အပိုင်း ၂၇၃ (ကွာရှင်းပြတ်ဆဲခြင်း)

2.7K 289 0
                                    

[Unicode]

အပိုင်း ၂၇၃ (ကွာရှင်းပြတ်ဆဲခြင်း)

ယွီရှောင်ချောင်းက သရော်ပြုံးပြုံးပြီး ပြောလိုက်တယ်။

"လူတစ်ယောက်ဘဝက ပိုအရေးကြီးတာလား? စာလေ့လာဖို့က ပိုအရေးကြီးတာလား? ဦးလေး စာလေ့လာနိုင်ဖို့ကို အဘွားက သူ့အဖေရဲ့ဘဝကို ရောင်းခဲ့တယ်ဆိုတာသာ သူ့ဆရာတွေ အတန်းဖော်တွေ သိသွားရင်တော့လား..."

"ပေါက်ကရတွေ လျှောက်ပြောမနေစမ်းနဲ့! ကောင်မလေး ညည်းက ဖျက်လိုဖျက်စီးလုပ်နေတာပဲ! နင့်ဦးလေးက နင့်ကြောင့်ပဲ မြို့မှာနေလို့မရတော့တာ အခုလည်း သူ့ကို သိက္ခာချဖို့ လုပ်နေပြန်ပြီ ဘာပဲဖြစ်နေပါစေ သူက ဦးလေးအရင်းကြီးလေ! ညည်း လူရောဟုတ်သေးရဲ့လား?"

အဘွားကြီးကျန်းအတွက်တော့ သူမသားငယ်က သူမရဲ့အားနည်းချက်ပဲ။ ဒါကြောင့်မို့ သူ့အတွက်သာဆို လူတိုင်းနဲ့ ရန်ဖြစ်ဖို့ ဝန်လေးနေမှာမဟုတ်ဘူး။

ယွီရှောင်ချောင်းက သေးငယ်မှောင်မိုက်ပြီး လေဝင်ကာ ယိုယွင်းပျက်စီးနေတဲ့ အခန်းလေးထဲမှာ အထီးကျန်စွာသေဆုံးဖို့ စောင့်နေသလိုဖြစ်နေတဲ့ သူမအဖိုးရဲ့ပုံစံကို ပြန်တွေးမိသွားတယ်။ သူမက ဒေါသတွေ ပေါက်ကွဲလာပြီး

" ဦးလေးရဲ့ဂုဏ်သိက္ခာကို ဖျက်ဆီးနေတဲ့သူက ရှင်ပဲလေ! အဖိုးက ဒီမိသားစုအတွက် နှစ်နှစ်ဆယ်ကျော်ကြာအောင် နေ့တိုင်းမမောမပန်းနဲ့ အလုပ်ကြိုးစားခဲ့တာ ပြီးတော့ ရှင့်သားကြီးကို ကယ်ဖို့အတွက်တောင် ဖျားနာခဲ့ရသေးတယ်! အဲ့တာတောင် ရှင်က ဆေးကုသပေးဖို့ ငွေမသုံးချင်ဘူး ရောဂါအသေးလေးကနေ ပိုဆိုးရွားလာတော့ သူ့ကို ပျက်စီးနေတဲ့အိမ်မှာ ပစ်ထားခဲ့တယ် စားဖို့သောက်ဖို့လည်း မပေးတဲ့အပြင် သူ့အဝတ်အစားတွေ ညစ်ပတ်ပေရေနေတာတောင် လဲပေးဖို့ စိတ်ကူးမရှိကြဘူး! ကျွန်မအဖိုးက ရှင့်ယောကျာ်းပါ! ဒါတောင်ရှင်က သူသေသွားဖို့ မစောင့်နိုင်တော့ဘူးပေါ့? ရှင်က အကြင်နာကင်းပြီး နှလုံးသားမဲ့တဲ့ အမေမျိုးပဲ! ရှင့်သားကလည်း တစ်ချိန်ချိန်တော့ ရှင့်ကြောင့်နဲ့ နာမည်ပျက်မှာပဲ! "

ယွီရှောင်ချောင်းအသံက ပြတ်သားပြီး ရှင်းလင်းနေတယ်။ ယွီမိသားစုရဲ့ခြံဝင်းက ဝေးလံပြီး လူသူခေါင်းပါးတဲ့နေရာမှာ ရှိနေတာမဟုတ်ဘူးလေ။ အိမ်နီးချင်းတွေက ဆူဆူညံညံအသံတွေကြားတော့ သူတို့တွေက လည်ဆန့်ပြီး နားစွင့်နေကြတယ်။ သူတို့တွေက ယွီရှောင်ချောင်းရဲ့စကားတွေကိုကြားပြီး အဘွားကြီးကျန်းရဲ့အကြည့်တွေ ပြောင်းလဲလာတာကိုလည်း မြင်လိုက်ကြတယ်။ ဒီမိန်းမအိုကြီးက တော်တော်ရက်စက်တဲ့ဟာပဲ။ ယောကျာ်းကိုကုပေးဖို့ ငွေနှစ်လျန်သုံးဖို့ထက် သေသွားဖို့ပဲ မျှော်လင့်နေတယ်တဲ့။

သက်တန့်ရောင်မိန်းမပျို Book 2 (MMTranslation)Donde viven las historias. Descúbrelo ahora