*Unicode*
အုံ့အုံ့မှိုင်းမှိုင်းရာသီဥတုလေးက
နေလို့သိပ်ကောင်းသော်ငှားလည်း
အဆွေးကိုဓာတ်တည်ထားသလိုပင်။
သစ်ပင်တို့ယိမ်းနွှဲ့ရု့မျှတိုက်ခတ်နေတဲ့
လေပြည်နုသွေးတို့ကြား
မိုးမွှားမှုန်မှုန်တို့ကပ်တွယ်လာသည်ကား
ပါးနုနုထက်ရိုက်ခက်မှုကြောင့် အတပ်သိလိုက်သည်။တက်ကြွသည့်ခြေလှမ်းတို့က နီးစပ်ရာဆိုင်မှာ
ကော်ဖီတစ်ခွက်ဝင်ဝယ်ပြီး
ခပ်မှိုင်းမှိုင်းအရောင်တို့သုံးထားတဲ့ စာအုပ်ဆိုင်လေးသို့။အညိုရောင်တံခါးအား ဆွဲဖွင့်လိုက်တော့
ချိတ်ဆွဲထားတဲ့ ချူလုံးလေးတို့ကတချွင်ချွင်။
ထိုအသံလေးကသူ့အား ပြုံးစေသည်အထိ
အေးချမ်းခြင်းကိုဆောင်ကျဥ်းပေးသည်။
ဒီနေ့လူသိပ်မရှိတာကြောင့်
ဂျောင်ဂုကီးတကယ်သဘောကျသွားရပြန်သည်။သူဝင်လာတာမြင်သည်နှင့်
အပြုံးတစ်ပွင့်ဖြင့်ဆီးကြိုသည့် ဆိုင်ပိုင်ရှင်အကိုကြောင့်
ဂျောင်ဂုကီးစိတ်ထဲနွေးခနဲ။"ဂျွန်ရောက်လာပြီပဲ...
ကိုယ်ကမင်းကိုမျှော်နေတာ
ပျောက်ချက်သားကောင်းနေတယ်နော်""ဟုတ်ပါ့ဗျာ
ကိုယ်ရေးကိုယ်တာကိစ္စတွေကြောင့် မလာဖြစ်တာ
မျှော်နေတယ်ဆိုတော့ကား အသစ်တေထက်ရောက်နေတာလား""ဂျွန့်အကြိုက်အချစ်ဒဿနစာအုပ်တေရောက်နေပြီ."
"ဟဟ...ဒီနေ့တော့ အပီဖတ်ပစ်မယ်"
အဖြူရောင်အင်္ကျီပါးလွှာလွှာလေးနှင့်
pant အနက်ကိုတွဲဖက်ဝတ်ဆင်ထားပြီး
နားအောက်အနဲငယ်ရောက်သည်ထိရှည်နေသော
ဆံနွယ်တစ်ချို့ကို နားနောက်သပ်တင်ထားသည့်ပုံမှာ
ရိုးရိုးရှင်းရှင်းလေးဆိုသော်ငှား
မြင်သူတိုင်းလည်ပြန်ငေးရအောင်ထိ သိပ်လှနေခဲ့သည်အမှန်။အပြုံးတစ်ပွင့်ဖြင့်တောက်ပနေတဲ့
ထိုကောင်လေးကိုသာ လူတွေမြင်ရတာ။
ဒဏ်ရာတေအထပ်ထပ်ဖြင့် စုတ်ပြတ်နေတဲ့ ရင်အစုံကိုတော့
မည်သူမှမြင်မည်မထင်။
မြင်အောင်လည်းထုတ်ပြနိုင်ပါ။
Darling ကိုမကောင်းတဲ့လူလို့ထင်သွားမှာမလိုလားဘူး။
YOU ARE READING
Sour Candy (Complete)
Fanficဝဋ်ဆိုတာနာတက်တဲ့အမျိုးပေမို့ ကိုယ့်ထံလည်လာတဲ့အခါ တကယ့်ကိုလှလှပပလေး~ #vkook