𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟷𝟸《 တွေ့ကြုံစုံစည်းကြခြင်း 》

5K 647 21
                                    

My Cherry Will Explode in the Apocalypse

Chapter 112《 တွေ့ကြုံစုံစည်းကြခြင်း 》

Author: Drunken Light Song
Source: Jostena M
Translator: オタク

လူကြီးနှစ်ယောက်သဘောတူလိုက်ကြကတည်းက ကျန့်ယွင်သည် လူကြီးနှစ်ယောက်ကို သူတို့အိမ်သို့ပြန်ခေါ်သွားဖို့ ဆုံးဖြတ်လိုက်သည်။ အိမ်သည် ရိုးရှင်းပြီး ကြမ်းတမ်းလွန်းသည့်အတွက်ကြောင့် ထိုအိမ်ထဲတွင် နေထိုင်သူမိသားစုမရှိဟုဖော်ပြနိုင်လေသည်။

ကျန့်ချန်ဖုန်း လှဲနေသောသော အိပ်ရာဟု‌ခေါ်သည့်‌ နေရာသည် တကယ်တမ်း မွေ့ယာဟောင်းများနှင့် အိပ်ယာခင်းဟောင်းများဖြင့် ပြုလုပ်ထားခြင်းဖြစ်လေသည်။ နွေးထွေးစေရန် အနွေးမီးဖိုလေးကိုသာ အားကိုးရလေသည်။ သူသည် သက်ကြီးရွယ်အိုနှစ်ဦးကို ဤနေရာတွင် နောက်ထပ်တစ်ခဏလေးသော်မျှ မထားခဲ့ချင်ပေ။

စုရွေ့ကျယ်သည် အနွေးထည်နှင့် ဘောင်းဘီရှည်နှစ်စုံ၊ ခြေအိတ်ထူများ၊ နှင်းဘွတ်ဖိနပ်များ၊ ဂျက်ကတ်အကျီရှည်နှင့် ဦးထုပ်တို့ကို နေရာလွတ်မှ ထုတ်ယူလိုက်ပြီးနောက် လူကြီးနှစ်ဦးအား ကျန့်ယွင်နှင့်အတူ အဝတ်အသစ် လဲစေလိုက်‌သည်။ ထို့နောက် ရတနာရှစ်ပါးယာဂုနှစ်ခွက်ကို ထုတ်ယူလိုက်ကာ သက်ကြီးရွယ်အိုနှစ်ယောက် ဝမ်းကိုဖြည့်ဖို့ရာ ကူညီလိုက်သည်။

သူတို့အတွက် ဤရက်များထဲ ဗိုက်ပြည့်ပြီး နွေးထွေးမှုအပြည့် ခံစားရသည်မှာ ပထမဆုံးဖြစ်လေသည်။

လူကြီးနှစ်ယောက်သည် သူတို့ ရိက္ခာပစ္စည်းများမပြတ်လပ်ကြောင်း ပြောသည့်အခါက လုံးဝမယုံကြည်ခဲ့ကြချေ။ ၎င်းသည် မှန်ကန်သည့်အခြေအနေသို့ပြောင်းလဲသွားကာ စုရွေ့ကျယ်သည် အမှန်တကယ်၌ ရှားရှားပါးပါး စိတ်စွမ်းအင်နေရာလွတ် စွမ်းအားရှင်တစ်ယောက်ဖြစ်နေလေ၏။ သူတို့နှစ်ယောက်စလုံးသည် ပျော်ရွှင်ကျေနပ်ကြပြီး ကလေးများသည် သူတို့အား မလိမ်ညာခဲ့ကြပါချေ။

ကျန့်ချန်ဖုန်း၏ခြေထောက်နှင့်ခြေဖဝါးများသည် အဆင်မပြေသည့်အတွက် ထွက်သွားကြစဉ် ကျန့်ယွင်နှင့်စုရွေ့ကျယ်တို့သည် သူ့ကိုကူညီတွဲပေးကြလေသည်။ လောင်ချောင်သည် အသက်ကြီးနေသော်လည်း သူ့ခြေထောက်များနှင့် ခြေဖဝါးများသည် သွားလာရ အဆင်ပြေနေဆဲဖြစ်လေသည်။ ယခု သူ့တွင်အစာနှင့်အဝတ်အစားများလုံလုံလောက်လောက်ရနေပြီး သူ့ခြေထောက်များသည် သန်မာနေလေသည်။ သူသည် ချန်းချီ၏ အကူအညီကို ငြင်းဆန်ပြီး သူကိုယ်တိုင် ခိုင်ခိုင်မာမာ လမ်းလျှောက်သွားလေ၏။

My Cherry Will Explode in the Apocalypse 《Myanmar Translation》Where stories live. Discover now