အပိုင်း ၃၅၃+၃၅၄

2.7K 254 2
                                    

[Unicode]
အပိုင်း ၃၅၃ ဆိုင်ဖွင့်ရန်ပြင်ဆင်ခြင်း

ကျူးကျွင်းယန်ရဲ့ တင်ပြစာက ခုံရုံးတစ်ခုလုံးကိုလှုပ်လှုပ်ရှားရှား ဖြစ်သွားစေတယ်။ ဧကရာဇ်ပြန်လည်သုံးသပ်ပြီးသွားတဲ့ တင်ပြစာကို ပြန်ယူလိုက်ချိန် အမတ်လျိုရဲ့လက်တွေဆို တဆတ်ဆတ်နှင့်တုန်လို့။ သူက တင်ပြချက်ကို ထပ်ခါထပ်ခါ ပြန်ကြည့်နေတယ်။ အကောင်းစားစိုက်ပျိုးမြေက သီးနှံအထွက်နှုန်းက တစ်မူမှာ သုံးရာ့ရှစ်ဆယ်ကျင်းရပြီး အလတ်စား စိုက်ပျိုးမြေမှာတော့ လယ်တစ်မူကို ကျင်းသုံးရာ့သုံးဆယ်ရတယ်။ အညံ့စား စိုက်ပျိုးမြေကလယ်မှာလည်း တစ်မူကို နှစ်ရာ့ကိုးဆယ်ကျင်းတောင်ရတယ်။

အမတ်လျိုက မျက်ရည်တွေပါကျလျက်

" မင်းကြီး, ဒီအရာရှိအိုကြီးက အရည်အချင်း မပြည့်မီပါဘူး! နန်းတွင်းက လယ်မြေတွေအားလုံးက အကောင်းစားမြေယာတွေဖြစ်တာတောင် အထွက်နှုန်းက တစ်နှစ်မှ ကျင်းတစ်ရာ့ကိုးဆယ်ဝန်းကျင်ပဲရတယ်! ဒီယွီမိသားစုက တကယ်ကို တော်ကြတာပဲ! "

ကျူးကျွင်းဖန်က တော်ဝင်စစ်ဆေးရေးအမတ်ယန်ကို ကြည့်ကာ အပြုံးတုနဲ့ မေးလိုက်တယ်။

" ဘယ်လိုလဲ အမတ်ယန်? ခင်ဗျားတစ်ခုခုများ ပြောစရာရှိသေးလား? "

သူ့ရှေ့က သက်သေအထောက်အထားတွေကို ကြည့်ပြီး တော်ဝင်စစ်ဆေးရေး အမတ်ယန်က ယွီမိသားစုကို ဧကရာဇ် ဆုတော်ချီးမြှင့်မယ့်အကြံအား ဟန့်တားဖို့ အကြောင်းပြချက် ပျောက်ဆုံးနေရတယ်။ သူက တစ်ခဏလောက် စဉ်းစားလိုက်ပြီး ပြောတယ်။

" ဒီမှာပြထားတဲ့ အချက်အလက်တွေသာ အမှန်ဆိုရင် ဒီအရာရှိက စိတ်ရင်းနဲ့ကို အသိအမှတ်ပြုပါမယ်"

သူ့ပုံစံက တော်ဝင်မင်းသားယန်ပဲ ယွီမိသားစုကို ကူညီဖို့ အချက်အလက်အမှားတွေ လုပ်လာခဲ့သလိုကို ပြောနေတယ်။ မြို့တော်နဲ့ နန်းတွင်းအမှုထမ်းတွေအားလုံးက စိတ်ထဲကနေ ကြိတ်ပြီး ခေါင်းခါလိုက်ကြတယ်။ ဒီတော်ဝင်စစ်ဆေးရေး အမတ်ယန်က တကယ်ကို ကောင်းမွန်တဲ့ လူ့ကျင့်ဝတ်မရှိတာပဲ။ အခုလိုရှက်စရာအချိန်မှာတောင် သူက ဂုဏ်သိက္ခာဆယ်နိုင်ဖို့ ကြိုးစားနေတုန်း။

သက်တန့်ရောင်မိန်းမပျို Book 2 (MMTranslation)Nơi câu chuyện tồn tại. Hãy khám phá bây giờ