part 11💔

2.8K 251 67
                                    

*Unicode *

9လပိုင်း 2ရက်နေ့။
7ရက်ပြည့်ရန် 6ရက်အလို (ပထမဆုံးသောနေ့)







"မင်းငါ့ကို မချစ်နဲ့ Darling"

"ချစ်ဖို့လဲစိတ်ကူးမရှိပါဘူး ဟက်။"

နက်ဆွေးစွာဝတ်ထားတဲ့ ကောင်လေးက
အပြုံးသဲ့သဲ့လေးနှင့်ဆိုသော်ငြား
ချစ်ရသူစကားသံအဆုံး အက်ကွဲစွာအော်ရယ်မိပြန်သည်။

"ဟားးဟားးး အဲ့တာအကောင်းဆုံးပဲ....."

အတန်ကြာသည်အထိ တိတ်ဆိတ်သွားကာ
တစ်ယောက်ကိုတစ်ယောက်စိုက်ကြည့်နေမိကြသည်။
နာကျင်မှု မြတ်နိုးမှု ချစ်ခြင်းမေတ္တာတရားတို့
ပြည့်နက်စွာ ထယ်ယောင်းအားကြည့်နေသော
ဂျောင်ဂု၏မျက်ဝန်းများက အရင်ကလို
ကြည်လင်လန်းဆန်းမနေဘဲ ဆွေးမြည့်လွန်းသည့်
ခပ်ဆွေးဆွေးရယ်သာ။

ထယ်ယောင်းသည်တော့ မနှစ်မြို့သော
မျက်ဝန်းများဖြင့် စက်ဆုတ်စွာကြည့်လို့နေသည်။

အော်.....ဘဝ ဘယ်နေရာက ဘယ်လိုစမှားခဲ့လို့
မြတ်နိုးရတဲ့လူသားက သေတော့မည့်ဒီလူကို
မုန်းတီးနေရသလဲ။ နာလိုက်တာမှ မျက်ရည်ထွက်ဖို့ပင်
မေ့လျော့သည်အထိ။

အေးစက်ဆိတ်ငြိမ်နေသောလေထုကိုဖြိုခွဲလိုက်သူကား သူ.....။

"ငါတို့ Namsan Tower သွားရအောင် "

"မင်းအခုပုံစံနဲ့ သွားချင်သေးတာလား"

ခန္ဓာကိုယ်လူမမြင်အပ်သောနေရာသာမက
မြင်အပ်သောနေရာပါမကျန်
ကိုက်အရာအကွင်းလိုက်ဟာ
ခရမ်းရောင်အသွင်သို့ကူးပြောင်းနေလေပြီ။
ထိုအရာတွေမှ တစ်ဆစ်ဆစ်သော ကိုက်ခဲကာ
စပ်ဖျင်းဖျင်း ခံစားရသောဝေသနာဟာခံရခက်လွန်းသည်။
ခြေလှမ်းတစ်လှမ်းတိုင်း
နင့်နေအောင်နာကျင်သည်ကိုလည်း
အသည်းခိုက်အောင်ခံစားရတယ် Darling ရယ်။

တစ်ရက်ဆိုတစ်ရက်
တစ်စက္ကန့်ဆိုတစ်စက္ကန့် အချိန်အလွတ်မခံပဲ
မင်းနဲ့ငါအမှတ်တရတေဖန်တီးထားမှဖြစ်မှာ။

Sour Candy (Complete) Where stories live. Discover now