part 28💔

3.4K 274 55
                                    

*Unicode*

ကုတင်ထက်အသက်ရှူမှန်မှန် ငြိမ်သက်စွာအိပ်မောကျနေသည့် ကူး။ သူလေ ဒီသက်ရှိလေးကိုမျက်စိရှေ့မှောက်မြင်နေရပါလျက် လွမ်းနေတဲ့ခံစားချက်ကြီးကအတိုင်းထက်အလွန်။ ညနေစောင်းနေရောင်ဖျဖျ အနည်းငယ်ကကူးခန္ဓာထက်ဖြာကျနေတဲ့အခါ ခပ်ရမ်းရမ်းအဝတ်အစားနဲ့ ကူးဟာသိပ်လှပါသည်။

မြတ်နိုးလိုက်တာ ချစ်လိုက်ရတာကူးရယ်...မင်းကိုထိတွေ့ဖို့တောင် ဒီကောင်နဲ့တန်ပါ့မလား စိုးရိမ်နေမိတယ်။ ဆံနွယ်ဖျဖျတို့အားသပ်တင်ပေးရင်း နဖူးပြင်လေးအား နှုတ်ခမ်းဖြင့်ခပ်ဖွဖွဖိကပ်မိသည်။ မျက်တောင်စိတ်စိတ်လေးတွေ နှာတံလုံးလုံးလေးရယ် ပြီးတော့နှုတ်ခမ်းကောက်ကမှည့်နက်လေး ဘယ်လောက်ထိတောင်အောက်မေ့ခဲ့ရလဲ ကိုယ်သာအသိ။ လက်ချောင်းထွေးထွေးလေးတွေအား ဆုတ်ကိုင်ကာ တက်တူးခပ်နက်နက်တို့ပြည့်နေသည့် လက်ဖမိုးအား နမ်းရှိုက်မိပြန်သည်။ လက်မောင်းတစ်လျှောက်က အရုပ်တွေအားထယ်ယောင်းတစ်ခုခြင်းစီထိတွေ့ရင်း မျောဆဲ။

အရင်ကကူးငယ်က သေးသွယ်သွယ်လေးဆို အခုကူးငယ်က ထယ်ယောင်းအမြင်ကြီးထွားနေတာမဟုတ်ပဲ ခပ်ကစ်ကစ်နဲ့လုံးလုံးလေး...ပါးဖောင်းဖောင်းတွေပျောက်နေတာကလွဲရင်ပေါ့။

အိပ်ရာတစ်ဖက်ဘေးဝင်လှဲကာ ကူးငယ်ရဲ့ခေါင်းလုံးလုံးအောက် လက်လျိုသွင်း၍ ခပ်ဆွေးဆွေးမျက်ဝန်းတွေက မြတ်နိုးမှုအပေါင်းခညောင်းကာ တရိပ်ရိပ်ကြည့်နေလိုက်သည်။ ကြည့်လေလွမ်းလေအချစ်ပိုရလေ...ကိုယ့်ကိုမမှတ်မိတော့ရင်တောင် ကိုယ့်ကိုတော့အရင်လိုပြန်ချစ်ပေးမယ်မဟုတ်လား။

ယောင်ရမ်းကာရင်ခွင်ထဲတိုးဝင်လာသည့် နှလုံးသားငယ်ငယ်ကြောင့် ထယ်ယောင်းပြုံးမိပြန်သည်။ အံ့ဝင်ခွင်ကျစေရန် ကူးအားရင်ခွင်ထဲအနည်းငယ်ဆွဲသွင်းပစ်လိုက်သည်။

"ဒီရင်ခွင်ကမင်းကိုယ်ငွေ့ကို လွမ်းနေခဲ့တာနှစ်တွေအတော်ကြာပြီ ကိုယ့် Honey ရယ် "

ဆံနွယ်တွေအားနမ်းရှုံ့ကာ ထယ်ယောင်းသည်ကူးဆိုတဲ့သက်ရှိလေးကို အနူးညံ့ဆုံးအထိအတွေ့ အညင်သာဆုံးနမ်းရှိုက်ခြင်းတွေနဲ့ နယူးယောက်ခ်ရဲ့ညနေခင်းအား အလှဆုံးပုံဖော်ပစ်လိုက်သည်။

Sour Candy [Complete]Where stories live. Discover now