[Unicode]
အပိုင်း ၂၄၉ (အိမ်ရှေ့မင်းသား)
အမတ်လျိုက လိမ္မာပါးနပ်စွာ ဆက်၍ဆိုတယ်။
ဖရဲသီးတွေ ရောက်လာရင် ဒီက လူအိုကြီးကိုလည်း တစ်လုံးလောက် ပေးလို့ရမလား အထင်မလွဲပါနဲ့... ဒီလူအိုကြီးက စားချင်လို့တောင်းနေတာ မဟုတ်ပါဘူးဒါတွေက ဘယ်လိုလုပ်ပြီး ရာသီပေါ်ချိန် မဟုတ်သေးဘဲ သီးမှည့်နေကြလဲဆိုတာ သုတေသနလေး လုပ်ချင်လို့ပါ... အဲ့တာက မျိုးစိတ်သစ်များ ဖြစ်နေမလား
မေးခွန်းတွေတရစပ်မေးနေတဲ့ အမတ်လျိုကို ကျူးကျွင်းယန် စိတ်မရှည်တော့ဟန်။ သူ့ရဲ့ ကြည့်ကောင်းတဲ့ မျက်ခုံးတွေကို တွန့်ချိုးလိုက်ရင်း ထိုလူအား စိုက်ကြည့်လိုက်တယ်။
ဒီမေးခွန်းအားလုံးက ထန်ကူမြို့ရောက်မှ ယွီမိသားစုနဲ့ တွေရင် မေးသင့်တာ မဟုတ်ဘူးလား
ပြောပြီးသွားတာနဲ့ လှည့်ထွက်သွားတာမို့ သူ့ရဲ့ ကျယ်ပြန့် မြင့်မားတဲ့ ကျောတစ်စုံကိုသာ အမတ်လျို မြင်လိုက်ရတယ်။ ဒီအပြုအမူမျိုး တခြားတစ်ယောက်သာ ကြုံတွေ့ခဲ့ရရင် ထိုမင်းသားအပေါ် သေချာပေါက် မျက်မုန်းကျိုးကြလိမ့်မည်ပင်။ သို့သော်လည်း အမတ်လျိုကတော့ ကွဲပြားစွာ တုံ့ပြန်ခဲ့တယ်။ သူ သူ့ရဲ့ ဦးထုပ်ကိုသာ ပုတ်ရင်း တစ်စုံတစ်ခုကို ရုတ်တရတ် အမှတ်ရသွားသည့်နှယ် ကိုယ့်ဟာကိုယ်သာ တီးတိုး ရေရွတ်နေလိုက်တယ်။
ကျွန်တော်မျိုး တအား လောသွားတယ်! တော်ဝင်မင်းသားယန်ပြောတာ မှန်တယ်! ထန်ကူမြို့ရောက်ရင် အကုန်အစင် သိရမှာပဲ!!
လက်ဝဲတပ်မှူးချုပ်, အရာရှိတုကတော့ ဟားတိုက်ရယ်မောလျက် ပြောလာတယ်။
ဂုဏ်ယူပါတယ် အမတ်ကြီးလျို... နောက်ဆုံးတော့ ပြဿနာကြီးတစ်ခု ဖြေရှင်းနိုင်သွားပြီပဲ... ဒီညတော့ နည်းနည်းလောက် သွားသောက်ကြရအောင်ဗျာ!
နောက်နေ့မှပေါ့ဗျာ... ဒီလူအိုကြီးက စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ အိမ်ပြန်ပြီး စုဆောင်းလိုက်ဦးမယ်... အဲ့အချိန်ရောက်ရင် ယွီမိသားစုက ဒီလူအိုကြီးရဲ့ ပြဿနာတွေအတွက် အဖြေတစ်ခု ပေးနိုင်ကောင်းပါရဲ့! ဧကရာဇ်ပြောတာ တကယ် မှန်သကိုး ပညာရှင်အားလုံးက လူတွေကြားမှာ ပုန်းအောင်းနေကြတာပဲ