းက ဘယ်သူလဲ? ငါတို့ တောင်ပိုင်းအခြေစိုက်စခန်းကို ရောက်လာတုန်းက ချန်းချင်းလို့ ခေါ်တဲ့လူ တစ်ယောက်မှမရှိဘူး။ မင်းငါ့အတွက် မှတ်မိနိုင်တယ် "
ထိုလူသည် အံ့အားသင့်သွားပြီးနောက် သူ့အာရုံများပြန်ရောက်လာကာ ခေါင်းအသာညိတ်လိုက်ပြီး ပါးစပ်ကိုပိတ်ကာ ထုပ်ပိုးလိုက်လေသည်။
၀မ်ရွှီရုန်သည် ကားဖြင့် တောင်ပိုင်းအခြေစိုက်စခန်းမှ ထွက်ခွာလာသည့်အချိန်တွင် နောက်သို့ပြန်ကြည့်ကာ
"ငါ သိပ်မကြာခင် မြန်မြန် ပြန်လာမှာပါ"
သောက် တောင်ပိုင်းအခြေစိုက်စခန်း၊ သူနဲ့တိုက်ခိုင်ရဲတယ်! အနာဂါတ်မှာ အခွင့်ကောင်းရရင် သူဒီကိုသေချာပေါက် ပြန်လာပြီး ဒီနေ့ သူ့ကို စော်ကားတဲ့သူတွေကို တန်ကြေးပေးစေမယ်!
![](https://img.wattpad.com/cover/305506442-288-k146612.jpg)
ESTÃS LEYENDO
My Cherry Will Explode in the Apocalypse ãMyanmar Translationã
Romanceã áá«á·áá»ááºáá®á ááá¹áá¬áá»ááºáááºááŒá®ážâááŸá¬ áá±á«ááºááœá²áááá·áºááẠã áá»ááºáááºááŒá®ážáááá¯ááºáá®ááŒááºáááºááœá±ážááœá¬ážáá¬ááŒááºážáá²á· á¡áá±ážááŒá®ážáá¯á¶ážá¡áá¬áá¡áááºáááºáž? á¡á á¬ážá¡á á¬á¡áá®ážá¡ááŸá¶ááœá±ááá¯ááŸá±á¬ááºááŒááºážáá¬áž? áááºáá¯ááºáááá·áºáá«á·ááá² á¡á²á·áá«á ááŒááºáááœá±ážááœá¬ážáá® á¡ááááºáááá²á·á¡áá±ážá¡áá«áá¯á¶ážáá±á¬áá°ááá¯ááŸá¬ááœá±ááá¯á·ááŒáá¯ážá ...