My Cherry Will Explode in the Apocalypse
Chapter 85《 မိုးသည်းနေ့မှာလောင်သောမီး 》
Author: Drunken Light Song
Source: Jostena M
Editor: Dragon
Translator: オタクလင်းကျားသည် သူတို့ကို ကုသပေးပြီးချိန်မှာတော့ သူ့ကိုယ်သူ လုံး၀မရပ်တည်နိုင်လောက်အောင် အားနည်းနေခဲ့၏။
“ကျေးဇူးအများကြီးတင်ပါတယ် လင်းလူကြီးမင်း”
သူသည် လင်းကျားကို ကျေးဇူးတင်စကားပြောပြီးနောက် သူ့နောက်မှညီငယ်လေးကို ပြောလိုက်၏
“ လူကြီးမင်းလင်း ဘေးခန်းမှာအနားယူဖို့ ကူညီပေးလိုက် ”
စုရွေ့ကျယ်သည် ညီငယ်နှစ်ယောက်မှ လင်းကျားကို ဒုတိယအိပ်ခန်းသို့ ထောက်ပံ့ပေးနေသည်ကို ကြည့်နေလိုက်၏။ ဒုတိယအိပ်ခန်းသည် လူနေထိုင်သည့် နေရာနှင့် အနည်းငယ်ခပ်ဆင်ဆင်ဖြစ်၏။ တစ်ချက်ကြည့်လိုက်ရုံနှင့် နှစ်ထပ်ကုတင်ကို သူမြင်နိုင်သည်။ အိပ်ယာခင်းများ နှင့် အိပ်ယာအားလုံးသည် အသစ်ဖြစ်နေ၏။ လင်းကျားကို အိပ်ရာပေါ်တင်ပြီးနောက် သူသည် ခေါင်းအုံးနှင့်ထိလိုက်သည်နှင့် အိပ်ပျော်လုနီးပါးဖြစ်နေ၏။
“လူကြီးမင်းလင်းရဲ့ စွမ်းရည်က အရမ်းထူးခြားတယ်။ အဲ့ဒါကိုအသုံးပြုပြီးတဲ့အချိန်တိုင်း သူအရမ်းမောပန်းနေလိမ့်မယ်။ အိပ်ရေးဝဝ အိပ်ဖို့ပဲလိုတာပါ ”
ဝူရယ်သည် စုရွေ့ကျယ် လင်းကျားဘက်သို့ ခဏခဏကြည့်နေသည်ကိုမြင်ပြီး သူ တစ်ဖက်ကို စိတ်ပူနေမှန်း သိလိုက်သည်နှင့် သူရှင်းပြဖို့ အစပြုလိုက်၏။
စုရွေ့ကျယ်သည် ခေါင်းညိတ်လိုက်ပြီး ဘာမှပြန်မပြောခဲ့ချေ။
အားလုံးအဆင်ပြေသည့်အတွက် ဝူရယ်သည် မှတ်ပုံတင်ရန်တာ၀န်ကျသည့် လီပင်းကို ကျန့်ယွင်နှင့်တခြားသူများကို စာရင်းသွင်းပေးဖို့ ပြောလိုက်၏။ သူသည် သူတို့နှင့်အတူ ဂရုတစိုက် အဖော်ပြုပေးနေခဲ့၏။ သူသည် သူတို့နှင့် ပေါ့ပေါ့ပါးပါး စကားစမြည်ပြောပြီး သူတို့၏ပါးစပ်မှ အချက်အလက်များကို ပိုထုတ်ချင်နေခဲ့သည်။ ဒီလူများ၏ ခွန်အားသည် အလွန်သန်မာလွန်း၏။
အကယ်၍သူတို့သာ အခြေစိုက်စခန်းနှင့်ပူးပေါင်းပါက သူနို့ညီအစ်ကိုများမှ သူတို့အသုံးပြုနိုင်သလို ပြောရလွယ်ကူသည်။ သို့သော် သူတို့မတတ်နိုင်ပါက ခက်ခဲလိမ့်မည်ဖြစ်သည်။

STAI LEGGENDO
My Cherry Will Explode in the Apocalypse 《Myanmar Translation》
Storie d'amore《 ငါ့ချယ်ရီက ကမ္ဘာပျက်ကပ်ကြီးမှာ ပေါက်ကွဲလိမ့်မယ် 》 ပျက်ကပ်ကြီးမတိုင်မီပြန်လည်မွေးဖွားလာခြင်းရဲ့ အရေးကြီးဆုံးအရာကအဘယ်နည်း? အစားအစာအသီးအနှံတွေသိုလှောင်ခြင်းလား? ဘယ်ဟုတ်လိမ့်ပါ့မလဲ အဲ့ဒါက ပြန်မမွေးဖွားမီ အတိတ်ဘ၀ရဲ့အရေးအပါဆုံးသောသူကိုရှာဖွေဖို့ကြိုးစ...