My Cherry Will Explode in the Apocalypse
Chapter 62《 မြွေကိုတွင်းထဲမှမျှားထုတ်ခြင်း 》
Author:Drunken Light Song
Source: Jostena M
Editor: Dragon
Translator: オタク【 Unicode 】
ဤဖက်တီးသည် တကယ်ကို လုယန်ဖြစ်သည်။ ယခင် လီမင်းကို သူပြောခဲ့သည့် စကားများသည် အမှန်မဟုတ်ခဲ့ချေ။ သူသည် အချိုရည်ထဲတွင်ရောစပ်ထားသည့် အရာကို တကယ်ကို မသိပါချေ။ ကျန့်ယွင်သည် သတိလစ်မေ့မြောသွားစေနိုင် လောက်သည့် ဆေးသာဖြစ်နိုင်ချေပိုများသည်ဟု ထင်ခဲ့သော်လည်း သူတို့သာ် အဆိပ်သင့် စေလောက်အောင် ရက်စက်နိုင်ခြေကို သူမငြင်းနိုင်ချေ။
ဘာပဲဖြစ်နေပါစေ ကျန့်ယွင်သည် စစ်သားများစွာ၏အသက်ကို လောင်းကြေးမထပ်နိုင်ချေ။
ဖက်တီးအဝေးသို့ထသွားချိန်တွင် ကျန့်ယွင်သည် လီမင်းနှင့် စကားစမြည်ပြောရန်သွားခဲ့သည်။ သို့သော် ဖက်တီးသည် စကားပြောပုံးတစ်ခုကဲ့သို့ လီမင်းအနားတွင် ထိုင်ကာ စကားပြောနေလေသည်။ အကယ်၍သူသာနှောင့်နှေးနေပါက စစ်သားတချို့သည် အချိုရည်ကို မတော်တဆသောက်မိလိုက်မည်ကို ကျန့်ယွင်စိုးရိမ်နေခဲ့သည်။ ထို့ကြောင့် ထိုကိစ္စကို တည့်တည့်သာသွားခဲ့လေသည်။
ဖက်တီးသည် တောင်ပိုင်းအခြေစိုက်စခန်း၏အခြေအနေကိုမေးမြန်းနေခဲ့သည်။ အသက်ရှင်ကျန်သူတစ်ယောက်အနေဖြင့် လွတ်မြောက်လာသူများ၏ အခြေစိုက်စခန်းအကြောင်း သိချင်သည်မှာ သာမာန်ဖြစ်သည်။ လီမင်းသည် ထိုသုသည် စိတ်အားထက်သန်လွန်းသည်ဟုတွေးခဲ့သော်လည်း အခြားသူများနှင့် တွက်ကပ်မနေဘဲ စိတ်ရှည်သည်းခံကာ သူ့မေးခွန်းများကို ဖြေဆိုပေးနေခဲ့သည်။
ကျန့်ယွင်ရောက်လာသည်ကိုမြင်သောအခါ လီမင်းသည် ရပ်တန့်လိုက်ပြီး မေးလာ၏။
“ခေါင်းဆောင် ကျွန်တော်ခင်ဗျားအတွက် ဘာလုပ်ပေးရလဲ? ”
“ကောင်းပါပြီ၊ အဲ့ဒါက တာ၀န်အကြောင်းပါ ”
ကျန့်ယွင်သည် ရည်ရွယ်ချက်ရှိရှိဖြင့် ဖက်တီးအားကြည့်လိုက်ပြီးနောက် ဆက်ပြောလာ၏။

ŞİMDİ OKUDUĞUN
My Cherry Will Explode in the Apocalypse 《Myanmar Translation》
Romantizm《 ငါ့ချယ်ရီက ကမ္ဘာပျက်ကပ်ကြီးမှာ ပေါက်ကွဲလိမ့်မယ် 》 ပျက်ကပ်ကြီးမတိုင်မီပြန်လည်မွေးဖွားလာခြင်းရဲ့ အရေးကြီးဆုံးအရာကအဘယ်နည်း? အစားအစာအသီးအနှံတွေသိုလှောင်ခြင်းလား? ဘယ်ဟုတ်လိမ့်ပါ့မလဲ အဲ့ဒါက ပြန်မမွေးဖွားမီ အတိတ်ဘ၀ရဲ့အရေးအပါဆုံးသောသူကိုရှာဖွေဖို့ကြိုးစ...