*Unicode*
""ပြန်လိုက်ပို့ပေးလို့ကျေးဇူးပါ..Darling"
"မလိုဘူး...
အခုကစပြီးသူစိမ်းတေဖြစ်သွားပြီမို့
နောက်တွေ့ခဲ့ရင် မသိချင်ယောင်ဆောင်ပေး!"ရက်စက်တယ်Darlingရယ်
သူငယ်ချင်းအဖြစ်နဲ့ မိတ်ဆွေတစ်ယောက်အဖြစ်နဲ့တောင်
နေခွင့်မရှိတော့ဘူးလား။နှလုံးသားငိုကြွေးတဲ့အခါ
အသံတွေကသိသာစွာ တုန်တုန်ရီရီ
စကားလုံးတွေထစ်ငေါ့ကာထွက်ပေါ်ခဲ့သည်။"ဒါ..ဒါပေါ့..Darling သဘောအတိုင်း ဖြစ် ဖြစ်စေရပါမယ်"
"ကောင်းပြီ"
မိုးစက်တို့ကြား
ကားကိုတရှိန်ထိုးမောင်းသွားတဲ့
Darlingမျက်နှာထက် ခပ်ရေးရေးအပြုံးတို့ကို
မြင်ဖြစ်အောင်မြင်လိုက်ပါသည်။မင်းပျော်နေမှာပဲနော် Darling
မင်းနားမှာတွယ်ကပ်နေမဲ့ဒီကောင်ကြီး မရှိတော့မိုးရွာနေတာကောင်းတယ်ပြောရမလား
ဂျွန်မျက်ရည်ကျနေတာကိုဘယ်သူမှ
သတိထားမိမှာမဟုတ်တော့ဘူး
ဂျွန့်မျက်ရည်နဲ့ မိုးရည်တို့ပေါင်းဆက်ကာ
မြေပြင်ပေါ်သို့ကျဆင်းနေသည်။လျှပ်စီးလျပ်နေသောကောင်းကင်
မိုးချိုန်းသံတို့ကြား ခေါင်းမော့ကာ
မိုးရည်စက်တို့ မျက်နှာထက်လာရိုက်ခတ်ခြင်းကို
ခံယူနေတဲ့ကောင်လေးဟာ အချစ်ကြောင့်ပူလောင်နေတဲ့
နှလုံးသားကိုအနဲငယ်သက်သာစေရန်
ရည်ရွယ်ပေမဲ့အချည်းနှီးတွေပဲ ဖြစ်နေသည်။ငါလေ ငါက ငါမင်းကို သိပ်ချစ်တာDarlingရယ်..ဟင့်!
***
"ဟက်ချိုး...အဟွတ်!ဟွတ်!"
မိုးရည်ထဲနေတာကြာသွားလို့
ခန္ဓာကိုယ်ကဆန္ဒပြချင်နေပြီ။
မိသားစုဝင်မရှိတော့
ကိုယ်ကိုယ်တိုင်မှ ကိုယ့်ကိုယ်ကိုဂရုမစိုက်ရင်
သေသွားနိုင်သည်မဟုတ်လား။
ဟက်!..သေသွားလဲတစ်မျိုးကောင်းတာပေါ့ခက်တာကသူသေရင်တောင် ငိုပေးမဲ့သူကတစ်ယောက်ပင်မရှိ။
ဂျွန်ဂျောင်ဂုဆိုတဲ့ငါ့ရဲ့သေခြင်းရှင်ခြင်းက
လောကကြီးအတွက်အမှိုက်သာသာပဲ။
မိဘမဲ့တစ်ကောင်ကြွက်ဆိုတော့လဲ
အသက်ရှင်နေရင်လဲ
ဘယ်သူ့အတွက်မှအသုံးမဝင်သလို
သေသွားရင်လဲ ဘယ်သူကမှအရေးတယူလုပ်ပြီး
ဝမ်းနည်းကြမှာမဟုတ်ဘူး..ဟဟ။
YOU ARE READING
Sour Candy (Complete)
Fanfictionဝဋ်ဆိုတာနာတက်တဲ့အမျိုးပေမို့ ကိုယ့်ထံလည်လာတဲ့အခါ တကယ့်ကိုလှလှပပလေး~ #vkook