part 3💔

4.2K 348 23
                                    

*Unicode*

*မင်းသိပ်လှတယ်*
*ကိုယ်တို့တွဲကြမလား*
*မင်းနှုတ်ခမ်းကချိုတယ်
ကိုယ်ပိုင်ဆိုင်ခွင့် ရှိမလား*

*ကိုယ်လက်ထက်ရမဲ့ ဘဝလက်တွဲဖော်ကဒေစီယာ
မင်းမဟုတ်ဘူးကူးငယ်*
*ကိုယ်မနေ့ညက ဒေစီနဲ့အတူနေဖြစ်တယ်
ဂျောင်ဂု*
*မင်းမငိုနဲ့ မင်းမျက်ရည်တွေကိုငါမုန်းတယ်*
*မင်းကအရမ်းပျော့ညံ့တယ်  စိတ်ပြတ်ဖို့ကောင်းလိုက်တာ*
*မင်းအဲ့လိုခလေးဆန်နေလို့ ငါငြီးငွေ့လာတာ*
*ဒေစီကမင်းထက်အများကြီးသာတယ်ဂျောင်ဂု
အဓိကက စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ*
*ငါကမင်းလိုဘာမဟုတ်တဲ့လူအတွက် အချိန်မရှိဘူး!*

*ဂျွန်ဂျောင်ကူး...ကိုယ့်အချစ်ကစိတ်ဆိုးနေတာလား*
*မင်းကချစ်ဖို့ကောင်းလွန်းတာပဲ...ဒါမဲ့ငါမကြိုက်ဘူး*
*ကိုယ်တို့ဒိတ်ကြည့်ကြမလား*
*ကိုယ်ဒေစီနဲ့ အတူနေတာ
အထူးအဆန်းမဟုတ်ပဲဘာလို့ငိုရပြန်တာလဲ!..ကျစ်*

*လမ်းခွဲရအောင်!
ဘာမဟုတ်တာလေးကိုခံစားချက်လိုက်ထားနေတဲ့မင်းက
စိတ်ပြတ်စရာကြီး*
*မင်းပုံစံနဲ့ငါတို့ရှေ့ဆက်ဖို့မဖြစ်ဘူး*
*ဟက်! မင်းကိုမှမဟုတ်ဘူး
ကိုယ်တွဲဖူးသမျှလူတိုင်းကိုမချစ်ခဲ့ဘူး
ဒီတိုင်း အပျော်လိုက်ရှာယုံ*

*မင်းနဲ့လမ်းခွဲဖြစ်ရင်
ကောင်းကောင်းမွန်မွန်လမ်းခွဲပေးမယ်ထင်ခဲ့တာ
မင်းလဲဘာထူးလဲ အရင်လူတေအတိုင်းပဲကို*
*သူစိမ်းတေဖြစ်သွားပြီဆိုတော့လမ်းတွေ့ရင်
မပတ်သတ်ဖူးတဲ့လူလို့သဘောထားပြီး
မမြင်ချင်ယောင်ဆောင်ပေးပါ*

ထိုစကားသံတွေသာနားထဲပဲ့တင်ထပ်နေကာ
အဆုံးမဲ့ချောက်နက်ထဲ
လစ်ဟာနေသောရင်ဘတ်တစ်နေရာကြောင့်
ဝမ်းနည်းမှု!အထီးကျန်မှုတို့ဖြင့်
Darlingဆိုတဲ့လူသားထံ ဒူးထောက်တောင်းပန်ချင်ပါဘိ။

အက်ကွဲနေတဲ့နှလုံးသားက
အချစ်မရှိတဲ့လူသားအပေါ်ခုံမင်နေမိကြတာ
သဘာဝလား။
ကိုယ်အတွက်မဟုတ်မှန်းသိတဲ့
ထိုလူသားကိုသိသိရက်နဲ့ဆွဲထားချင်သား။

ထားသွားမယ်ဆိုရင်အစထဲက
အေးချမ်းနေတဲ့ကျွန်တော့်ဘဝထဲကိုမဝင်လာပါနဲ့လား
ထွက်သွားမယ်ဆိုရင်တောင်
ဂျွန့်ဘဝထဲကအပြီးထွက်သွားပါရောလား!
နှလုံးသားနဲ့အတွေးတွေထဲမှာနေထိုင်ပြီး
ဒီလူကိုနာကျင်အောင်လုပ်နေတာ တော်တော်မှပျော်ရဲ့လား

Sour Candy (Complete) Where stories live. Discover now