*Unicode*
တသုန်သုန်တိုက်ခတ်လာတဲ့ လေရူးများက
ရယ်သံသဲ့သဲ့လေးကို သယ်ဆောင်လာခဲ့သည်။
ဖြတ်သွားဖြတ်လာလူများက ကွက်ကြည့်ကွက်ကြည့်ဖြင့်။လူတွေများကိုယ့်စောက်ကြောင်းမဟုတ်ပဲ
သိပ်စပ်စုကြတာပဲ။ခေါင်းငုံ့ကာ တခြားသို့အကြည့်လွဲရင်း
တသွင်သွင်တောင်းပန်နေသည့်မျက်စိရှေ့က
လူသားကဂျွန့်မျက်ရည်တွေမတွေ့ပါဘူး။
တပေါက်ပေါက်ယိုဖိတ်နေတဲ့
နှလုံးကနာကျင်မှုဒဏ်က မျက်ရည်အဖြစ်
လိမ့်ဆင်းနေခြင်းကို။ချစ်မိတော့လည်း
နာကျင်ရတာသဘာဝတရားပဲဖြစ်နေတော့တာလား။"တောင်းပန်ပါတယ်...ကိုယ်တောင်းပန်ပါတယ်ကူးငယ်"
"ဘာကိုတောင်းပန်ရတာလဲ Darling"
နီဆွေးဆွေးဖြင့်တည်ငြိမ်မှုမရှိသော
ထယ်ယောင်းမျက်ဝန်းအိမ်အား
မှိုင်ထွေထွေစိုက်ကြည့်ရင်း
အမေးသတ်လိုက်သည့် ဂျွန််အသံဟာ အက်ကွဲ၍နေသည်။လေအေးတိုးဝေ့ခြင်းနဲ့အတူ
Darling ဂျွန့်အနားတိုးလာခဲ့သည်။
ဂျွန့်ပါးပြင်ထက်က မျက်ရည်စီးကြောင်းကို
အပြစ်မဆိုပဲဖွဖွလေးသုတ်ပေးလာပြီး
ဝဲကျနေသည့် ဆံနွယ်နုနုအား
နားနောက်အသာပို့ရင်း သေသပ်သပ်နှုတ်ခမ်းပါးမှ
ဩရှရှအသံဟာ အထစ်ထစ်အငေါ့ငေါ့။"ကိုယ်...ကိုယ်ဒေစီနဲ့အိမ်ထောင်ပြု..ပြု"
"အွန်း သိပြီ သိပြီ...ငါသိပြီမို့ဆက်မပြောနဲ့တော့"
နည်းနည်းလေးတောင်ဟန်ဆောင်ပြီး
ဂျွန့်ကိုမရွေးချယ်ခဲ့ဘူး။ အမြဲလိုလို
ဘယ်တော့မှ ဘယ်သောအခါကမှ Darling ဟာ
ကူးငယ်ကိုမရွေးချယ်ခဲ့ပါဘူး။
ဘယ်မှာလဲ မင်းပြောတဲ့ချစ်ချင်တယ်ဆိုတဲ့ စိတ်ဆန္ဒ!ငါ့ချစ်ခြင်းကကြီးမားလွန်းလို့ထင်တယ်
မင်းနဲ့မထိုက်တန်ဘူး! အထက်ထပ်အခါခါ
စော်ကားခံရတဲ့ ချစ်ခြင်းတွေကလည်း
ထပ်ချစ်နိုင်စွမ်းမဲ့လောက်တဲ့အထိ ပင်ပန်းနေပြီ။"ကိုယ့်ကိုမချစ်ပါတော့နဲ့..."
မင်းကိုငိုအောင်ပဲစွမ်းဆောင်နိုင်တဲ့
ဒီကောင့်ကိုမချစ်ပါတော့နဲ့။
ပျော်အောင်ထားပါ့မယ် ပြောပြီး
မျက်ရည်ကျအောင်လုပ်နေမိတဲ့
ကိုယ်ကမင်းကိုသိပ်သဘောကျလွန်းလို့
အနားမှာထားချင်ခဲ့တာ
တကယ်တမ်းအတ္တကြီးနေခဲ့တာကိုယ်ပါ။
YOU ARE READING
Sour Candy (Complete)
Fanfictionဝဋ်ဆိုတာနာတက်တဲ့အမျိုးပေမို့ ကိုယ့်ထံလည်လာတဲ့အခါ တကယ့်ကိုလှလှပပလေး~ #vkook