My Cherry Will Explode in the Apocalypse
Chapter 49
Author: Drunken Light Song
Source: Jostena M
Editor: playerprophet & Callis
Translator: オタク【 Unicode 】
သုံးနာရီကြာပြီးနောက် ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့များသည် လမ်း ဆယ့်ခုနစ်လမ်းနှင့် လူနေဧရိယာဆယ့်တစ်ခုကို ရှာဖွေခဲ့ကြ၏။ သူတို့သည် ဖုတ်ကောင် တစ်ထောင်နီးပါးကို သတ်ဖြတ်ခဲ့ကြသော်လည်း အသက်ရှင်ကျန်သူ သုံးဆယ့်သုံးဦးကိုသာလျှင် ရှာတွေ့ခဲ့ကြလေ၏။
ဤနယ်မြေတွင် အသက်ရှင်ကျန်သူက ဤထက်ပိုများရမည်။ သူတို့ဘယ်နေရာမှာများလဲ?
Aမြို့က အသက်ရှင်ကျန်နေသူတွေက တစ်နေရာရာမှာ အတူတူစုပြီး ပုန်းနေကြတာ ဖြစ်နိုင်လေမလား?
အာရုံမတက်ခင် တစ်နာရီခွဲလောက်၌ ရှာဖွေကယ်ဆယ်ရေး တာ၀န်၏ တပ်မှူးသည် နေ့လည်ဘက် ရှာဖွေကယ်ဆယ်ရေးအသင်းအနားယူဖို့အတွက် မြို့လည်ခေါင်ရှိ အားကစားရုံကြီးတစ်ခုကို အခြေစိုက်စခန်းအဖြစ်ရွေးချယ်လိုက်၏။ ပထမနှင့် ဒုတိယအဖွဲ့တို့သည် အားကစားရုံအတွင်းရှိ အလောင်းများကို ဖယ်ရှားရှင်းလင်းရန် တာ၀န်ပေးခံရ၏။ တခြားအဖွဲ့များသည် ရှာဖွေမှုများကို ဖြန့်ကျက်လုပ်ဆောင်ရန် သက်ရှိထောက်လှမ်းရေးကိရိယာများကိုဆက်လက်အသုံးပြုခဲ့ကြပြီး အာရုံမတက်ခင်မှာပင် အားကစားရုံဆီသို့ပြန်ရောက်လာကြလေ၏။
သက်ရှိထောက်လှမ်းရေးကိရိယာနောက်ကိုလိုက်ရင်း ဆယ့်နှစ်ခုမြောက်အဖွဲ့သည် အဆင့်မြင့်ဗီလာခရိုင်တစ်ခုသို့ရောက်သွားခဲ့ကြ၏။ ဗိုလ်မှုးသည် တံခါး၌ အစောင့် လေးငါးယောက်ကို ချန်ထားခဲ့ရန် ရပ်တန့်လိုက်၏။ ကျန်သည့်သူများသည် ဗီလာခရိုင်သို့ အတူတကွ ၀င်ရောက်ခဲ့ကြ၏။
သူတို့ဖြတ်ကျော်လာသည့် အိမ်များစွာသည် တံခါးများအဖွင့်ခံထားကြရပြီးဖြစ်၏။ တံခါးမကြီးများ၊ သော့များ၊ ပြတင်းပေါက်များသည် ရိုက်ခွဲအဖွင့်ခံထားကြရပြီး အိမ်များသည် အသေအချာရှာဖွေခံခဲ့ရပြီးပုံပင်။ ဗီလာခရိုင်အတွင်းရှိ အသက်ရှင်ကျန်သူများသည် အစားအစာအတွက် ရှာဖွေခဲ့ကြပုံရ၏။ ဆယ့်နှစ်ခုမြောက်အဖွဲ့သည် ဆက်လက်လမ်းလျှောက်လာကြပြီး ဗီလာတစ်ခု၏ ဂိတ်ပေါက်တဝိုက်တွင်ဖုတ်ကောင်ဒါဇင်ပေါင်းများစွာကို တွေ့လိုက်ကြရပြီး ၎င်းတို့သည် တံခါးအား ရိုက်နှက် ချိုးဖဲ့နေကြလေ၏။
![](https://img.wattpad.com/cover/305506442-288-k146612.jpg)
YOU ARE READING
My Cherry Will Explode in the Apocalypse 《Myanmar Translation》
Romance《 ငါ့ချယ်ရီက ကမ္ဘာပျက်ကပ်ကြီးမှာ ပေါက်ကွဲလိမ့်မယ် 》 ပျက်ကပ်ကြီးမတိုင်မီပြန်လည်မွေးဖွားလာခြင်းရဲ့ အရေးကြီးဆုံးအရာကအဘယ်နည်း? အစားအစာအသီးအနှံတွေသိုလှောင်ခြင်းလား? ဘယ်ဟုတ်လိမ့်ပါ့မလဲ အဲ့ဒါက ပြန်မမွေးဖွားမီ အတိတ်ဘ၀ရဲ့အရေးအပါဆုံးသောသူကိုရှာဖွေဖို့ကြိုးစ...