အပိုင်း ၂၁၉ - သူတို့ထံ အကြွေးတင်ခြင်း

3.1K 323 2
                                    

[Unicode]

အပိုင်း ၂၁၉ - သူတို့ထံ အကြွေးတင်ခြင်း

အိုးထဲမှာ ပျစ်ပျစ်ကလေးဖြစ်အောင် တည်ထားတဲ့ အဖြူရောင်ငါးသေးလေး စွပ်ပြုတ်က နွားနို့ရောင်လို ဖြူဖွေးနေပြီး လတ်ဆတ်သင်းပျံ့တဲ့ ရနံ့တစ်မျိုးကို ထုတ်လွှတ်လို့နေသည်။ ထိုစွပ်ပြုတ်ထဲကို အံ့ဖွယ်ကျောက်တုံးရေစက်တချို့ လောင်းထည့်ထားပြီး တစ်ခုတည်းသော ဟင်းခတ်ပစ္စည်းအဖြစ် ဆားကိုသာ အသုံးပြုထားသည်။ ငါးစွပ်ပြုတ်က နဂိုကတည်းက အရမ်း လတ်ဆတ်တာကြောင့် တခြားရသာမှုန့်တွေ ထပ်ထည့်စရာ မလိုတော့ပေ။ စားတော့မယ့်အခါကျမှ ပိုအနံ့မွှေးပြီး စားချင့်စဖွယ်လေး ဖြစ်အောင် နံနံပင်တချို့နဲ့ နှမ်းဆီနှစ်စက်လောက် အပေါ်က ထည့်လိုက်ရင်ရပြီ။

ရှောင်ချောင်းနဲ့ အစေခံမလေးနှစ်ယောက်တို့ရဲ့ မျှော်လင့်တကြီး အကြည့်တွေအောက်မှ သခင်မဖန်းက စွပ်ပြုတ်အနည်းငယ်ကို သောက်ကြည့်လိုက်တယ်။ သင်းပျံ့လှတဲ့ရနံ့က သူမအစာအိမ်ထဲက အစာချေဖျက်တဲ့ ပိုးကောင်တွေကို လှုပ်နှိုးလိုက်သလိုပဲ။ စွပ်ပြုတ်က လတ်လတ်ဆတ်ဆတ်နဲ့ အရသာရှိပြီး ငါးအသားကလည်း နူးအိပြီး ချောမွေ့နေတယ်။ သူမကိုယ်တိုင်ပင် မသိလိုက်ဘဲ သခင်မဖန်းက ငါးစွပ်ပြုတ်တစ်ပန်းကန်နဲ့ ငါးအသားပြားပန်းကန်ဝက်ကို ကုန်စင်အောင် စားလိုက်လေတယ်။

ကျန်းကျူးနဲ့ လင်းလုံက တစ်ယောက်လက်ကိုတစ်ယောက် ဆုပ်ကိုင်ထားပြီး သူတို့မျက်လုံးတွေထဲမှာ စိတ်လှုပ်ရှားမှုရဲ့ မျက်ရည်တွေ ရစ်ဝဲနေတယ်။ အရင်ရက်တွေက သူတို့သခင်မ အစာစားချင်စိတ် ပျောက်နေတာက အတော်လေး စိုးရိမ်ဖွယ်ရာ ဖြစ်ခဲ့ရတယ်။ တစ်ခါစားတိုင်း သူမက ကြောင်တစ်ကောင်ထက်ပင် အစားနည်းခဲ့တယ်။ တကယ်လို့ သူမကိုယ်သူမ အတင်းဖျစ်ညှစ် စားပြန်ရင်လည်း ဆန့်ကျင်ဘက်ဆိုးကျိုးတွေပဲ ဖြစ်လာတယ်__အားကုန်သုံးပြီးစားခဲ့တဲ့ အစာမှန်သမျှ အကုန်ပြန်အန်ထွက်လာတာချည်းပဲ။ သူတို့သခင်မ ဒီလိုမျိုးအသားငါးတွေပါတဲ့ စွပ်ပြုတ်တစ်ပန်းကန်ကို ကုန်အောင် သောက်နိုင်ခဲ့တာ အတော်ကြာလှပြီ။ သစ္စာရှိတဲ့အစေခံနှစ်ယောက်က သူတို့ကိုယ်တိုင် ထိုအစာကို စားရတာထက်ပင် ပျော်ရွှင်နေကြတော့တယ်။

သက်တန့်ရောင်မိန်းမပျို Book 2 (MMTranslation)Where stories live. Discover now