အခန်း ၂၅၃ (ပင်လယ်သို့ထွက်ခြင်း)

2.7K 290 0
                                    

[Unicode]

အခန်း ၂၅၃ (ပင်လယ်သို့ထွက်ခြင်း)

သူမလက်ကောက်ဝတ်က ရောင်စုံကျောက်တုံးမှာ နူးညံ့တဲ့ ရွှေရောင်အလင်းတွေ ထွက်ပြီး ဂုဏ်ယူမော်ကြွားနေတဲ့ ရွှေရောင်ကြောင်လေးအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားတယ်။ အဲ့တာက အရေးမစိုက်တဲ့ပုံစံနဲ့

[မင်းအေးတာကိုကြောက်ရင် ဒီစွမ်းအားကြီးတဲ့ အံ့ဖွယ်ကျောက်တုံးကိုသာ လာရှာလိုက်! ဒီကျောက်တုံးက မင်းကိုပင်လယ်ရေနဲ့ မထိတွေ့ဘဲ ခွဲပေးထားနိုင်တယ်...မင်းမြန်မြန် ငါ့ကိုကျေးဇူးမတင်ဘူးလား]

ယွီရှောင်ချောင်းက ဒါကိုကြားတော့ ဘဝင်ခိုက်သွားတယ်။ သူမ ကသီနေစရာ မလိုတော့ဘူး။

'ကောက်ညှင်းဖက်ထုပ်လေး ဘုန်းကြီးလို့ အသက်ရှည်ပါစေ'

အံ့ဖွယ်ကျောက်တုံးလေးနဲ့ သူမက စိတ်ချင်းချိတ်ဆက်နေတယ်။ သူမဆီက အားတက်သရော ချီးကျူးသံကိုကြားတော့ ကျောက်တုံးလေးက အလွန် ကျေနပ်သွားတယ်။ ချက်ချင်းဆိုသလို ရောင်စုံကျောက်တုံးကနေ ရွှေရောင် ခပ်ဖျော့ဖျော့ အခိုးအငွေ့တွေ ထုတ်လွှတ်လာပြီး အဲ့ထဲမှာ ယွီရှောင်ချောင်းကို ဝန်းရံလိုက်တယ်။ ကံကောင်းလို့ တခြားလူတွေ မမြင်နိုင်တာပဲ တော်သေးတယ် မဟုတ်ရင် သူတို့တွေ ရွှေရောင်ပိုးမျှင်အိမ် အကြီးကြီးကို မြင်လိုက်ရတယ်ဆိုပြီး ထင်ကုန်ကြမှာ!

ယွီရှောင်ချောင်းက သူမခြေထောက်ကို ရေထဲ ထပ်ချကြည့်လိုက်တယ်။ အိုး ထင်တဲ့အတိုင်းပဲ အအေးဓာတ်ကို နည်းနည်းလေးမှတောင် မခံစားရတော့။ ခြေထောက်ကို ရေထဲက ထုတ်လိုက်တဲ့အခါမှာလည်း ခြေထောက်ပေါ်မှာ ရေတစ်စက်လေးတောင် မတင်နေဘူး။ ပျော်ရွှင်စွာနဲ့ ယွီရှောင်ချောင်းက သူမနှလုံးသားထဲမှာ အံ့ဖွယ်ကျောက်တုံးလေးကို အဆုံးမရှိ ချီးမွမ်းလိုက်မိတယ်။ အံ့ဖွယ်ကျောက်တုံးလေးကနေ ပြောင်းသွားတဲ့ ရွှေရောင်ကြောင်လေးက ပိုလို့တောင် မာန်တက်သွားလိုက်တာ ခေါင်းကကောင်းကင်ကို သွားဆောင့်တော့မတတ်ပဲ!

သက်တန့်ရောင်မိန်းမပျို Book 2 (MMTranslation)Where stories live. Discover now