အခန်း ၃၀၇ (နေ့လည်စာစားဖို့ နေပါဦး)

2.3K 251 0
                                    

[Unicode]
အခန်း ၃၀၇ (နေ့လည်စာစားဖို့ နေပါဦး)

သားဖြစ်သူ၏ နှစ်လိုဖွယ်စကားကို ကြားလိုက်ရတဲ့အခါ ဒုတိယသခင်မကျိုးက ခေါင်းညိတ်ပြီး ပြောလာသည်။
"သေချာတာပေါ့၊ ကြင်နာတတ်တဲ့နှလုံးသားရှိတဲ့သူတွေက ကောင်းချီးခံရတယ်.. မင်းပြောနေပုံအရဆို မိန်ကလေးယွီလည်း သဘောကောင်းပြီး ဖြောင့်မတ်တဲ့ လူတစ်ယောက်ဖြစ်မယ်.. ဧည့်သည်ကို အမြန် ဖိတ်ခေါ်လိုက်လေ "
တံခါးစောင့်က ဒုတိယတံခါးအပြင်ဘက်တွင်ရပ်ကာ အတွင်းမှအဖြေကို စိုးရိမ်တကြီး စောင့်ဆိုင်းနေသည်။ အတွင်းတံခါးရှိ အကြီးတန်းအစေခံတွေဆီကနေ 'သူမကိုမသိဘူး ' ဒါမှမဟုတ် ' သူမကို မတွေ့ချင်ဘူး ' စတဲ့ ပြန်စာဖြင့် တုံ့ပြန်လိမ့်မည်ဟု သူ အလွန်အမင်းမျှော်လင့်ခဲ့သည်။ ဒါပေမယ့် အတွင်းတံခါးရှိ အကြီးတန်း အစေခံတစ်ယောက်ကို တွေ့ရမယ့်အစား သူ့သခင်ဖြစ်သူရဲ့ ခပ်သုတ်သုတ်ပုံက သူ့ရှေ့မှာ ပေါ်လာတော့သည်။
"မိန်းကလေးယွီ ဘယ်မှာလဲ "
တတိယသခင်လေးကျိုးက တံခါးမှူးအနားသို့ လျှောက်သွားလိုက်ကာ အနည်းငယ်ဖိနှိပ်သော လေသံဖြင့် မေးလာသည်။
ဆောင်းလယ် ဖြစ်သော်လည်း တံခါးစောင့်သည် ချွေးများစို့လာကာ အထစ်ထစ် အငေါ့ငေါ့နဲ့ ပြန်ပြောလိုက်သည်။
တင်ပြရရင် မိန်ကလေးယွီက အဓိကတံခါးအပြင်မှာ စောင့်နေဆဲပါ
"အဓိပ္ပာယ် မရှိလိုက်တာ!! ကျိုးသာ့ဖု မင်း တံခါးစောင့်အဖြစ် အလုပ်လုပ်ခဲ့တာအနှစ်နှစ်ဆယ်ကျော်ခဲ့ပြီ.. ဒါတောင် ငါတို့ ကျိုးအိမ်တော်ရဲ့ ဧည့်ဝတ်ပြုမှု စည်းမျဉ်းတွေကို မသိသေးဘူးလား.."
တတိယသခင်လေးကျိုးက သူ၏စိုးရိမ်နေတဲ့ ခြေလှမ်းတွေကို ရပ်တန့်လိုက်ပြီးနောက်ဆုံးတွင် တံခါးစောင့်အား သေချာကြည့်လိုက်သည်။ တံခါးစောင့်က သခင်လေးကျိုးရဲ့ အမူအယာကနေတဆင့် သခင်လေးရဲ့အပြစ်ရှိတဲ့ ခံစားချက်နဲ့ မကြည်မသာဖြစ်နေတဲ့ ခံစားချက်တွေကို မြင်နိုင်တယ်.. ဒီအရေးမပါတဲ့ ကျေးကျွန်က မျက်နှာများတဲ့လုပ်ရပ်မျိုး ထပ်လုပ်ရမယ်ဆိုတာ သူ ချက်ချင်း မှန်းဆနိုင်တယ်..
ဒီကျိုးသာ့ဖုက သူကိုယ့်သူ ဒုတိယသခင်မကျိုးကို ထိန်းခဲ့သောကလေးထိန်း၏ သားဖြစ်နေခြင်းအပေါ် အားကိုးကာ မကြာခဏ အထက်လူကြီးတွေအပေါ် ဖားယားနေတတ်ပြီး အောက်ကလူတွေကိုတော့ အနိုင်ကျင့်တတ်သည်။ သို့သော် ကလေးထိန်းက သူ့ကို ထိန်းချုပ်လိုက်တာကြောင့် သူက စည်းမကျော်တော့သလို ဒုက္ခလည်း သိပ်မပေးတော့ပေ။ ထို့ကြောင့် တတိယသခင်လေးကျိုးတို့သားအမိတို့က သူ့အပြုအမူတွေကို မျက်ကွယ်ပြုထားကြသည်။ ဒါပေမယ့် ထိုအစေခံက အသိတရားမဝင်တဲ့အပြင် ပြီးခဲ့တဲ့၂နှစ်အတွင်းမှာ သူ့ရဲ့အပြုအမူတွေ ပိုဆိုးလာလိမ့်မယ်လို့ သူတို့ထင်မထားခဲ့ပေ။
ငါ့နောက်ကိုမလိုက်နဲ့တော့.. ကြိမ်ဒဏ်ခံပြီး မြင်းဇောင်းမှာ မြင်းတွေကို ထိန်းနေလိုက်!.. 
တတိယသခင်လေးကျိုးက ဒီယုတ်ညံ့တဲ့ ကျေးကျွန် ယွီရှောင် ချောင်းကို သာမန်အဝတ်အစားများ၀ တ်ဆင်ထားတဲ့ ကလေးတစ်ဦးဟု ထင်မှတ်ကာ အထင်သေးနေသည်ကို သိသည်။
ကျိုးသာ့ဖုက နောင်တရစွာနဲ့ တတိယသခင်လေးကျိုးရှေ့တွင် ဒူးထောက်လိုက်ပြီး သူခေါင်းကို မြေကြီးနှင့်ပြင်းပြင်းထန်ထန် ထုရိုက်လိုက်ကာ သက်ညှာမှုကို အသနားခံတော့သည်။
သခင်လေး ဒီအညတရကျွန်က အမှားလုပ်မိတာကို သိပါပြီ!.. ကျေးဇူးပြုပြီး ဒီအညတရကျွန်အမေရဲ့ တတိယသခင်မအတွက် ကြိုးစားဆောင်ရွက်မှုတွေကို တွေးတောပြီး နောက်ထပ်အခွင့်အရေးလေး ပေးပါ!.. "
တတိယသခင်လေးကျိုးက မရပ်ဘဲ သူ့အနားလျှောက်သွားပြီး
ကလေးထိန်းကြီးက မင်းကို အမြဲကူညီနိုင်မှာမဟုတ်ဘူး.. သူမရဲ့ ကောင်းကျိုးတွေကို သုံးဖို့မထိုက်တန်တဲ့မင်းကအသုံးချပေါင်းနေလည်းများပြီ..
ထိုသို့ပြောပြီးနောက် တတိယသခင်လေးကျိုးက တံခါးစောင့်အား အကြင်နာတရား ကင်းမဲ့နေသော ကျောပြင်ရှု့ထောင်နဲ့ သာ ချန်ထားခဲ့လိုက်သည်။
ကျိုးသာ့ဖု အလွန်နောင်တရသွားရသည်။ ကောင်းကျိုးအများဆုံးရနိုင်တဲ့ ရာထူးတစ်ခုဖြစ်သည့် တံခါးစောင့်ရာထူးမှ အကျိုးကျေးဇူးရနိုင်ခြေ အနည်းဆုံးဖြစ်တဲ့ အနံ့ဆိုးပြီးပင်ပန်းတဲ့ မြင်းထိန်းအဖြစ် သူ ရုတ်တရတ်ကြီး ရာထူးလျှော့ချခံလိုက် ရသည်။
သူ ကောင်းကင်ကနေ အဝီစိဆီကို နဖူးတွေ့ဒူးတွေ့ ပြုတ်ကျသွားရတာပဲ! ဒီလို သာမန်မိန်းကလေးငယ်တစ်ဦးက သူ့သခင်အတွက် အလွန်အရေးပါလိမ့်မယ်လို့ ဘယ်သူက သိမှာလဲ...
တံခါးစောင့်အသစ်ကတော့ သူကိုသူ သတိပေးဖို့ ဒီအဖြစ်အပျက်အား အမြဲအမှတ်ရနေပြီး ရာထူးယူပြီးနောက် လူတွေအား မည်သည့်အခါမျှ ရိုင်းပျစွာမဆက်ဆံတော့ချေ။ အထူးသဖြင့် ယွီမိသာစုမှ လူများအပေါ် ဖြစ်သည်။ ဒါက ဒုတိယအိမ်ခွဲရဲ့ ဂုဏ်သတင်းကို မသိလိုက်ဘဲ တိုးတက်စေခဲ့သည်။
တတိယသခင်လေးကျိုးက တံခါးမှူးကို ကိုင်တွယ်ဖြေရှင်းပြီးနောက် ပင်မဝင်ပေါက်ဆီသို့ ခပ်စိတ်စိတ် လျှောက်သွားလိုက်သည်။ သူ အိမ်တံခါးက ထွက်လိုက်တာနဲ့ ယွီရှောင်ချောင်းက တာဝန်ခံခေါင်းဆောင်နဲ့ စကားပြောနေစဉ် ခိုက်ခိုက်တုန်နေတာကို တွေ့လိုက်ရသည်။ နူးညံ့ဖြူဖွေးနေတဲ့ သူမ၏မျက်နှာက အေးစက်မှုကြောင့် အနီရောင်သို့ပင်ပြောင်းနေပြီ။
"ရှောင်ချောင်း မင်း ဘယ်ချိန်က ရောက်နေတာလဲ.. အိမ်ထဲကို အမြန်ဝင်ပြီး နွေးနွေးထွေးထွေးလာနေလိုက်! "
ကျိူးကျီရွှီစိတ်ထဲ ရှောင်ချောင်းအပေါ် ကရုဏာသက်သွားရသည်။ သူက လိမ္မာပါးနပ်မှု မရှိတဲ့ တံခါးစောင့်ကို ပိုဒေါသထွက်လာသလိုတောင် ခံစားလိုက်ရပြီး အစောက ပေါ့ပေါ့တန်တန်နဲ့ လွှတ်လိုက်မိတာကိုပင် နောင်တရနေမိသည်။
ယွီရှောင်ချောင်းက သူမလက်များကို အင်္ကျီလက်မှထုတ်ကာ အေးခဲနေတဲ့ မျက်နှာကို ပွတ်လိုက်ပြီး သူ့ကို မျက်လုံးလှန် ကြည့်လျက်
" ကျွန်မတို့မိသားစုက အနွေးကုတင်ပေါ်မှာ အသီးအရွက် တွေစိုက်ထားကြတာ... အဲ့တာ အဖေက ကျွန်မတို့ကိုဂရုစိုက်ပေးတဲ့ ရှင့်ကို ကျေးဇူးတင်တဲ့အနေနဲ့ အသီးအရွက်တချို့ကို လာပေးဖို့ တိုက်တွန်းနေတာလေ.. ဒါပေမယ့် တတိယသခင်လေးကျိုးရဲ့ အိမ်တံခါးက ဒီလောက်မြင့်လိမ့်မယ်လို့ ဘယ်သူသိမှာလဲ? ကျွန်မတို့လို သာမန်အရပ်သားတွေ ဝင်လို့မရဘူးပဲ ... "
ပုံမှန်အားဖြင့် ပြုံးနေတတ်တဲ့ မိန်းကလေးက ဒီလောက်ဒေါသကြီးတဲ့ ကောင်မလေးတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ဆိုင်တာဝန်ခံခေါင်းဆောင်က မမျှော်လင့်ထားပေ။ သူမက ကျိုးအိမ်သူအိမ်သားတွေရဲ့ အနာဂတ်ခေါင်းဆောင်ကို တောင် ခနဲ့ရဲတယ်။ တာဝန်ခံခေါင်းဆောင်က ရုတ်တရက် နှစ်ကြိမ်လောက် ချောင်းဆိုးလိုက်ပြီး သူ့သခင်လေးရှေ့က ကူညီရှင်းပြလိုက်သည်။
မိန်းကလေးယွီ အခုပြဿနာက လူတွေကို အထင်သေးတတ်တဲ့ အရေးမပါတဲ့ ကျွန်တစ်ယောက်ကြောင့်ပါ.. ကျွန်တော်တို့သခင်လေးနဲ့ ဘာမှမဆိုင်ပါဘူး ... "
"ဘာလို့ မဆိုင်ရမှာလဲ.. ဒါက ရှင်တို့သခင်ဘေးက လူတွေနဲ့ပတ်သက်ပြီး အမြင်မရှိကြောင်းပြနေတာပဲ.. သူ့လက်အောက်ငယ်သားတွေကို သင့်တော်တဲ့ရာထူးတွေမှာ ထားဖို့ သူ ကောင်းကောင်းမသိဘူးလေ.. 
ယွီရှောင်ချောင်းက မြည်းတွန်းလှည်းပေါ်မှ ဝါးခြင်းတောင်းကို ညွှန်ပြကာ တတိယသခင်လေးကျိုးအား ကြောက်စရာကောင်းတဲ့ အမူအယာနဲ့ ဆက်ပြောတယ်
ဒါကို ယူလိုက်.. အဲ့ဒါ ရှင့်မိသားစုအတွက်မလို့ လှည်းပေါ်က မြန်မြန်ချယူလိုက် ကျွန်မ ပြန်ရဦးမှာ! "
တတိယသခင်လကျိုးက မြည်းတွန်းလှည်းပေါ်မှ ဝါးခြင်းတောင်းကို ကိုယ်တိုင်ယူလိုက်ပြီး မျက်နှာချိုသွေးတဲ့အပြုံးဖြင့် ပြောလာသည်။
" ဟုတ်ပါပြီ .. ဒါတွေအားလုံးက ငါ့အပြစ်ပါ...နော် ဟုတ်ပြီလား? အခုက မင်း ငါ့အိမ်ကို ပထမဆုံးအကြိမ်လာတာဆိုတော့ အနည်းဆုံး တစ်ခုခုတော့ သောက်သွားပါဦး... ဒီလိုမှမဟုတ်ရင် အခြားသူတွေသိရင် ငါ့တို့ကျိုးမိသားစုကဧည့်ဝတ်မကျေဘူးလို့ ပြောကြလိမ့်မယ်..
" ဟမ်! ရှင်က ကိုယ့်ဧည့်သည်ကိုတောင် မောင်းထုတ်ခိုင်းထားပြီး တခြားသူတွေ ရှင့်အကြောင်းပြောမှာကို ကြောက်နေသေးတာလား.."
ယွီရှောင်ချောင်းမျက်နှာ၌ ကောင်းမွန်တဲ့အမူအရာ မရှိသေးပေ။ သူမက သူမရဲ့ ကိုယ်ပိုင်မြည်းကလေးကို ညွှန်ပြပြီးဆိုလာ၏။
ကျွန်မတို့မိသားစုရဲ့ မီးခိုရောင်လေးကိုရော ဒီမှာထားခဲ့ရမှာလား.. ဒီမှာအေးခဲသေသွားရင် ရှင်ဘာလုပ်ပေးမလဲ? "
ယွီမိသားစုမှ မြည်းကလေး၏အရှိန်က မြင်းတစ်ကောင်ထက် မနိမ့်ကြောင်း ကျိုးသခင်လေး သိသည်။ ထို့ပြင်အလွန်ရှားပါးတဲ့ လူသားဆန်တဲ့ခံစားမှုတစ်ခုလည်း ထိုမြည်းလေးမှာ ရှိသေးသည်။ဒါကြောင့် သူက မြန်မြန်ပဲ သူ့နောက်မှ အစေခံတွေကို အမိန့်ပေးလိုက်သည်။
ဘာလို့ မင်းတို့က ဒီနေရာမှာ ရပ်နေကြသေးတာလဲ.. မြည်းတွန်းလှည်းကို အမြန်ဖြုတ်လိုက်.. မီခိုးရောင်လေးကိုမြင်းဇောင်းဆီ ခေါ်သွားပြီး အစာကောင်းကောင်းကျွေးထားလိုက်.."
အစေခံတွေက မြည်းကို ဖြုတ်လိုက်ပြီး အဝေးသို့ ခေါ်ဆောင်သွားကြသည်။ သခင်အား မျက်နှာလို မျက်နှာရလုပ်လိုတဲ့ အစေခံတစ်ဦးက သူ့လက်ထဲမှ ဝါးခြင်းတောင်းကို ယူလိုသော်လည်း တတိယသခင်လေးကျိုးက သူ့ကိုရှောင်တိမ်းလိုက်ပြီး ပြောလာသည်။
ဒီခြင်းတောင်းကို ငါ ကိုင်နိုင်တယ်.. မင်း သွားပြီး လိုအပ်တာကို သာလုပ်လိုက်..
ဤနည်းဖြင့် တတိယသခင်လေးကျိုးက ဝါးခြင်းတောင်းကို ကိုယ်တိုင်ထမ်းကာ ယွီရှောင်ချောင်းအား အထဲခေါ်သွားသည်။ ကျိုးမိသားစု၏ ဒုတိယမိသားစုသည် အခန်းလေးခန်းပါဝင်သည့် ခြံဝင်းတစ်ခုတွင်နေထိုင်သည်။အဓိက ဝင်ပေါက်ဘေးတွင် အစေခံများနေထိုင်ကြသည့် အနောက်ဘက်ကို မျက်နှာမူထားသော အခန်းတန်းများ ရှိသည်။ ပင်မတံခါးအတွင်းသို့ ခြေလှမ်းအနည်းငယ်လျှောက်ပြီးနောက် ကြီးမားပြီး မြင့်မားတဲ့ မျက်နှာပြင်နံရံတစ်ခုရှိသည်။ တစ်လှည့်စီဖြင့် သူတို့သည် စတုဂံပုံစံရှိသည့် အပြင်ဘက်အဆောင်သို့ ရောက်လာကြသည်။ ပန်းဆိုင်းနဲ့တံခါးအား ဖြတ်သွားပြီးနောက် သခင်တို့ နေထိုင်တဲ့ အဓိကအဆောင်ကို ရောက်ပြီ ဖြစ်သည်။ တောင်စြင်္ကံကိုတော့ အိမ်တော်သခင်လေးတွေ နေထိုင်တဲ့ အရှေ့နှင့်အနောက် တောင်ပံအခန်းများကို ဆက်သွယ်ထားသည်။
ကျိုးမိသားစု၏ဒုတိယအိမ်ခွဲတွင် သားသမီးများစွာမရှိပေ။ ထို့ကြောင့် တတိယသခင်လေးကျိုးသည် ဒုတိယတံခါးဝင်းတွင် နေထိုင်သည့် တစ်ဦးတည်းသူ ဖြစ်သည်။ အကြီးပိုင်းတွေကတော့ တတိယတံခါးဝင်း၌ နေထိုင်ကြသည်။ ထို့ကြောင့် ဤနေရာမှာနေထိုင်သူကတော့ ကျိုးမိသားစု၏ အိမ်ရှင်မ တတိယသခင်လေးကျိုး၏ အမေဖြစ်သူ ဒုတိယသခင်မကျိုးပင် ဖြစ်သည်။အနောက်ဘက် အဆောက်အအုံသည် စတုတ္ထတံခါးဝင်းတွင် တည်ရှိသည်။ပုံမှန်အားဖြင့် မိသားစု၏သမီးများသည် ထိုနေရာတွင် နေထိုင်ကြသော်လည်း ၎င်းကို ယခုအချိန်တွင် အသုံးမပြုရသေးပေ။
ခြံဝင်းတစ်ခုစီကို ကြည့်ပြီးသောအခါ ယွီရှောင်ချောင်းက မနေနိုင်စွာဖြင့် အိုးရန်ရှိုး ၏ 'ခြံဝင်းက ဘယ်လိုတောင်နက်ရှိုင်း....' ဆိုတဲ့ ကဗျာစာကြောင်းကို တွေးမိလိုက်သည်။
ဒုတိယသခင်မကျိုးနေထိုင်သည့် အိမ်ဝင်းကို ရိုးရှင်းပြီး တင့်တယ်သောပုံစံဖြင့် အလှဆင်ထားသည်။ ဒါကြောင့်ပိုင်ရှင်(သခင်မကြီးကျိုး)မှာလည်း တည်တည်ငြိမ်ငြိမ်နှင့် ရိုးရှင်းတဲ့ လူတစ်ယောက်ဖြစ်ကြောင်း တွေ့မြင်နိုင်သည်။ အဓိက အခန်းအပြင်ဘက်တွင် ရပ်နေသည့် လိမ္မာပါးနပ်သော အစေခံမိန်းကလေးက သူမ၏သခင် မိန်းကလေးငယ်တစ်ဦးကို ဦးဆောင်ခေါ်လာတာကို မြင်တော့ ကန့်လန့်ကာ(ကလကာ)ကို အပြုံးလေးဖြင့် အမြန်ဆွဲဖွင့်လိုက်ပြီး ကြည်လင်ပြတ်သားတဲ့အသံဖြင့် ပြောလိုက်သည်။
"သခင်မကြီး မိန်းကလေးယွီ ရောက်လာပါပြီ! "
အတွင်းမှ နူးညံ့သိမ်မွေ့သောအသံဖြင့်
" ဒါဆို မြန်မြန်ဖိတ်ခေါ်လိုက်လေ! "
" သခင်လေး၊ မိန်းကလေးယွီ ! သခင်မကြီးက ဝင်လာပါတဲ့!.."
အစေခံမလေး၏ အပြုံးက အလွန်ချိုမြိန်လှသည်။ သူမက အနည်းငယ်စူးစမ်းတဲ့ အကြည့်ဖြင့် ယွီရှောင်ချောင်းကို တစ်ချက်ကြည့်လာပြီး ချက်ချင်းပင် အကြည့်လွှဲလိုက်သည်။
ကြင်ယာတော်မင်းသမီးကျင်းကို မကြာခဏ အဖော်ပြုပေးတတ်တဲ့ ယွီရှောင်ချောင်းက အခြေအနေကြီးများနဲ့ ကြုံတွေ့ဖူးသည်။ ထို့ကြောင့် သိပ်ပြီး သတိကြီးစွာ မပြုမူပေ။ သူမက နူးညံ့တဲ့အပြုံးဖြင့် အစေခံအား ခေါင်းညိတ်ပြလိုက်ပြီး တတိယသခင်လေးကျိုး နောက်မှ အခန်းထဲသို့ လိုက်သွားသည်။
အခန်းထဲတွင် လောင်ကျွမ်းနေတဲ့ မီးဖိုတစ်ခု ရှိတာကြောင့် သူတို့ ဝငျလာသည့ျအခါ နွေးထွေးတဲ့ခံစားမှုမျိုး ရလိုက်သည်။ အခုမှပဲ ယွီရှောင်ချောင်းက သူမ ပြန်လည်အသက်ဝင်လာပြီလို့ ပြန်လည်ခံစားလိုက်ရတော့သည်။ ဒီလောက်အေးတဲ့နေ့မှာ အပြင်မှာ နေရတဲ့ ခံစားချက်ကြီး သူမတကယ် ပြန်မခံစားချင်တော့ဘူး။
ဒုတိယသခင်မကျိုးသည် မှုန်နေအောင်လှတာမျိုး မဟုတ်သော်လည်း နူးညံ့ပြီး ကြင်နာတတ်ပုံပေါ်သည်။ သူမက ယွီရှောင်ချောင်းအား စိုးရိမ်အကြည့်နဲ့ မေးမြန်းလာသည်။
"သမီးလေး မင်း ချမ်းနေရောပေါ့? .. မီးဖိုနားကို နွေးသွားအောင် အမြန်လာ.. 
ယွီရှောင်ချောင်းက ဒုတိယသခင်မကျိုး အား ယဉ်ယဉ်ကျေးကျေးနဲ့ ဦးညွှတ် နှုတ်ဆက်လိုက်ပြီးနောက် မီးဖိုဘေးတွင် သဘာဝကျကျ ယဉ်ကျေးသိမ်မွေ့တဲ့ ပုံစံဖြင့် ထိုင်လိုက်သည်။ ဒုတိယသခင်မကျိုးက အနည်းငယ်တော့ အံ့သြသွားသည်။ ယွီဟူသော မျိုးရိုးအမည်နှင့် ဤမိန်းကလေးငယ်လေးက တံငါသည်မိသားစုမှ ဆင်းသက်လာသည်ဟုဆိုသည် မဟုတ်လား။ ဒါပေမယ့် သူမရဲ့ အပြောအဆိုနဲ့ အပြုအမူတွေက ဘာကြောင့်များ မြို့မှာရှိတဲ့ မျိုးရိုးမြင့်အမျိုးသမီးအချို့ထက်တောင် ပိုတည်ငြိမ်ပြီး ယဉ်ကျေးနေရတာပါလိမ့်...
ယွီရှောင်ချောင်းက လုံးဝ သက်သောင့်သက်သာရှိတဲ့ အပြုအမူဖြင့် ဒုတိယသခင်မကျိုးနဲ့ စကားစမြည်ပြောနေလိုက်သည်။
သခင်မကြီး ကျွန်မတို့ တောင်သူလယ်သမားတွေမှာ သားသားနားနား လက်ဆောင်တွေတော့မရှိပါဘူး.. ဒါပေမယ့် ဆောင်းရာသီမှာ လူတိုင်းက လတ်ဆတ်တဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်အချို့ စားလိုကြတယ်လေ.. အဲ့ဒါကျွန်မရဲ့မိသားစုက အသီးအရွက်တွေကို အနွေးကုတင် တွေပေါ်မှာ စိုက်ပျိုးဖို့ ကြိုးစားခဲ့တာ မထင်မှတ်ပဲအောင်မြင်သွားတယ်..နောက်ပြီး လွန်ခဲ့တဲ့နှစ်နှစ်တုန်းက တတိယသခင်လေးကျိုးကလည်း ကျွန်မတို့အပေါ် အရမျးကောငျးခဲ့တာဆျိုတော့ သခင်မကြီးနဲ့ တတိယသခင်လေးကျိုးတို့ မြည်းစမ်းကြည့်ဖို့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တချို့ ကျွန်မ လက်ဆောင်အဖြစ်ထုတ်လာခဲ့တယ်.."
တတိယသခင်လေးကျိုးက သူ့အမေရဲ့ဘေးခုံတွင်ထိုင်နေသည်။ သူက ခြင်းတောင်းကို ဖုံးထားတဲ့စောင်ကို ဖွင့်လိုက်ပြီး အထဲမှာ လတ်ဆတ်တဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကို ပြလိုက်သည်။
ဒုတိယသခင်မကြီးကျိုးက ထိုအရာကို ကြည်နူးစွာကြည့်လိုက်ပြီး အပြုံးလေးနဲ့ ဆိုလာသည်။
"ငါတို့က မင်းကို အရမ်းဂရုစိုက်တာလို့ မပြောရဲပါဘူး.. တကယ်တော့ ငါ့ရဲ့ရွှီးအာကို ကူညီခဲ့တာ မင်းတို့ယွီမိသားစုပါပဲ.. ဟင်းသီးဟင်းရွက်တွေက တော်တော်လတ်တာပဲနော်.. စားကောင်းမဲ့ ပုံပဲ.."
ဒါကိုကြားတော့ ဒုတိယသခင်မကြီးကျိုး၏ ကိုယ်ပိုင်အစေခံချိုးအာကလည်း အပြုံးလေးနှင့် ဆိုလာသည်။
"ကလေးယွီက အရမ်းစဉ်းစားတတ်တာပဲ.. ကျွန်မရဲ့ သခင်မကြီးက များသောအားဖြင့် သက်သတ်လွတ်ဟင်းလျာတွေကို နှစ်သက်တာ.. အဲ့ဒါကြောင့်ပဲ ဆောင်းရာသီက တစ်နှစ်တာရဲ့ အခက်ခဲဆုံးအချိန်ဖြစ်လာတာပေါ့.. ဆောင်းရာသီမှာ မုန်လာဥနဲ့ ဂေါ်ဖီထုပ်ကလွဲပြီး အခြားဟင်းသီးဟင်းရွက်တွေ မရှိဘူးလေ...ကျွန်မတို့ရဲ့ သခင်မကြီးက ဆောင်းရာသီရောက်တိုင်း တအားပိန်သွားတတ်တာ!.. ဒီဟင်းသီးဟင်းရွက်တွေနဲ့ဆို ကျွန်မတို့ရဲ့သခင်မကြီးက နေ့လည်စာအတွက် နောက်ထပ်ပန်းကန်တစ်လုံးတောင် စားနိုင်တော့မှာ..
ယွီရှောင်ချောင်းရဲ့ ပါးစပ်နားက ချစ်စရာကောင်းတဲ့ ပါးချိုင့်နှစ်ခုက ပေါ်လာတော့သည်။ ပြီးနောက် သူမရဲ့ကြီးမားတဲ့ မျက်လုံးတစ်စုံက ကွေးညွှတ်သွားပြီး
"သခင်မကြီးသာ စိတ်မရှိရင် စားကုန်ခါနီးကျရင် ကျွန်မ ဒီထက်ပိုပြီး ပို့ပေးနိုင်ပါတယ်.. "
ဒုတိယသခင်မကြီးကျိုးက ပြုံးကာပဲ ခပ်မြန်မြန်ပြောလာသည်။
" မင်းမိသားစုက အများကြီးမစိုက်နိုင်လောက်တာ သေချာသလောက်ပါပဲ.. ဒါကြောင့် နှစ်သစ်မှာ စားဖို့ လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်တွေကို မငျးတျို့မိသားစုအတှကျပဲ သိမ်းထားတာ ပိုကောင်းပါတယ်... "
သခင်မကြီး အရမ်းကြီးလည်း သူစိမ်းဆန်မနေပါနဲ့...ကျွန်မတို့မိသားစု စိုက်ပျိုးထားတဲ့ ဟင်းသီးဟင်းရွက်တွေကသခင်မကြီးရဲ့အိမ်မှာ ရှိတဲ့လူတိုင်းစားဖို့ လုံလောက်မယ်ဆိုတာ အာမ မခံနိုင်ပါဘူး.. ဒါပေမယ့် သခင်မကြီးနဲ့ တတိယသခင်လေးကျိုးတို့အတွက်တော့ လုံလောက်တာထက် ပိုပါတယ်.. "
ဒုတိယသခင်မကြီးကျိုးက တောင်ယာလုပ် မိန်းမငယ်လေးဖြစ်တဲ့ သူမအပေါ် အထင်မသေးဘဲ ဖော်ရွေစွာ ပြောဆိုလာတာကြောင့် ယွီရှောင်ချောင်းရဲ့ စိတ်နှလုံးသားမှာ လုံးဝ ပေါ့ပါးသက်သာသွားရတော့သည်။
တတိယသခင်လေးကျိုးကလည်း သူမအား ကူညီပြီးပြောပေးသည်။
အမေ ရှောင်ချောင်းက စကားနဲ့တင် လောကွတ်ပြုတတ်တဲ့သူမဟုတ်ဘူး... သူမက ကကျွန်တော်တို့ဆီကို ပို့မယ်လို့ပြောကတည်းက ပို့မှာ သေချာလို့ပဲ . ရှောင်ချောင်းကို အပြင်လူလို ဆက်ဆံဖို့မလိုပါဘူး.. ဒါက အရမ်းယဉ်ကျေးပျူငှာလွန်းတယ်!."
" ဒီကလေးကတော့လေ လုံးဝ ယဉ်ကျေးဘူး.. "
ဒုတိယသခင်မကြီးကျိုးက သူမသားကို ကြင်နာစွာ ငေးကြည့်ပြီး အကူအညီမဲ့စွာ ပြုံးပြလာသည်။
တတိယသခင်လေးကျိုးက ပျော်ရွှင်စွာဖြင့် ပြုံးဖြဲဖြဲ လုပ်ပြလိုက်ရင်း
အမေ! ရှောင်ချောင်းသာ လိုလာရင် ကျွန်တော်က သူနဲ့ ကျန်းကျိန်ထားတဲ့ မောင်နှမတွေ လုပ်မလို့... အမေလည်းကြင်နာတတ်တဲ့ သမီးလေးတစ်ယောက် မရှိလို့ ညည်းညူးနေတတ်တယ်မလား.. ရှောင်ချောင်းမှာ ခေါင်းကိုင်မိခင်တစ်ယောက် ရှိနေပြီဆိုတာကတော့ နှမြောစရာပဲ... "
" ဒီကလေးကတော့ မိန်းကလေးယွီက ဒါကိုသဘောတူသလားလို့တောင် မင်းမေးဖူးလို့လား.. ဒီလို ဆန္ဒရှိတဲ့စိတ်ကူးရှိဖို့ကိုလေ.. "
ဒုတိယသခင်မကြီးကျိုးကလည်း ဒီလိုနှိမ့်ချတတ်၊ မောက်မာတတ်တာတွေ မရှိတဲ့ ဒီယဉ်ကျေးတဲ့ ကလေးမလေးကို သဘောကျမိသည်။
ယွီရှောင်ချောင်း ခပ်မြန်မြန်ပဲ ပြုံးကာ ပြောလိုက်သည်။
"သခင်မ ကျွန်မကို 'ရှောင်ချောင်း' လို့ခေါ်လို့ရပါတယ်.. ကျွန်မတို့က မွေးစားဆွေမျိုးတွေ မဖြစ်ရင်တောင် ကျွန်မတို့မိသားစုကြား ဆက်ဆံရေးက ပြောင်းလဲမှာ မဟုတ်ပါဘူး.. 
သူတို့သုံးယောက် ဟာသပြောကာ ခဏတာမျှ ရယ်မောနေကြပြီး လေထုက အရမ်းနွေးထွေးလို့နေသည်။ မွန်းတည့်ချိန်တွင် ဒုတိယမသခင်မကြီးကျိုးက ယွီရှောင်ချောင်းအား နေ့လည်စာ စားသွားရန် တောင်းဆိုခဲ့သည်။ ဒါကြောင့် ယွီရှောင်ချောင်းလည်း သူမ၏ကျွမ်းကျင်မှုကို ပြသရင်း ' နုပ်နုပ်လှီးထားတဲ့ တို့ဖူးတစ်ထောင် '၊ ' ကြက်သွန်ဖြူနုပ်နုပ်လေးနဲ့ ကြာဇံတို့နှင့်ချက်ပြုတ်ထားတဲ့ ထိုင်ဝမ်မုန့်ညင်း '၊ ' ရနံမွှေးမှိုကင်'၊ ' ဟင်းသီးဟင်းရွက် သုံးမျိုးမွှေးကြော်' ၊ ကန်စွန်းဥယို နှင့် အခြားအရာ သက်သက်လွတ်ဟင်းလျာ တစ်ချို့ကို ချက်ပြုတ်ပေးလိုက်သည်။ ဒုတိယသခင်မကြီးကျိုးကတော့ ဟင်းလျာများအတွက် ချီးမွမ်းစကားဆိုလို့ မဆုံးတော့ပေ။
ခြင်းတောင်းထဲမှာ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေအပြင် အာလူးကျင်း တစ်ဆယ်ကျော်လောက်လည်း ပါသေးသည်။ ယွီရှောင်ချောင်းက ကျိုးမိသားစု၏ စားဖိုမှူးကို အာလူးချက်ပြုတ်နည်းများစွာကို သင်ပေးခဲ့သေးသည်။ ထို့ကြောင့် သက်သတ်လွတ်ဟင်းလျာများကို နှစ်သက်တဲ့ ဒုတိယ သခင်မကြီးကျိုးမှာ ဆောင်းရာသီတွင်သူမ စားနိုင်တဲ့ ဟင်းသီးဟင်းရွက်ဟင်းလျာများစွာ ရှိလာတော့သည်။
တတိယသခင်လေးကျိုးက အာလူးကနေ ရရှိမည့် စီးပွားရေးအခွင့်အလမ်းများကို တွေ့လိုက်ရသည်။ ရှောင်ချောင်းက နောက်နှစ်အတွက် အာလူးအများကြီး စိုက်ထားတယ်လို့ သူကြားဖူးသည်။ ဒါကြောင့် သူက သိသာစွာပဲ အရင်ဆုံး အာလူးအားလုံးကို ယူဖို့ မှာထားလိုက်သည်။ အာလူးတွေအတွက် ယွီရှောင်ချောင်းရဲ့ ချက်ပြုတ်နည်းများအားလုံးကို ဈေးနှုန်းမြင့်မြင့်နဲ့လည်း သူ ဝယျယူထားလိုကျသညျ။ လာမည့်နှစ်အတွက် ကျိန်ရှုံစားသောက်ဆိုင်ဝင်ငွေက အမြင့်ဆုံးရောက်တော့မှာလို့ သူ ယုံကြည်နေသည်။

သက်တန့်ရောင်မိန်းမပျို Book 2 (MMTranslation)Where stories live. Discover now