My Cherry Will Explode in the Apocalypse
Chapter 41
Author: Drunken Light Song
Source: Jostena M
Translator: オタク【 Unicode 】
ကျောက်ပင်းသည် သူ့တွင် မီးစွမ်းရည် နိုးထလာခဲ့သည်ကို ရှာတွေ့သွားသောအခါ သဘာ၀အတိုင်းပင် အံ့အားသင့်ကာ ပျော်ရွှင်သွားလေ၏။ သူသည် ဤသို့သာမထင်မှတ်ထားလောက်သည့် စွမ်းရည်နိုးထလာခဲ့သည်ကို အံ့ဩခဲ့ရပြီး လူသားစားသည့် မကောင်းဆိုးဝါးတစ်ကောင်အဖြစ်သို့မပြောင်းလဲသွားခြင်းကြောင့် ပျော်ရွှင်ခဲ့ရခြင်းဖြစ်သည်။ ဤစွမ်းရည်ဖြင့် ကျောက်ပင်း၏ပထမဆုံး တုံ့ပြန်မှုမှာ သူ့ရဲဘော်များကိုကယ်တင်ရန် စစ်တပ်စခန်းဆီသို့ချက်ချင်းပြန်သွားရန်ဖြစ်သည်။ တစ်ခုသာလျှင်၊ နှစ်ဖက်အကြားရှိ စွမ်းအားကွာခြားချက်ကို တွေးလိုက်ချိန်တွင် သူတုံ့ဆိုင်းသွားခဲ့ရ၏။
"တကယ်လို့ ခင်ဗျား တခြားသူတွေကိုကယ်ချင်ရင် ကျွန်တော်အကြံပေးချင်တာက ခင်ဗျားပထမဆုံး စစ်တန်းလျားနဲ့ နီးတဲ့နေရာမှာ စခန်းချပြီး စစ်တန်းလျားတွေထဲက အခြေအနေကိုသိနိုင်ဖို့ လုပ်ပြီး နောက်မှ အစီအစဉ်တွေချဖို့ပဲ"စစ်တန်းလျားများသည် များသောအားဖြင့် ဝေးလံခေါင်ဖျား လျို့ဝှက်ထားသောနေရာများတွင်တည်ရှိတတ်ကြပြီး မြေပုံပေါ်တွင် အမှတ်အသားများတောင် မရှိတတ်ကြပေ။ ထို့ကြောင့် ကျန့်ယွင်က ဆက်၍
"ခင်ဗျားတို့ စစ်တန်းလျားတွေက ဘယ်နေရာမှာလဲ။ ကျွန်တော်တို့ ခင်ဗျားတို့ကို ပို့ပေးလို့ရတယ်။"
ကျန့်ယွင်သည် စစ်သားများ ၎င်းတို့၏ရဲဘော်များကယ်ဆယ်ခြင်းကို ကူညီရန်အကြောင်း တစ်ခွန်းမှမဟခဲ့ပေ။ နှစ်ဖက်စလုံးအနေဖြင့် ယုံကြည်မှုတည်ဆောက်ရန် အချိန်အနည်းငယ်လိုအပ်ပေသည်။ သူတို့အနေဖြင့် စစ်တန်းလျားများ၏အခြေအနေကို ရှင်းလင်းဖို့ရာ ပထမဆုံး လိုအပ်နေပေသည်။
"တကယ်ပဲလား။ ကျေးဇူးအများကြီးတင်ပါတယ်။"
ကျောက်ပင်းသည် သူတို့မတော်တဆဆုံတွေ့ခဲ့သည် ဤလူများသည် အလွန်တရာ စိတ်အားထက်သန်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။ သူနိုးလာချိန်က တခြားစစ်သားလေးများထံမှ ကြားခဲ့ရသည်မှာ သူ မေ့မျောနေစဉ်အတွင်း သူတို့သည် လူတိုင်းအားကုသပေးရုံသာမက အထဲ၀င်ဖို့ကြိုးစားခဲ့သည့် ဖုတ်ကောင်များကိုတိုက်ခိုက်ရာတွင်လည်း ကူညီပေးခဲ့ကြသည်ဟုပင်။ သူတို့သည် ထိုဖုတ်ကောင်များကျူးကျော်လာခြင်းမှကာကွယ်ရန် ၀င်ပေါက်ထွက်ပေါက်များအားလုံးကိုလည်း အလုံပိတ်ခဲ့သေးသည်။

ESTÁS LEYENDO
My Cherry Will Explode in the Apocalypse 《Myanmar Translation》
Romance《 ငါ့ချယ်ရီက ကမ္ဘာပျက်ကပ်ကြီးမှာ ပေါက်ကွဲလိမ့်မယ် 》 ပျက်ကပ်ကြီးမတိုင်မီပြန်လည်မွေးဖွားလာခြင်းရဲ့ အရေးကြီးဆုံးအရာကအဘယ်နည်း? အစားအစာအသီးအနှံတွေသိုလှောင်ခြင်းလား? ဘယ်ဟုတ်လိမ့်ပါ့မလဲ အဲ့ဒါက ပြန်မမွေးဖွားမီ အတိတ်ဘ၀ရဲ့အရေးအပါဆုံးသောသူကိုရှာဖွေဖို့ကြိုးစ...