(Unicode) အခန်း ၃၄၁+၃၄၂

2.3K 234 1
                                    

အပိုင်း ၃၄၁ ဝမ်းကိုက်ရောဂါ?

ဒါကိုကြားတော့ ဧကရီက ချက်ချင်း ခွန်းတုံ့ပြန်လာတယ်။

"မိန်းကလေးငယ်..ငါစကားမှားသွားခဲ့တယ်..မင်း..မင်းက တကယ်ပဲ မင်းသားငယ်လေးရဲ့ ရောဂါကို ကုသပေးနိုင်တာလား? "

သူမသားလေးရဲ့ ရောဂါအတွက် စိုးရိမ်ကြောင့်ကြနေတာကြောင့် သမားတော်ကြီးတွေကို ရမ်းတန်းရှာဖွေနေခဲ့မိတယ် — တော်ဝင်သမားတော်တွေတောင် ဒီကုသမှုအတွက် အလေးအနက် ဆွေးနွေးခန်း ထုတ်နေကြချိန်မှာ ဆယ်နှစ်အရွယ်မိန်းကလေးတစ်ယောက်က သူမရဲ့ ကုသမှုအပေါ် ဘာကြောင့်များဒီလောက်တောင် ယုံကြည်ချက်တွေ ရှိနေရတာလဲ?

ဧကရာဇ်၏အသံက ရင်းနှီးသယောင်ရှိနေသော်ငြား ယွီရှောင်ချောင်းမှာ ခေါင်းကို မော့၍ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုဝံ့ခြင်းတော့ မရှိပါချေ။ သူမက ပွင့်ပွင့်လင်းလင်းသာ ဖြေကြားလာခဲ့တယ်။

"နိမ့်ကျတဲ့ကျွန်တော်မျိုးမက ဒီအဖြေကို ချက်ချင်းကောက်ချက်မချဝံ့ပါဘူး.. အခြေအနေကို သိရအောင် လူနာကိုအရင်ဆုံး ကြည့်ရပါလိမ့်မယ်..."

ဧကရီက သူမရဲ့မျက်ဝန်းထောင့်နားကို သုတ်လိုက်ပြီး ခေါင်းညိတ်ပြတယ်။

"ဒါဆိုရင် လုပ်စရာရှိတာ ဆက်လုပ်ပါ.. ကုသမယ့်လူတစ်ယောက်တိုးတော့ မျှော်လင့်ချက်တစ်ခုပိုတိုးတာပေါ့... အထိန်းတော်စူး, စားဖိုချောင်အစေခံတွေ အားလုံးကို စုပြီး သေသေချာချာ စစ်ဆေးထား! ဘယ်လူယုတ်မာက ငါ့သားတော်လေးကို အန္တရာယ်ပြုချင်ရတာလဲ?"

ကျူးကျွင်းဖန်ဟာ ဧကရီရဲ့ကျောကို အသာအယာပုတ်လျက် နှစ်သိမ့်ပေးနေပြီး နူးညံ့စွာ ဆိုလာတယ်။

"တော်ဝင်သမားတော်က ဒါဟာအဆိပ်သင့်တာလား အဖြေမထုတ်လာသေးဘူးမလား? စိတ်အေးအေးထားပါ.. သားတော်လေးကို အန္တရာယ်ပြုရဲတဲ့သူက ပြင်းပြင်းထန်ထန်ကို အပြစ်ပေးခံရမှာပါ!"

နန်းတော်အတွင်းရှိ အရာရှိအချို့က ကိုယ်လုပ်တော်တင်ကောက်ခြင်းနဲ့ ပတ်သက်ပြီး တင်ပြခဲ့ဖူးသော်လည်း သူက(ဧကရာဇ်) ထိုကိစ္စအား ရှောင်ဖယ်ဖို့ အကြောင်းအမျိုးမျိုး အသုံးပြုခဲ့တယ်။ သူ့ရဲ့ယခင်ဘဝမှာ သူ့အမေနှင့်အတူ နန်းတွင်းအရှုပ်တော်ပုံ ဒရမ်မာအချို့ လိုက်ကြည့်ဖူးတယ်။ မိန်းမသုံးယောက်နဲ့တင် ဒရမ်မာတစ်ကားပြီးဖို့ လုံလောက်တယ်။ ကိုယ်လုပ်တော်တွေ တိုးလာလေလေ ဒရမ်မာက များလာလေလေပဲ! ခုလို ကိုယ်လုပ်တော် နည်းနည်းပါးပါးပဲ ရှိထားတာတောင် သူတို့ရဲ့ရန်သတ်ပွဲတွေက သူ့ကို အတော်လေး ခေါင်းကိုက်စေနေပြီ။ ဆက်ပြီး ကိုယ်လုပ်တော် ထပ်ကောက်ရရင် သူ တကယ်ကို နန်းတော်ကနေ ထွက်ပြေးလိုက်မိမှာ။ မိန်းမတွေရဲ့ မနာလိုစိတ်နဲ့ မျက်နှာသာရဖို့ ဘာမဆို တိုက်ခိုက်ယူတတ်တဲ့ မာန်— ဒါကအတော်ကို ကြောက်ဖို့ကောင်းတယ်။

သက်တန့်ရောင်မိန်းမပျို Book 2 (MMTranslation)Where stories live. Discover now