My Cherry Will Explode in the Apocalypse
Chapter 98《 ထူးဆန်းသည့်ဖုတ်ကောင် 》
Author: Drunken Light Song
Source: Jostena M
Translator: オタクကားသည် R&D အခြေစိုက်စခန်းထဲသို့ ဖြည်းညှင်းစွာ မောင်း၀င်လာသောအခါ နေရာတိုင်း၌ မီးခိုးခေါင်းတိုင်များနှင့် စက်ရုံများ တန်းစီနေသည်မှာ အလွန်အံ့မခန်းဖွယ်ကောင်းလောက်သည်။ တောက်ပထွန်းလင်းနေရမည့် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး အခြေစိုက်စခန်းတွင် အလင်းရောင်တစ်စုံတစ်ရာမရှိဘဲ အနက်ရောင်ဆေးအပြည့်ခြယ်ထားခဲ့လေသည်။ ကွန်ကရစ်နံရံသည် ကျိုးပဲ့ဆွေးမြေ့နေပြီး စက်ရုံမှန်တံခါးများသည် ကွဲနေခဲ့ကာ အလွန်စိတ်ပျက်စရာကောင်းသော ခံစားချက်ကို ပေးနေသည်။
ဗိုလ်ချုပ်ကျန်း၏ ပေးလိုက်သောသဲလွန်စအရ အဆိုပါ နှင်းခရူဇာ ထုတ်လုပ်မှုအလုပ်ရုံသည် R&D အခြေစိုက်စခန်း၏ ဧရိယာ Bထဲတွင် လက်တွေ့စမ်းသပ် အဆောက်အဦးနောက်ရှိ အကြီးဆုံး အလုပ်ရုံဖြစ်လေသည် ။
“ဒါနဲ့... ဧရိယာ Bက ဘယ်မှာလဲ?”
စုန့်ချန်ရှုသည် ကားကို ရပ်လိုက်လေသည်။ နှင်းများထူထပ်နေသောကြောင့် နေရာတိုင်းတွင် အဖြူရောင် လွင်ပြင်ကျယ်ဖြစ်နေ၏။ လမ်းညွှန်ဆိုင်းဘုတ်များ အားလုံးသည် ရေခဲများနှင့် နှင်းများဖုံးလွှမ်းနေခဲ့လေသည်။ ဧရိယာ B သည် မည်သည့်နေရာတွင်ရှိသလဲဆိုသည်နှင့် လက်တွေ့စမ်းသပ်မှုအဆောက်အအုံသည် မည်သည့်နေရာတွင်တည်ရှိသည်ကို မည်သူမှ မမြင်နိုင်ပေ။
“ပတ်မောင်းကြည့်လိုက်။ ချန်းကျောင်း နဲ့ ကျောက်ပင်းတို့ကို အဆောက်အဦးအပြင်ဘက်နံရံတွေနဲ့ ဆိုင်းဘုတ်တွေက ဆီးနှင်းတွေကို သူတို့စွမ်းအားကိုသုံးပြီး ဖယ်ရှားခိုင်းလိုက် ”
ဟု ကျန့်ယွင် ပြောလိုက်သည်။
“ကောင်းပြီ”
သူတို့ ကားပေါ်မှ ဆင်းပြီးချင်းမှာပင် လေးအေးတစ်ချက်တိုက်သွားလေ၏။ ချန်းကျောင်းနှင့် ကျောက်ပင်းတို့သည် ကုတ်အင်္ကျီအထူကြီးများနှင့် မျက်နှာဖုံးများ၊ လက်အိတ်များ၊ လည်စည်းများနှင့် ထုပ်ပိုးထားကြသော်လည်း ကားထဲမှထွက်လာသည့်အချိန်မှာတော့ မတုန်ယင်သွားဘဲမနေနိုင်ကြချေ။ သူတို့သည် ဤကဲ့သို့သော အေးခဲ့သည့်ရာသီဥတု၊ အရေးပြားပေါ်လာရောက်ရိုက်ခတ်သည့် လေးသည် အရေပြားကို ဓားတစ်ချောင်းကဲ့သို့ လှီးဖြတ်ရန် ကြိုးစားနေသကဲ့သို့သောဒဏ်ကို ဘယ်တုန်းကမှ မခံစားခဲ့ကြဖူးချေ။

ESTÁS LEYENDO
My Cherry Will Explode in the Apocalypse 《Myanmar Translation》
Romance《 ငါ့ချယ်ရီက ကမ္ဘာပျက်ကပ်ကြီးမှာ ပေါက်ကွဲလိမ့်မယ် 》 ပျက်ကပ်ကြီးမတိုင်မီပြန်လည်မွေးဖွားလာခြင်းရဲ့ အရေးကြီးဆုံးအရာကအဘယ်နည်း? အစားအစာအသီးအနှံတွေသိုလှောင်ခြင်းလား? ဘယ်ဟုတ်လိမ့်ပါ့မလဲ အဲ့ဒါက ပြန်မမွေးဖွားမီ အတိတ်ဘ၀ရဲ့အရေးအပါဆုံးသောသူကိုရှာဖွေဖို့ကြိုးစ...